Facebook လူမႈကြန္ရက္စာမ်က္ႏွာ၌ ဂန္႔ေဂါၿမိဳ႕နယ္၊ မင္းရြာသူ/ရြာသားမ်ား၏ ဂုဏ္သိကၡာက်ဆင္းေစ ေသာ ေရးသားခ်က္မ်ားကို တင္ခဲ့သည္ဟုဆိုကာ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြအား ဂန္႔ေဂါၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ အမႈဖြင္႔အေရးယူထားေၾကာင္း သိရသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္သူ ဦးလွေဆြက ၎၏ Facebook စာမ်က္ႏွာ၌ Sep 20 1:41 PM တြင္ “ဒို႔ေယာနယ္ကစုန္းေတြ အလုပ္သြားေလွ်ာက္ရင္ရၿပီ။ အထက္မွာ မင္း(မင္းရြာ) အလယ္မွာ ဘင္း(ထယ္ေလွာ္ရြာ)ေအာက္မွာ အင္း (အင္းဒင္ရြာ) ေတြမွာ စုန္းအတတ္ တစ္ဖက္ကမ္းခတ္သူေတြရိွသတဲ႔” စာတမ္းေအာက္တြင္ “စုန္းအတတ္ပညာကို တကၠသိုလ္သင္ “ဟု ၂၀၁၆ခုႏွစ္ စက္တင္ဘာ ၂၀ ရက္ေန႔ မြန္းလဲြ ၁ နာရီ ၄၁ မိနစ္အခ်ိန္က ေဖာ္ျပခဲ႔ျခင္းျဖစ္သည္ဟု ဆို၏။
“ဒီေရးသားေဖာ္ျပခ်က္ဟာ မင္းရြာသူ/ရြာသားေတြရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစပါတယ္။ ဒါေၾကာင္႔ အဲဒီေရးသားခ်က္ကို Facebook လူမႈကြန္ရက္မွာတင္ခဲ႔တဲ႔ ဦးလွေဆြကို အေရးယူေပးဖို႔ အခုလို ရဲစခန္းမွာ တရားလိုျပဳလုပ္ၿပီး တိုင္တန္းရတာပါ” ဟု ဂန္႔ေဂါၿမိဳ႕နယ္ မင္းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမတ္က ရဲစခန္းတြင္ ေျပာၾကားသည္။
ဂန္႔ေဂါၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ညေန ၅ နာရီခဲြအခ်ိန္တြင္ တိုင္တန္းလာသည္႔ တိုင္တန္းခ်က္အရ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြအား (ပ)၁၀၅၂/၂၀၁၆၊ ဆက္သြယ္ ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရိွရသည္။
လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဆွေက၎င်း၏ Facebook စာမျက်နှာ၌ Sep 20 1:41 PM တွင် “ဒို့ယောနယ်ကစုန်းတွေ အလုပ်သွားလျှောက်ရင်ရပြီ။ အထက်မှာ မင်း(မင်းရွာ) အလယ်မှာ ဘင်း(ထယ်လှော်ရွာ)အောက်မှာ အင်း (အင်းဒင်ရွာ) တွေမှာ စုန်းအတတ် တစ်ဖက်ကမ်းခတ်သူတွေရှိသတဲ့” စာတမ်းအောက်တွင် “စုန်းအတတ်ပညာကို တက္ကသိုလ်သင် “ဟု ၂၀၁၆ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်အချိန်က ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
“ဒီရေးသားဖော်ပြချက်ဟာ မင်းရွာသူ/ရွာသားတွေရဲ့ ဂုဏ်သိက္ခါကို ထိခိုက်စေပါတယ်။ ဒါကြောင့် အဲဒီရေးသားချက်ကို Facebook လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဦးလှဆွေကို အရေးယူပေးဖို့ အခုလို ရဲစခန်းမှာ တရားလိုပြုလုပ်ပြီး တိုင်တန်းရတာပါ” ဟု ဂန့်ဂေါမြို့နယ် မင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က ရဲစခန်းတွင် ပြောကြားသည်။
ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် တိုင်တန်းလာသည့် တိုင်တန်းချက်အရ ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအား (ပ)၁၀၅၂/၂၀၁၆၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရှိရသည်။
သတင်း - ဖီးနစ်