ကေလးသူငယ္ကာကြယ္ေစာင့္ေရွာက္ေရး ၊ ကေလးလုပ္သားေလ်ွာ့ခ်ေရးႏွင့္ လူကုန္ကူးမႈတားဆီး ကာကြယ္ေရးအတြက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ လူမႈအဖြဲ႕အစည္းမွ အသက္ေမြး ၀မ္းေက်ာင္း အကူအညီမ်ား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“တစ္နိုင္ငံလံုးမွာရွိတဲ့ ကေလးလုပ္သားေတြကို ပေပ်ာက္နိုင္ေအာင္ေတာ့ မလုပ္နိုင္ေသးပါဘူး။ ဒါေပမဲ့ ဒီထက္မတိုးလာေအာင္ ေလ်ာ့က်သြားေအာင္ ေဆာင္ရြက္သြားမွာပါ။ ဆင္းရဲမႈေၾကာင့္ က်န္းမာေရး အသိပညာေတြေၾကာင့္ပါ ကေလးေတြအေပၚ အျမတ္မထုတ္ေအာင္ သူတို႕ရဲ႕ အခြင့္အေရးေတြ ရရွိေစဖို႔ပါ”ဟု ရတနာ႔ေမတၱာအဖြဲ႕ ဥကၠဌ ဦးျမင့္ေဆြက ေျပာသည္။
အသက္ေမြး၀မ္းေက်ာင္း အကူအညီမ်ားေပးႏိုင္ရန္ ရတနာ့ေမတၱာ နွင့္ KMSS TGI အဖြဲ႕မ်ားမွ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အဖြဲ႕အစည္းမွ ရန္ကုန္ ၊ ျပည္ ၊ ပုသိမ္၊ ေတာင္ႀကီး တို႕တြင္ အသက္ေမြး၀မ္းေက်ာင္း ေထာက္ပံ့မႈ လုပ္ေဆာင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ပုဂံေညာင္ဦးၿမိဳ႕တြင္ ကူညီေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
၎အဖြဲ႕မွ နိုင္ငံတကာကူညီမႈျဖင့္ တစ္ႏွစ္လွ်င္ ၆၀ ဦး သင္ၾကားေပးနိုင္ျပီး ေတာင္ႀကီး ႏွင့္ ျပည္ျမိဳ႕တြင္ ယခုႏွစ္အတြင္း ၆၀ ဦး ကူညီိေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
”ကေလးေတြကလိုအပ္လို႔ အလုပ္ လုပ္ေပးေနတာရွိတယ္။ မလိုအပ္ဘဲနဲ႔ ကိုယ္တိုင္က နားမလည္လို႔ လုပ္ေန ရတာရွိတယ္။ ကၽြန္ေတာ္တို႔ကလည္း ကေလးေတြရဲ႕ အခြင့္အေရးေတြကို လုပ္ေပးဖို႔ အစိုးရဌာနေတြနဲ႔ ပူးေပါင္းၿပီး ေဆာင္ရြက္သြားမွာပါ။ ရပ္ရြာေတြမွာ မိဘနဲ႔ကေလးေတြကို အသိပညာ ေပးတယ္။ လိုအပ္တဲ့ အခြင့္အေရးေတြ ကူညီေပးပါမယ္။ အသိပညာေပးလုပ္ငန္းေတြေတာ့ အမ်ားႀကီး လုပ္ရမွာပါ။ အဓိကက အသိပညာေပးမႈက နည္းပါးေနပါေသးတယ္”ဟု KMSS TGI အဖြဲ႕မွ (ကရုဏာလူမႈစည္းလံုးညီညြတ္ေရး) တာ၀န္ခံ ေက်ာ္ရဲထြန္းက ေျပာသည္။
ရတနာ့ေမတၱာလူမႈအဖြဲ႕အစည္းမွာ ၂၀၁၄ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ႕ၿပီး KMSS TGI အဖြဲ႕ (ကရုဏာလူမႈစည္းလံုးညီညြတ္ေရး) မွာ ၂၀၀၀ ခုႏွစ္ တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
“တစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးလုပ်သားတွေကို ပပျောက်နိုင်အောင်တော့ မလုပ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီထက်မတိုးလာအောင် လျော့ကျသွားအောင် ဆောင်ရွက်သွားမှာပါ။ ဆင်းရဲမှုကြောင့် ကျန်းမာရေး အသိပညာတွေကြောင့်ပါ ကလေးတွေအပေါ် အမြတ်မထုတ်အောင် သူတို့ရဲ့ အခွင့်အရေးတွေ ရရှိစေဖို့ပါ”ဟု ရတနာ့မေတ္တာအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက ပြောသည်။
အသက်မွေးဝမ်းကျောင်း အကူအညီများပေးနိုင်ရန် ရတနာ့မေတ္တာ နှင့် KMSS TGI အဖွဲ့များမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းမှ ရန်ကုန်၊ ပြည်၊ ပုသိမ်၊ တောင်ကြီး တို့တွင် အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှု လုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပုဂံညောင်ဦးမြို့တွင် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအဖွဲ့မှ နိုင်ငံတကာကူညီမှုဖြင့် တစ်နှစ်လျှင် ၆၀ ဦး သင်ကြားပေးနိုင်ပြီး တောင်ကြီး နှင့် ပြည်မြို့တွင် ယခုနှစ်အတွင်း ၆၀ ဦး ကူညိီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
”ကလေးတွေကလိုအပ်လို့ အလုပ် လုပ်ပေးနေတာရှိတယ်။ မလိုအပ်ဘဲနဲ့ ကိုယ်တိုင်က နားမလည်လို့ လုပ်နေ ရတာရှိတယ်။ ကျွန်တော်တို့ကလည်း ကလေးတွေရဲ့ အခွင့်အရေးတွေကို လုပ်ပေးဖို့ အစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ ရပ်ရွာတွေမှာ မိဘနဲ့ကလေးတွေကို အသိပညာ ပေးတယ်။ လိုအပ်တဲ့ အခွင့်အရေးတွေ ကူညီပေးပါမယ်။ အသိပညာပေးလုပ်ငန်းတွေတော့ အများကြီး လုပ်ရမှာပါ။ အဓိကက အသိပညာပေးမှုက နည်းပါးနေပါသေးတယ်”ဟု KMSS TGI အဖွဲ့မှ (ကရုဏာလူမှုစည်းလုံးညီညွတ်ရေး) တာဝန်ခံ ကျော်ရဲထွန်းက ပြောသည်။
ရတနာ့မေတ္တာလူမှုအဖွဲ့အစည်းမှာ ၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး KMSS TGI အဖွဲ့ (ကရုဏာလူမှုစည်းလုံးညီညွတ်ရေး) မှာ ၂၀၀၀ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို