တာချီလိတ်မြို့နယ်အတွင်း မှုခင်းလျော့ပါးရေးနှင့် ပြည်သူများ ပူးပေါင်း ပါဝင်လာရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွှေတာချီခရီးသွား အငှားဆိုင်ကယ်ယာဉ်များအား တွေ့ဆုံ၍ အသိပညာပေးမှုအဖြစ် ဒီဇင်ဘာလ(၂၄)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြသည်။
လိင်ပိုင်းဆိုင်ရာ မုဒိမ်းမှုများနှင့် ပတ်သက်၍ အနေနီးစပ်သည့်အခါမျိုးတွင် ဖြစ်ပွားရန် လွယ်ကူကြောင်း နှင့် ကလေးသူငယ်များနှင့် ပတ်သက်၍ အိမ်နီးနားချင်း သူစိမ်းယောကျာ်းလေးထံ အပ်နှံခဲ့ပါကလည်း ယုံကြည်စိတ်ချမှု မရှိကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များသည် စိတ်ကွယ်ရာများတွင် ဖြစ်ပွားတတ်သည့် အတွက် အထူးသတိရှိဖို့ လိုကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် တာချီလိတ်မြို့နယ်အတွင်း ပြည်သူလုံခြုံရေးနှင့် မူခင်းကျဆင်းရေးအတွက် နယ်မြေအတွင်း လှည့်ကင်း၊၀တ်ကင်း၊ ပိတ်ဆို့ရှာဖွေခြင်း ဆောင်ရွက်လျှက် ရှိကြောင်း နှင့် မြို့လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက်နေရာများတွင် ပိတ်ဆို့ရှာဖွေမှုများကို ရှောင်တခင် ပြုလုပ်လေ့ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းက ရှင်းလင်းပြောကြားသည်။
တာချီလိတ်တွင် အမှုကြီးများအနေဖြင့် လူသတ်မှုနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်တွင် (၄)မှု၊ ၂၀၁၅ခုနှစ်တွင် (၁၄)မှု၊ ၂၀၁၆တွင် (၇)မှု နှင့် မုဒိန်းမှုများ အနေဖြင့် (၂၀၁၄)ခုနှစ်တွင် (၁)မှု၊ ၂၀၁၅တွင် အမှုဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ၂၀၁၆ခုနှစ်တွင် (၅)မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ရှင်းလင်းပြောကြားချက်အရ သိရသည်။
အဆိုပါ ဟောပြောပွဲတွင် "ဘယ်ဒေသမဆို ကျွန်တော်တို့ ရဲလုပ်ငန်းဆိုတာ ပြည်သူသာ မပါရင်၊ ပြည်သူက မပူးပေါင်းရင် အဆင်မပြေပါဘူး၊ အဲ့ဒီတော့ ရဲလုပ်ငန်းဆိုတာ ပြည်သူနဲ့တသားတည်းကျပြီးတော့ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှု ဖြစ်လာမှာပါ"ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောကြားလိုက်သည်။
ပြည်သူများ အလွယ်တကူ သတင်းပေးနိုင်ရန် နှင့် မှုခင်းဖြစ်လျှင်ဖြစ်ခြင်း အချိန်မီမြန်ဆုံး သွားရောက်နိုင်ရန် အတွက် တာချီလိတ်မြို့ပေါ်အတွင်း သတ်မှတ်နေရာများအလိုက် မီးတန်းယာဉ်များ ထားရှိထားကြောင်း၎င်းမှ အသိပေးပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုက သက်ငယ်မုဒိန်းမှုများ ဖြစ်ပွားရခြင်း ကိစ္စရပ်များ နှင့် အခြား မှုခင်းဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
လိင်ပိုင်းဆိုင်ရာ မုဒိမ်းမှုများနှင့် ပတ်သက်၍ အနေနီးစပ်သည့်အခါမျိုးတွင် ဖြစ်ပွားရန် လွယ်ကူကြောင်း နှင့် ကလေးသူငယ်များနှင့် ပတ်သက်၍ အိမ်နီးနားချင်း သူစိမ်းယောကျာ်းလေးထံ အပ်နှံခဲ့ပါကလည်း ယုံကြည်စိတ်ချမှု မရှိကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များသည် စိတ်ကွယ်ရာများတွင် ဖြစ်ပွားတတ်သည့် အတွက် အထူးသတိရှိဖို့ လိုကြောင်းနှင့် ရဲတပ်ဖွဲ့အနဖြေင့် တာချီလိတ်မြို့နယ်အတွင်း ပြည်သူလုံခြုံရေးနှင့် မူခင်းကျဆင်းရေးအတွက် နယ်မြေအတွင်း လှည့်ကင်း၊ဝတ်ကင်း၊ ပိတ်ဆို့ရှာဖွခြေင်း ဆောင်ရွက်လျှက် ရှိကြောင်း နှင့် မြို့လုံခြုံရေးအတွက် မြို့ဝင်၊ မြို့ထွက်နေရာများတွင် ပိတ်ဆို့ရှာဖွေမှုများကို ရှောင်တခင် ပြုလုပ်လေ့ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းက ရှင်းလင်းပြောကြားသည်။
အသိပညာပေးဟောပြောပွဲတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်လင်း၊ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းတို့မှ ရှင်းလင်း ဟောပြောကြရာ တာချီလိတ်မြို့ပေါ်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
တာချီလိတ်တွင် အမှုကြီးများအနဖြေင့် လူသတ်မှုနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ်တွင် (၄)မှု၊ ၂၀၁၅ခုနှစ်တွင် (၁၄)မှု၊ ၂၀၁၆တွင် (၇)မှု နှင့် မုဒိန်းမှုများ အနဖြေင့် (၂၀၁၄)ခုနှစ်တွင် (၁)မှု၊ ၂၀၁၅တွင် အမှုဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ၂၀၁၆ခုနှစ်တွင် (၅)မှုဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ရှင်းလင်းပြောကြားချက်အရ သိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ