ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် တာချီလိတ်မြို့တွင် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးနှစ်ဦးမှလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် လူထုလမ်းလျှောက်ပွဲအား အခမ်းအနားဖြင့် ကျင်းပရာတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက "ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာများကို အကောင်ထည်ဖော် ဆောင်ရွက်ခြင်းဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေမှာ အခန်း(၃) အပုဒ်(ဂ) ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်က ဖန်တီးခြင်းဖြင့် အများပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်မှာ ကာကွယ်ရန်ဟု ဖော်ပြပါရှိတဲ့ အချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်"ဟုပြောကြားသည်။
တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် အထိမ်းအမှတ်အနေဖြင့် လူထုလမ်းလျှောက်ပွဲ နှင့် ဂေါက်ရိုက်ပြိုင်ပွဲအပြင် ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် စုပေါင်း စက်ဘီးစီးနင်းပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - ဇောင်းညီ
လူထုစုပေါင်းလမ်းလျှောက်မှုကို ဒီဇင်ဘာလ(၂၄)ရက် နံနက် (၅)နာရီခွဲအချိန်က တာချီလိတ်မြို့ ရှမ်းရိုးမကုန်တိုက်ရှေ့မှ တာချီလိတ်မြို့နယ်အားကစားကွင်းသို့ လမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း အပါအဝင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်း လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် အထိမ်းအမှတ်အနဖြေင့် လူထုလမ်းလျှောက်ပွဲအား အခမ်းအနားဖြင့် ကျင်းပရာတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက "ဆေးလိပ်ငွေ့ကင်းစင်တဲ့ နေရာများကို အကောင်ထည်ဖော် ဆောင်ရွက်ခြင်းဟာ ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေမှာ အခန်း(၃) အပုဒ်(ဂ) ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်က ဖန်တီးခြင်းဖြင့် အများပြည်သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အန္တရာယ်မှာ ကာကွယ်ရန်ဟု ဖော်ပြပါရှိတဲ့ အချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်"ဟုပြောကြားသည်။
တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် အထိမ်းအမှတ်အနဖြေင့် လူထုလမ်းလျှောက်ပွဲ နှင့် ဂေါက်ရိုက်ပြိုင်ပွဲအပြင် ဒီဇင်ဘာလ(၂၅)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် စုပေါင်း စက်ဘီးစီးနင်းပွဲကိုလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - ဇောင်းညီ