ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တခြင္ေဆာင္ရြက္မႈအျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၄)ရက္မွ (၂၅)ရက္ေန႔အထိ လူထုလမ္းေလွ်ာက္ပြဲ ႏွင့္ စက္ဘီးစီးပြဲ အျပင္ အခမဲ့ ေဆးကုသမႈတို႔ကို ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
လူထု စုေပါင္းလမ္းေလွ်ာက္မႈကို ဒီဇင္ဘာလ(၂၄)ရက္ စေနေန႔ နံနက္(၅)နာရီခြဲတြင္ ျပဳလုပ္မည္ျဖစ္ရာ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကုန္တိုက္ေရွ႕တြင္ စုရပ္ျပဳလုပ္ၿပီး အဆိုပါ ေနရာမွ နံနက္(၅)နာရီခြဲတြင္ ထြက္ခြာကာ တာခ်ီလိတ္ၿမိဳ႕ ၿမိဳ႕မအားကစားကြင္းသို႔ လမ္းေလွ်ာက္ၿပီး ကိုယ္လက္လႈပ္ရွားအားကစားမ်ား ျပဳလုပ္မည္ ျဖစ္ေၾကာင္း သိရသည္။
"စက္ဘီးစီးမွာက မနက္(၆)နာရီ၀န္းက်င္ေလာက္မွာပါ။ မနက္ပိုင္း စက္ဘီးစီးၿပီး ျပန္လာၿပီးရင္ ကြ်န္ေတာ္တို႔ ေတာက္ေလွ်ာက္ပဲ ၀မ္ပံုေဆးရံုကိုသြားၿပီး လူမႈေရး၀န္ႀကီးနဲ႔အတူ ေဆးကုေပးၾကမွာ။ ဒီက ဆရာ၀န္ေတြကေတာ့ နံနက္(၈)နာရီကတည္းက ဒီကေန ေဆးရံုကို သြားႏွင့္ၾကမွာပါ"ဟု တာခ်ီလိတ္ခ႐ိုင္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴး၊ ခရိုင္ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က ေျပာသည္။
ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တခြင္ လႈပ္ရွားမႈအျဖစ္ စုေပါင္း စက္ဘီးစီးျခင္းကို ဒီဇင္ဘာလ(၂၅)ရက္ နံနက္(၆)နာရီ အခ်ိန္တြင္ ျပဳလုပ္မည္ျဖစ္ရာ ရွမ္းရိုးမကုန္တိုက္ေရွ႕တြင္ စုရပ္အျဖစ္သတ္မွတ္ထားၿပီး မယ္ယန္းတိုးဂိတ္အထိ စီးနင္းၾကမည္ျဖစ္ရာ ပူးေပါင္းပါဝင္လိုသူမ်ားအေနျဖင့္ မိမိတို႔၏ စက္ဘီးျဖင့္ လာေရာက္၍ စုေပါင္း ဆင္ႏႊဲႏိုင္ေၾကာင္း သိရသည္။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
လူထု စုပေါင်းလမ်းလျှောက်မှုကို ဒီဇင်ဘာလ(၂၄)ရက် စနေနေ့ နံနက်(၅)နာရီခွဲတွင် ပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့တွင် စုရပ်ပြုလုပ်ပြီး အဆိုပါ နေရာမှ နံနက်(၅)နာရီခွဲတွင် ထွက်ခွာကာ တာချီလိတ်မြို့ မြို့မအားကစားကွင်းသို့ လမ်းလျှောက်ပြီး ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
"စက်ဘီးစီးမှာက မနက်(၆)နာရီဝန်းကျင်လောက်မှာပါ။ မနက်ပိုင်း စက်ဘီးစီးပြီး ပြန်လာပြီးရင် ကျွန်တော်တို့ တောက်လျှောက်ပဲ ဝမ်ပုံဆေးရုံကိုသွားပြီး လူမှုရေးဝန်ကြီးနဲ့အတူ ဆေးကုပေးကြမှာ။ ဒီက ဆရာဝန်တွေကတော့ နံနက်(၈)နာရီကတည်းက ဒီကနေ ဆေးရုံကို သွားနှင့်ကြမှာပါ"ဟု တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က ပြောသည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တခွင် လှုပ်ရှားမှုအဖြစ် စုပေါင်း စက်ဘီးစီးခြင်းကို ဒီဇင်ဘာလ(၂၅)ရက် နံနက်(၆)နာရီ အချိန်တွင် ပြုလုပ်မည်ဖြစ်ရာ ရှမ်းရိုးမကုန်တိုက်ရှေ့တွင် စုရပ်အဖြစ်သတ်မှတ်ထားပြီး မယ်ယန်းတိုးဂိတ်အထိ စီးနင်းကြမည်ဖြစ်ရာ ပူးပေါင်းပါဝင်လိုသူများအနဖြေင့် မိမိတို့၏ စက်ဘီးဖြင့် လာရောက်၍ စုပေါင်း ဆင်နွှဲနိုင်ကြောင်း သိရသည်။