ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွ ေနာင္တုံကန္ပတ္လမ္းမွ အကင္ဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ားအား က်ဳိင္းတံုခရိုင္စားသုံးသူေရးရာ ဦးစီးဌာနမွ ဦးစီးေသာ ပူးေပါင္းအဖြဲ ့ျဖင့္ ဒီဇင္ဘာလ(၂၂)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္က ကြင္းဆင္းစစ္ေဆးၿပီး ျပည္ပမွ တင္သြင္းလာေသာ ေအးခဲအသားႏွင့္ အသားတုမ်ား ေရာင္းခ်သူမ်ား သတိေပး လက္မွတ္ ေရးထိုးေစေၾကာင္း သိရသည္။
ကန္ပတ္လမ္းမွ အကင္ဆိုင္ႏွင့္ စားေသာက္ဆုိင္ စုစုေပါင္း (၁၉)ဆိုင္အား စစ္ေဆးျခင္းျဖစ္ၿပီး စားသံုးရန္မသင့္သည့္ အစားအေသာက္မ်ား ေရာင္းခ်ေနသည့္ ဆုိင္မ်ားအား ေနာက္ေနာင္ ေရာင္းခ်ျခင္းမျပဳရန္ အသိပညာေပး၍ ေနာက္တစ္ႀကိမ္ ထပ္မံစစ္ေဆးလွ်င္ေတြ ့ရိွပါက တည္ဆဲ ဥပေဒမ်ားအရ အေရးယူသြားမည္ဆိုသည့္အေၾကာင္းကို သိရိွေၾကာင္း လက္မွတ္ထိုးေစခဲ့ျဖစ္ေၾကာင္း သိရသည္။
"က်ိဳင္းတုံၿမိဳ႕မေစ်းနဲ ့ စည္ပင္နဲ ့ပတ္သက္တဲ့ ေစ်းေတြတိုင္းမွာ ေအးခဲအသားေတြကို တရား၀င္ပိတ္လိုက္ၿပီ ျဖစ္တဲ့အတြက္ မေရာင္းရေတာ့ဘူး။ ဒါေပမဲ့ အသားကင္ေရာင္းတဲ့ဆိုင္ေတြက က်ိဳင္းတုံတစ္ၿမိဳ႕လုံးမွာ ရိွေနတယ္။ ဒါေၾကာင့္ အဓိက နာမည္ႀကီးေနတဲ့ ေနာင္တုန္ကန္ပတ္လည္က အကင္ဆိုင္ေတြနဲ ့ စားေသာက္ ဆိုင္ေတြ အားလုံးကို ေအးခဲအသားေတြနဲ ့ ပတ္သက္ၿပီးေတာ့ အသိပညာေပးရင္းနဲ ့ သူတို ့ ေရာင္းတဲ့ အစားအေသာက္ေတြေၾကာင့္ အစာအဆိပ္သင့္တာတို ့ ဘာတို ့ျဖစ္လာလို ့ တိုင္ၾကားခံရရင္ နစ္နာရင္ နစ္နာသေလာက္ အေရးယူမယ္။ ဒါမွမဟုတ္ ေနာက္တစ္ႀကိမ္ ကၽြန္ေတာ္တို ့ ေျမျပင္ ကြင္းဆင္းလို ့ ဒါေတြေရာင္းတာ ထပ္ေတြ ့ရင္ တည္ဆဲဥပေဒေတြအတိုင္း အေရးယူသြားမယ္ဆိုတာကို သူတို ့ အေနနဲ ့ သိရိွေၾကာင္း လက္မွတ္ထိုးခိုင္းခဲ့တယ္"ဟု က်ိဳင္းတုံခရိုင္ စားသုံးသူေရးရာဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ေအးခဲအသားငါးမ်ားႏွင့္ ပတ္သက္၍ ျဖန္ ့ျဖဴးေရာင္းခ်ခြင့္ လိုင္စင္မ်ားကို ထုတ္မေပးေတာ့သည္မွာ (၄)ႏွစ္ခန္႔ ရိွၿပီျဖစ္သည့္ အတြက္ က်ိဳင္းတုံၿမိဳ႕တြင္ မည္သူ ့ထံတြင္မွ ျပည္ပမွတင္သြင္းေသာ ေအးခဲအသား၊ ငါးမ်ားကို ျဖန္ ့ျဖဴးေရာင္းခ်ခြင့္ လိုင္စင္မရိွဘဲ ေနာင္တုန္ကန္ပတ္လမ္းရိွ အကင္ဆိုင္တိုင္းတြင္ ေအးခဲအသားႏွင့္ အသားတုမ်ားကို ေရာင္းခ်ေနသည္ကို စစ္ေဆးေတြ ့ရိွခဲ့ေၾကာင္း သိရသည္။
ေျမျပင္ကြင္းဆင္း စစ္ေဆးရာတြင္ ခရိုင္စားသုံးသူေရးရာဦးစီးဌာနမွဴး ဦးသန္းစိုး အပါအ၀င္ စက္မႈႀကီးၾကပ္မွ ခရိုင္ဦးစီးမွဴး ဦးေက်ာ္မင္းဦး၊ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ဦးစိုင္းေအာင္ဆမ္၊ ေခတၱၿမိဳ ့နယ္ရဲတပ္ဖြဲ ့မွဴး ဒုရဲမွဴးေအာင္ျမင့္ထြန္းႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာ၀န္ရိွသူမ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ပူးေပါင္း၍ ေဆာင္ရြက္ခဲ့ၾကသည္။
သတင္း/ဓာတ္ပံု - ဇြဲျမတ္
ကန်ပတ်လမ်းမှ အကင်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်း (၁၉)ဆိုင်အား စစ်ဆေးခြင်းဖြစ်ပြီး စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချနေသည့် ဆိုင်များအား နောက်နောင် ရောင်းချခြင်းမပြုရန် အသိပညာပေး၍ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလျှင်တွေ့ရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဆိုသည့်အကြောင်းကို သိရှိကြောင်း လက်မှတ်ထိုးစေခဲ့ဖြစ်ကြောင်း သိရသည်။
"ကျိုင်းတုံမြို့မဈေးနဲ့ စည်ပင်နဲ့ပတ်သက်တဲ့ ဈေးတွေတိုင်းမှာ အေးခဲအသားတွေကို တရားဝင်ပိတ်လိုက်ပြီ ဖြစ်တဲ့အတွက် မရောင်းရတော့ဘူး။ ဒါပေမဲ့ အသားကင်ရောင်းတဲ့ဆိုင်တွေက ကျိုင်းတုံတစ်မြို့လုံးမှာ ရှိနေတယ်။ ဒါကြောင့် အဓိက နာမည်ကြီးနေတဲ့ နောင်တုန်ကန်ပတ်လည်က အကင်ဆိုင်တွေနဲ့ စားသောက် ဆိုင်တွေ အားလုံးကို အေးခဲအသားတွေနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးရင်းနဲ့ သူတို့ ရောင်းတဲ့ အစားအသောက်တွေကြောင့် အစာအဆိပ်သင့်တာတို့ ဘာတို့ဖြစ်လာလို့ တိုင်ကြားခံရရင် နစ်နာရင် နစ်နာသလောက် အရေးယူမယ်။ ဒါမှမဟုတ် နောက်တစ်ကြိမ် ကျွန်တော်တို့ မြပြေင် ကွင်းဆင်းလို့ ဒါတွေရောင်းတာ ထပ်တွေ့ရင် တည်ဆဲဥပဒေတွေအတိုင်း အရေးယူသွားမယ်ဆိုတာကို သူတို့ အနေနဲ့ သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အေးခဲအသားငါးများနှင့် ပတ်သက်၍ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များကို ထုတ်မပေးတော့သည်မှာ (၄)နှစ်ခန့် ရှိပြီဖြစ်သည့် အတွက် ကျိုင်းတုံမြို့တွင် မည်သူ့ထံတွင်မှ ပြည်ပမှတင်သွင်းသော အေးခဲအသား၊ ငါးများကို ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်မရှိဘဲ နောင်တုန်ကန်ပတ်လမ်းရှိ အကင်ဆိုင်တိုင်းတွင် အေးခဲအသားနှင့် အသားတုများကို ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
မြပြေင်ကွင်းဆင်း စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသန်းစိုး အပါအဝင် စက်မှုကြီးကြပ်မှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းအောင်ဆမ်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်မြင့်ထွန်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်