ကြတ္ခုိုင္ႏွင့္ နမ့္ဖက္ကာရြာအနီးထိ လမ္းပိတ္ဆို႔ေနမႈအား ယာဥ္ထိန္းမ်ား ရွင္းလင္းေန

ကြတ္ခုိုင္ႏွင့္ နမ့္ဖက္ကာရြာအနီးထိ လမ္းပိတ္ဆို႔ေနမႈအား ယာဥ္ထိန္းမ်ား ရွင္းလင္းေန
ဒီဇင်ဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ဒီဇင္ဘာလ ၂၁ ရက္ ညပိုင္းမွ စတင္၍  ကြတ္ခိုင္ၿမိဳ႕ တိုးဂိတ္အလြန္မွ စတင္ကာ နမ့္ဖက္ကာရြာ အနီးထိ လမ္းပိတ္ဆို႔မႈျဖစ္ပြားေနသျဖင့္ လက္ရွိတြင္ သက္ဆိုင္ရာေဒသမ်ားမွ ယာဥ္ထိန္းအရာရွိမ်ားလည္း သြားေရာက္ရွင္းလင္းေနၿပီျဖစ္ေၾကာင္း သိရွိရသည္။

“ခါတိုင္းနယ္ေျမေအးခ်မ္းတုန္းကေတာ့ ဒီလိုပိတ္ဆို႔မႈမ်ိဳးျဖစ္ရင္ ယာဥ္ထိန္းအရာရွိေတြက လမ္းတစ္ေလ်ွာက္ ေနရာေတြမွာ ညအိပ္ေစာင့္ၿပီး ရွင္းလင္းေပးလို႔ လမ္းပိတ္လည္း ခဏပဲ။ အခုေတာ့ မအိပ္ရဲဘူးေလ။ လံုၿခံဳမႈအျပည့္ ေပးႏိုင္ရင္ လမ္းရွင္းပါတယ္“ဟု ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ လမ္းပိတ္ဆို႔မႈျဖစ္ေပၚေနသည့္ေနရာမွ ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။

အဆိုပါ လမ္းတြင္ ဒီဇင္ဘာ ၂၁ ရက္ေန႔ကတည္းက ထြက္လာသည့္ ကုန္တင္ကားမ်ား ခရီးသည္ တင္ကားမ်ားလည္း ညအိပ္ရပ္နားထားရကာ ကြတ္ခိုင္ၿမိဳ့ႏွင့္ နမ့္ဖတ္ကာရြာၾကားတြင္ ပိတ္ဆို႔မႈအဆိုးဆံုး ျဖစ္ေပၚေနၿပီး ယာဥ္ႀကီး ၂ ထပ္ ယာဥ္ငယ္ ၃ ထပ္ အထိ( ယာဥ္ ၅ ထပ္)ပိတ္ဆို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ေရွာင္လမ္းတစ္ေၾကာလံုးမွာေတာ့ ယာဥ္ေတြ မပိတ္ဆို႔ေအာင္ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ လိုက္ၿပီးေတာ့ ရွင္းလင္းေပးတာမ်ိဳးေတြ လုပ္ထားပါတယ္။ အတက္ေရာ အဆင္းေရာအဆင္ေျပေအာင္လို႔ လိုက္လုပ္ေပး ေနပါတယ္ခင္ဗ်။ အေပၚဖက္(မန္လြယ္ဘက္) ယာဥ္ထိန္းရဲေတြမရွိတဲ့ေနရာမ်ိဳးမွာေတာ့ အဲဒီလိုေလးေတြျဖစ္တတ္ ပါတယ္။ အရင္တုန္းက ဒီေလာက္ဆိုးဆိုးဝါးဝါးမပိတ္ဆို႔ဖူးပါဘူး။ ဒါေပမဲ့ အခုလည္း သက္ဆိုင္ရာ နယ္ေျမအလိုက္ လမ္းတေလ်ွာက္လံုးကို လိုက္ၿပီးရွင္းလင္းေပးေနပါတယ္ “ဟု လားရိႈးၿမိဳ႕ယာဥ္ထိန္းရံုးမွ တပ္ၾကပ္ မ်ိဳးမင္းေအာင္ က ေျပာသည္။

ညအိပ္ရွင္းလင္းေပးသည့္ အခ်ိန္မ်ိဳးတြင္ ရဲအရာရွိမ်ား တပ္လိုင္းကင္းမ်ား ပါဝင္ကူညီ၍ လံုၿခံဳေရး ေဆာင္ရြက္ ေပးေၾကာင္းႏွင့္ နယ္ေျမအလိုက္ တတ္ႏိုင္သမ်ွ လိုက္လံရွင္းလင္းေပးေနၿပီး ယာဥ္ေမာင္းမ်ား အေနျဖင့္လည္း စည္းကမ္းတက်ေမာင္းႏွင္ရန္ အတင္းေက်ာ္တက္ျခင္းမ်ား မျပဳလုပ္ရန္လည္း လိုအပ္ေၾကာင္း ၎က ေျပာသည္။

“ယာဥ္ထိန္းေတြ အေနနဲ႔ကလည္း ရဲေတြဘာေတြရွိတဲ့ေနရာေတြမွာပဲ ညအိပ္ေစာင့္ၿပီး ရွင္းလင္းေပးႏိုင္မွာေလ။ ရဲကလက္နက္ရွိေတာ့ ကာကြယ္လို႔ရတယ္။ ယာဥ္ထိန္းက ဓါတ္မီးပဲရွိတာ။ မီးထိုးၿပီး ေျပးရဖို႔ပဲရွိတယ္။ လမ္းပိတ္တာက အတက္ကားေတြ အမ်ားအျပားတက္လာတာနဲ႔ ဇြတ္ေက်ာ္တက္တာေတြေၾကာင့္ အဓိကပဲ အမွန္ဆို အခ်င္းခ်င္းနားလည္မႈေလးနဲ႔ သြားၾကတာ ပိုအဆင္ေျပမယ္ထင္တယ္” ဟု ျပည္ေထာင္စုလမ္းမႀကီးတြင္ သြားလာေနသည့္ ယာဥ္ေမာင္းတစ္ဦးက အႀကံျပဳသည္။

ယာဥ္အစီးေရ အေျမာက္အမ်ား တစ္ၿပိဳင္တည္း အတက္အဆင္းျပဳလုပ္ျခင္းႏွင့္ စည္းကမ္းမလိုက္နာဘဲ အတင္းေက်ာ္တက္ျခင္းမ်ားအပါအဝင္ အခ်ိဳ႕လမ္းပိုင္းေနရာမ်ားတြင္ ျပဳျပင္ခ်ဲ့ထြင္မႈမ်ား မၿပီးေသးသည့္ ေနရာမ်ားတြင္ လမ္းက်ဥ္းေျမာင္းျခင္းမ်ားေၾကာင့္ နားလည္မႈမ်ားႏွင့္ ခရီးသြားေစလို ေမာင္းႏွင္ေစလိုေၾကာင္း လမ္းအသံုးျပဳသူ အခ်ိဳ႕က အႀကံျပဳသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေနမ်ဳိး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းမှ စတင်၍ ကွတ်ခိုင်မြို့ တိုးဂိတ်အလွန်မှ စတင်ကာ နမ့်ဖက်ကာရွာ အနီးထိ လမ်းပိတ်ဆို့မှုဖြစ်ပွားနေသဖြင့် လက်ရှိတွင် သက်ဆိုင်ရာဒေသများမှ ယာဉ်ထိန်းအရာရှိများလည်း သွားရောက်ရှင်းလင်းနပြေီဖြစ်ကြောင်း သိရှိရသည်။

“ခါတိုင်းနယ်မြေအေးချမ်းတုန်းကတော့ ဒီလိုပိတ်ဆို့မှုမျိုးဖြစ်ရင် ယာဉ်ထိန်းအရာရှိတွေက လမ်းတစ်လျှောက် နေရာတွေမှာ ညအိပ်စောင့်ပြီး ရှင်းလင်းပေးလို့ လမ်းပိတ်လည်း ခဏပဲ။ အခုတော့ မအိပ်ရဲဘူးလေ။ လုံခြုံမှုအပြည့် ပေးနိုင်ရင် လမ်းရှင်းပါတယ်“ဟု ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေသည့်နေရာမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ လမ်းတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက ထွက်လာသည့် ကုန်တင်ကားများ ခရီးသည် တင်ကားများလည်း ညအိပ်ရပ်နားထားရကာ ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာရွာကြားတွင် ပိတ်ဆို့မှုအဆိုးဆုံး ဖြစ်ပေါ်နပြေီး ယာဉ်ကြီး ၂ ထပ် ယာဉ်ငယ် ၃ ထပ် အထိ( ယာဉ် ၅ ထပ်)ပိတ်ဆို့နခြေင်းဖြစ်ကြောင်း သိရသည်။

“မြို့ရှောင်လမ်းတစ်ကြောလုံးမှာတော့ ယာဉ်တွေ မပိတ်ဆို့အောင် သပ်သပ်ရပ်ရပ်ဖြစ်အောင် လိုက်ပြီးတော့ ရှင်းလင်းပေးတာမျိုးတွေ လုပ်ထားပါတယ်။ အတက်ရော အဆင်းရောအဆင်ပြေအောင်လို့ လိုက်လုပ်ပေး နေပါတယ်ခင်ဗျ။ အပေါ်ဖက်(မန်လွယ်ဘက်) ယာဉ်ထိန်းရဲတွေမရှိတဲ့နေရာမျိုးမှာတော့ အဲဒီလိုလေးတွဖြေစ်တတ် ပါတယ်။ အရင်တုန်းက ဒီလောက်ဆိုးဆိုးဝါးဝါးမပိတ်ဆို့ဖူးပါဘူး။ ဒါပေမဲ့ အခုလည်း သက်ဆိုင်ရာ နယ်မြေအလိုက် လမ်းတလျှောက်လုံးကို လိုက်ပြီးရှင်းလင်းပေးနေပါတယ် “ဟု လားရှိုးမြို့ယာဉ်ထိန်းရုံးမှ တပ်ကြပ် မျိုးမင်းအောင် က ပြောသည်။

ညအိပ်ရှင်းလင်းပေးသည့် အချိန်မျိုးတွင် ရဲအရာရှိများ တပ်လိုင်းကင်းများ ပါဝင်ကူညီ၍ လုံခြုံရေး ဆောင်ရွက် ပေးကြောင်းနှင့် နယ်မြေအလိုက် တတ်နိုင်သမျှ လိုက်လံရှင်းလင်းပေးနပြေီး ယာဉ်မောင်းများ အနဖြေင့်လည်း စည်းကမ်းတကျမောင်းနှင်ရန် အတင်းကျော်တက်ခြင်းများ မပြုလုပ်ရန်လည်း လိုအပ်ကြောင်း၎င်းက ပြောသည်။

“ယာဉ်ထိန်းတွေ အနေနဲ့ကလည်း ရဲတွေဘာတွေရှိတဲ့နေရာတွေမှာပဲ ညအိပ်စောင့်ပြီး ရှင်းလင်းပေးနိုင်မှာလေ။ ရဲကလက်နက်ရှိတော့ ကာကွယ်လို့ရတယ်။ ယာဉ်ထိန်းက ဓာတ်မီးပဲရှိတာ။ မီးထိုးပြီး ပြေးရဖို့ပဲရှိတယ်။ လမ်းပိတ်တာက အတက်ကားတွေ အများအပြားတက်လာတာနဲ့ ဇွတ်ကျော်တက်တာတွေကြောင့် အဓိကပဲ အမှန်ဆို အချင်းချင်းနားလည်မှုလေးနဲ့ သွားကြတာ ပိုအဆင်ပြေမယ်ထင်တယ်” ဟု ပြည်ထောင်စုလမ်းမကြီးတွင် သွားလာနေသည့် ယာဉ်မောင်းတစ်ဦးက အကြံပြုသည်။

ယာဉ်အစီးရေ အမြောက်အများ တစ်ပြိုင်တည်း အတက်အဆင်းပြုလုပ်ခြင်းနှင့် စည်းကမ်းမလိုက်နာဘဲ အတင်းကျော်တက်ခြင်းများအပါအဝင် အချို့လမ်းပိုင်းနေရာများတွင် ပြုပြင်ချဲ့ထွင်မှုများ မပြီးသေးသည့် နေရာများတွင် လမ်းကျဉ်းမြောင်းခြင်းများကြောင့် နားလည်မှုများနှင့် ခရီးသွားစေလို မောင်းနှင်စေလိုကြောင်း လမ်းအသုံးပြုသူ အချို့က အကြံပြုသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုနေမျိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~