ယခုႏွစ္ မန္းစက္ေတာ္ရာ ဘုရားပဲြေတာ္တြင္ ယခင္ဘုရားပဲြေတာ္ရာသီမ်ားက တင္ဒါလုပ္ငန္းမ်ား၌ မပါဝင္ဘဲ နီးစပ္ရာမ်ားသာ လုပ္ကုိင္ခြင့္ရရွိခဲ့ၾကသည့္ စီးပြားျဖစ္လုပ္ငန္းမ်ားမွ လုပ္ငန္းအခ်ိဳ႕အား ဖ်က္သိမ္းသြား မည္ျဖစ္ေၾကာင္း ေဂါပကအဖြဲ႔ထံမွ သိရွိရသည္။
ႏွစ္စဥ္ ေရႊစက္ေတာ္ဘုရားပဲြေတာ္ လုပ္ငန္းတင္ဒါ (၄၇)မ်ဳိး ေပးသည့္အခါ တင္ဒါတြင္ မပါဝင္ဘဲ နီးစပ္ရာမ်ားသာ လုပ္ပိုင္ခြင့္ရေလ့ရွိသည့္ ေလွတင္တံတား၊ ယာဥ္ရပ္နားကြင္း၊ ေမာင္းတံဂိတ္၊ ေရစီးေဘာလုပ္ငန္းႏွင့္ လ်ွပ္စစ္မီးလုပ္ငန္းမ်ားအနက္ အခ်ိဳ႕အားဖ်က္သိမ္းၿပီး က်န္လုပ္ငန္းမ်ားအား ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္ေပးမည္ဟုဆိုသည္။
“ဘုရားလုပ္ငန္းတင္ဒါေတြထဲက ဘုရားဖူး ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတဲ႔ လုပ္ငန္းတခ်ဳိ႕ကုိ ဒီႏွစ္ ခ်ထားေပးမွာ မဟုတ္ေတာ႔ပါဘူး။ အထူးသျဖင့္ ေလွတင္ တံတားျဖတ္သန္းခေကာက္ခံျခင္းလုပ္ငန္း၊ ယာဥ္ ရပ္နားကြင္း ယာဥ္ရပ္နားခေကာက္ခံျခင္း လုပ္ငန္းနဲ႔ ေမာင္းတံဂိတ္မ်ား ယာဥ္ျဖတ္သန္းခ ေကာက္ခံေရး လုပ္ငန္းေတြ လုံးဝရိွေတာ့မွာ မဟုတ္ပါဘူး။ ဆိုင္ကယ္ရပ္နားကြင္းနဲ႔ ေရစီးေဘာ လုပ္ငန္းေတြ ကိုေတာ့ တင္ဒါထဲမွာ ထည့္ၿပီး လုပ္ကုိင္ခြင့္ခ်ထားေပးဖို႔ စီစဥ္ထားပါတယ္” ဟု ေရႊစက္ေတာ္ဘုရား ေဂါပကဥကၠဌ ဦးျမင့္သိန္းက ေျပာသည္။
ဆိုင္ကယ္စတန္းလုပ္ငန္း ခ်ထားေပးရာတြင္ ဆိုင္ကယ္မ်ားအား မိမိတို႔သေဘာဆႏၵအရ အပ္ႏွံသူမ်ားထံမွသာ သတ္မွတ္ထားသည့္ အပ္ႏွံခကို ေကာက္ခံရမည္ျဖစ္ၿပီး အပ္ႏွံျခင္းမျပဳဘဲလည္း ေနႏိုင္ေၾကာင္းႏွင့္ လွ်ပ္စစ္မီး လုပ္ငန္းကိုလည္း တင္ဒါတြင္ထည့္သြင္းျခင္းမျပဳဘဲ ေဂါပကအဖဲြ႔မွ တာဝန္ယူ ေဆာင္ရြက္သြားမည္ဟု သိရသည္။
“ဒီႏွစ္ေရႊစက္ေတာ္ဘုရား ေဂါပကအသစ္မွာ အရင္ကလုိအာဏာပိုင္ေတြမပါေတာ့ဘူးလို႔ သိရပါတယ္။ အရင္ကဆို ေရႊစက္ေတာ္ဟာ အထူးသျဖင့္ တည္းခိုခန္းခေတြႀကီးျမင့္တာေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တယ္။ ဒီႏွစ္ ေဂါပကအဖဲြ႔သစ္ရဲ႕ စီမံမႈေတြကိုၾကားရတာ ဘုရားဖူးျပည္သူေတြအတြက္ေတာ႔ ဝမ္းသာစရာပါပဲ”ဟု ရန္ကုန္မွ ဘုရားဖူးပို႔ေဆာင္ေရး လုပ္ငန္းရွင္ ဦးေပၚဦးက ေျပာသည္။
ယခင္ႏွစ္မ်ားက လုပ္ငန္းရွင္မ်ားထံမွ မင္းဘူးခရိုင္ ေဒသႏၲရဖြံ႕ၿဖိဳးေရးအတြက္( ၂၀)ရာခိုင္ႏႈန္း၊ ၿပီးခဲ႔သည့္ႏွစ္က (၁၀)ရာခိုင္ႏႈန္း အပိုေဆာင္းေကာက္ခံမႈမ်ားရွိခဲ႔ရာ ယခုႏွစ္တြင္ ထိုသို႔ ေကာက္ခံျခင္းျပဳေတာ့မည္ မဟုတ္ဟု ဆိုသည္။
မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္သည္ ႏွစ္စဥ္ တပို႔တဲြလဆန္း(၅)ရက္ေန႔မွ ႏွစ္ဆန္းတစ္ရက္ေန႔အထိ စည္ကား သုိက္ၿမိဳက္စြာ ရက္ရွည္က်င္းပေသာ ပြဲေတာ္ျဖစ္ျပီး အရပ္သားေဂါပကအဖြဲ႕သည္ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာ(၁) ရက္ေန႔မွ စတင္တာဝန္ယူ လုပ္ကုိင္ေဆာင္ရြက္လွ်က္ရိွေနေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
နှစ်စဉ် ရွှေစက်တော်ဘုရားပွဲတော် လုပ်ငန်းတင်ဒါ (၄၇)မျိုး ပေးသည့်အခါ တင်ဒါတွင် မပါဝင်ဘဲ နီးစပ်ရာများသာ လုပ်ပိုင်ခွင့်ရလေ့ရှိသည့် လှေတင်တံတား၊ ယာဉ်ရပ်နားကွင်း၊ မောင်းတံဂိတ်၊ ရေစီးဘောလုပ်ငန်းနှင့် လျှပ်စစ်မီးလုပ်ငန်းများအနက် အချို့အားဖျက်သိမ်းပြီး ကျန်လုပ်ငန်းများအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည်ဟုဆိုသည်။
“ဘုရားလုပ်ငန်းတင်ဒါတွေထဲက ဘုရားဖူး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ လုပ်ငန်းတချို့ကို ဒီနှစ် ချထားပေးမှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် လှေတင် တံတားဖြတ်သန်းခကောက်ခံခြင်းလုပ်ငန်း၊ ယာဉ် ရပ်နားကွင်း ယာဉ်ရပ်နားခကောက်ခံခြင်း လုပ်ငန်းနဲ့ မောင်းတံဂိတ်များ ယာဉ်ဖြတ်သန်းခ ကောက်ခံရေး လုပ်ငန်းတွေ လုံးဝရှိတော့မှာ မဟုတ်ပါဘူး။ ဆိုင်ကယ်ရပ်နားကွင်းနဲ့ ရေစီးဘော လုပ်ငန်းတွေ ကိုတော့ တင်ဒါထဲမှာ ထည့်ပြီး လုပ်ကိုင်ခွင့်ချထားပေးဖို့ စီစဉ်ထားပါတယ်” ဟု ရွှေစက်တော်ဘုရား ဂေါပကဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။
ဆိုင်ကယ်စတန်းလုပ်ငန်း ချထားပေးရာတွင် ဆိုင်ကယ်များအား မိမိတို့သဘောဆန္ဒအရ အပ်နှံသူများထံမှသာ သတ်မှတ်ထားသည့် အပ်နှံခကို ကောက်ခံရမည်ဖြစ်ပြီး အပ်နှံခြင်းမပြုဘဲလည်း နေနိုင်ကြောင်းနှင့် လျှပ်စစ်မီး လုပ်ငန်းကိုလည်း တင်ဒါတွင်ထည့်သွင်းခြင်းမပြုဘဲ ဂေါပကအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ဒီနှစ်ရွှေစက်တော်ဘုရား ဂေါပကအသစ်မှာ အရင်ကလိုအာဏာပိုင်တွေမပါတော့ဘူးလို့ သိရပါတယ်။ အရင်ကဆို ရွှေစက်တော်ဟာ အထူးသဖြင့် တည်းခိုခန်းခတွကြေီးမြင့်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်။ ဒီနှစ် ဂေါပကအဖွဲ့သစ်ရဲ့ စီမံမှုတွေကိုကြားရတာ ဘုရားဖူးပြည်သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ”ဟု ရန်ကုန်မှ ဘုရားဖူးပို့ဆောင်ရေး လုပ်ငန်းရှင် ဦးပေါ်ဦးက ပြောသည်။
ယခင်နှစ်များက လုပ်ငန်းရှင်များထံမှ မင်းဘူးခရိုင် ဒေသန္တရဖွံ့ဖြိုးရေးအတွက်( ၂၀)ရာခိုင်နှုန်း၊ ပြီးခဲ့သည့်နှစ်က (၁၀)ရာခိုင်နှုန်း အပိုဆောင်းကောက်ခံမှုများရှိခဲ့ရာ ယခုနှစ်တွင် ထိုသို့ ကောက်ခံခြင်းပြုတော့မည် မဟုတ်ဟု ဆိုသည်။
မန်းရွှေစက်တော်ဘုရားပွဲတော်သည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ရက်ရှည်ကျင်းပသော ပွဲတော်ဖြစ်ပြီး အရပ်သားဂေါပကအဖွဲ့သည် ၂၀၁၆ခုနှစ် ဒီဇင်ဘာ(၁) ရက်နေ့မှ စတင်တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်လျှက်ရှိနေကြောင်း သိရသည်။
သတင်း - ဖီးနစ်