ဂန္႔ေဂါၿမိဳ႕နယ္၊ မင္းရြာသူရြာသားမ်ား၏ ဂုဏ္သိကၡာက်ဆင္းေစေသာ ေရးသားခ်က္မ်ားကို လူမႈကြန္ရက္ စာမ်က္ႏွာ Facebook ၌ တင္ခဲ့သည္ဟုဆိုကာ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြအား ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင့္ အမႈဖြင့္အေရးယူထားေသာ္လည္း ဖမ္းဆီးထားျခင္းမရိွေသးေၾကာင္း ဂန္႔ေဂါၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ သိရသည္။
“အမႈက ဒီဇင္ဘာလ ၁၉ ရက္က အမႈဖြင့္ထားပါတယ္။ သူ႔ကို ေနျပည္ေတာ္ ပုဗၺသီရိကို သြားဖမ္းရ မွာဆိုေတာ့ အခုထိမဖမ္းရေသးပါဘူး”ဟု ဂန္႔ေဂါၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴး စိုးစိုးက ဒီဇင္ဘာလ ၂၃ ရက္တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းျဖစ္သူ ဦးလွေဆြက ၎၏ Facebook စာမ်က္ႏွာ၌ “ဒို႔ေယာနယ္ကစုန္းေတြ အလုပ္သြားေလွ်ာက္ရင္ရၿပီ။ အထက္မွာ မင္း(မင္းရြာ) အလယ္မွာ ဘင္း(ထယ္ေလွာ္ရြာ)ေအာက္မွာ အင္း (အင္းဒင္ရြာ) ေတြမွာ စုန္းအတတ္ တစ္ဖက္ကမ္းခတ္သူေတြရိွသတဲ႔” ဟု “စုန္းအတတ္ပညာကို တကၠသိုလ္သင္ “သတင္းႏွင့္အတူ ၂၀၁၆ခုႏွစ္ စက္တင္ဘာ ၂၀ ရက္ေန႔ မြန္းလဲြ ၁ နာရီ ၄၁ မိနစ္အခ်ိန္က ေဖာ္ျပခဲ႔ျခင္းျဖစ္သည္ဟု ဆို၏။
“ဒီေရးသားေဖာ္ျပခ်က္ဟာ မင္းရြာသူ/ရြာသားေတြရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစပါတယ္။ ဒါေၾကာင္႔ အဲဒီေရးသားခ်က္ကို Facebook လူမႈကြန္ရက္မွာတင္ခဲ႔တဲ႔ ဦးလွေဆြကို အေရးယူေပးဖို႔ အခုလို ရဲစခန္းမွာ တရားလိုျပဳလုပ္ၿပီး တိုင္တန္းရတာပါ” ဟု ဂန္႔ေဂါၿမိဳ႕နယ္ မင္းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမတ္က ရဲစခန္းတြင္ ေျပာၾကားသည္။
ဂန္႔ေဂါၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းတြင္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ညေန ၅ နာရီခဲြအခ်ိန္တြင္ တိုင္တန္းလာသည္႔ တိုင္တန္းခ်က္အရ ယခင္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးလွေဆြအား (ပ)၁၀၅၂/၂၀၁၆၊ ဆက္သြယ္ ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ အမႈဖြင္႔ အေရးယူေဆာင္ရြက္ထားေၾကာင္း ရဲစခန္းမွတ္တမ္းအရ သိရိွရသည္။
သတင္း - ဖီးနစ္
“အမှုက ဒီဇင်ဘာလ ၁၉ ရက်က အမှုဖွင့်ထားပါတယ်။ သူ့ကို နပြေည်တော် ပုဗ္ဗသီရိကို သွားဖမ်းရ မှာဆိုတော့ အခုထိမဖမ်းရသေးပါဘူး”ဟု ဂန့်ဂေါမြို့မရဲစခန်းမှ ဒုရဲမှူး စိုးစိုးက ဒီဇင်ဘာလ ၂၃ ရက်တွင် တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဆွေက၎င်း၏ Facebook စာမျက်နှာ၌ “ဒို့ယောနယ်ကစုန်းတွေ အလုပ်သွားလျှောက်ရင်ရပြီ။ အထက်မှာ မင်း(မင်းရွာ) အလယ်မှာ ဘင်း(ထယ်လှော်ရွာ)အောက်မှာ အင်း (အင်းဒင်ရွာ) တွေမှာ စုန်းအတတ် တစ်ဖက်ကမ်းခတ်သူတွေရှိသတဲ့” ဟု “စုန်းအတတ်ပညာကို တက္ကသိုလ်သင် “သတင်းနှင့်အတူ ၂၀၁၆ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်အချိန်က ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆို၏။
“ဒီရေးသားဖော်ပြချက်ဟာ မင်းရွာသူ/ရွာသားတွေရဲ့ ဂုဏ်သိက္ခါကို ထိခိုက်စေပါတယ်။ ဒါကြောင့် အဲဒီရေးသားချက်ကို Facebook လူမှုကွန်ရက်မှာတင်ခဲ့တဲ့ ဦးလှဆွေကို အရေးယူပေးဖို့ အခုလို ရဲစခန်းမှာ တရားလိုပြုလုပ်ပြီး တိုင်တန်းရတာပါ” ဟု ဂန့်ဂေါမြို့နယ် မင်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မြတ်က ရဲစခန်းတွင် ပြောကြားသည်။
ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် တိုင်တန်းလာသည့် တိုင်တန်းချက်အရ ယခင်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေအား (ပ)၁၀၅၂/၂၀၁၆၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရှိရသည်။
သတင်း - ဖီးနစ်