ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ရွိ ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးအား လက္နက္ကုိင္အဖြဲ႕တစ္ဖြဲ႕မွ လက္နက္ျဖင့္ လာေရာက္ ပစ္ခတ္သြားသျဖင့္ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ထားၿပီး လံုၿခံဳေရး တိုးျမႇင့္္ေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။
“လံုၿခံဳေရးအေနနဲ႔ ေနရာအႏွံ႔တိုးျမႇင့္ၿပီး ေဆာင္ရြက္ေနပါတယ္။ လက္ရွိအေျခအေနက ေက်ာက္မဲၿမိဳ႕နဲ႔ အနီးတစ္ဝိုက္မွာ ၿငိမ္းခ်မ္းပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအုပ္တစ္ဦးက ေျပာသည္။
ေက်ာက္မဲၿမိဳ႕အေျခစိုက္ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးအား ဒီဇင္ဘာလ(၁၇)ရက္ေန႔က ၄၀ မမ က်ည္ျဖင့္ လာေရာက္ပစ္ခတ္သြားသည့္ အဖြဲ႕အစည္းအား ဆက္လက္စံုစမ္းေနဆဲ ျဖစ္ၿပီး ပစ္ခတ္မႈေၾကာင့္ ခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးအေဆာက္အဦးတြင္ အနည္းငယ္ ထိခိုက္မႈရွိခ့ဲေၾကာင္း သိရသည္။
“ခရိုင္ရဲရံုးအထိ လာၿပီး ပစ္ခတ္တယ္ဆိုေတာ့ ၿမိဳ႕အတြက္ ၿမိဳ႕ေနျပည္သူတစ္ေယာက္အေနနဲ႔ စိုးရိမ္တာေပါ့။ တကယ္လို႔ လူေနအိမ္ကိုမ်ား လာပစ္မယ္ဆို ဘယ္လိုလုပ္မလဲ ကြ်န္မတို႔ အခုထိ ေၾကာက္လန္႔ေနရတုန္းပဲ “ဟု ခရိုင္ရဲရံုးအနီး ရပ္ကြက္မွ အမိ်ဳးသမီးတစ္ဦးက ေျပာသည္။
ေက်ာက္မဲၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕မ်ား မၾကာခဏ ျဖတ္သန္း သြားလာျခင္း၊ လူသစ္စုေဆာင္းျခင္းမ်ားေၾကာင့္ ၿမိဳ႕ခံမ်ား စိုးရိမ္ေနျခင္းျဖစ္ေၾကာင္းသိရသည္။
“ခါတိုင္းလို ဝတ္စံုျပည့္နဲ႔ ရဲကားနဲႊကင္းလွည့္တာမ်ဳိး မလုပ္ေတာ့ဘဲ အသြင္ေျပာင္းၿပီး လံုၿခံဳေရး ယူထားပါတယ္။ ၿမိဳ႕ရဲ႕ေနရာ အစြန္အဖ်ားေတြထိ ေစာင့္ဆိုင္း စစ္ေဆး ရွာေဖြမႈေတြလည္း တိုးၿပီး လုပ္ေနပါတယ္။ ၿမိဳ႕အတြက္လက္ရွိအေျခအေနကေတာ့ စိတ္ခ်ရပါတယ္“ဟု ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
ဒီဇင္ဘာလ ၁၈ ရက္ေန႔တြင္ ေက်ာက္မဲ - မိုးကုတ္ အေဝးေျပးလမ္းနံေဘးရွိ ( ေက်ာက္မဲၿမိဳ႕ႏွင့္ ၄ မိုင္ခန္႔အကြာ) မိုင္းတင္းေက်းရြာသို႔ TNLA လက္နက္ကိုင္အဖြဲ႕မွ ဝင္ေရာက္လာ ျခင္းေၾကာင့္ ေဒသခံမ်ားမွာ က်ာက္မဲၿမိဳ႕သို႔ တိမ္းေရွာင္လာခ့ဲေၾကာင္း သိရသည္။
၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ ၁၀၅ မိုင္ေဒသရွိ ရဲကင္းမ်ားအား ေျမာက္ပိုင္းလက္နက္ကိုင္ စုေပါင္းတပ္ဖြဲ႕မွ ဝင္ေရာက္ ပစ္ခတ္ခ့ဲၿပီးေနာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသမ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းျဖစ္သည္။
သတင္း - ေနၿဖဳိးျမင့္
“လုံခြုံရေးအနေနဲ့ နေရာအနှံ့တိုးမြှင့်ပြီး ဆောင်ရွက်နေပါတယ်။ လက်ရှိအခြေအနေက ကျောက်မဲမြို့နဲ့ အနီးတစ်ဝိုက်မှာ ငြိမ်းချမ်းပါတယ်” ဟု ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ပြောသည်။
ကျောက်မဲမြို့အခြေစိုက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ဒီဇင်ဘာလ(၁၇)ရက်နေ့က ၄၀ မမ ကျည်ဖြင့် လာရောက်ပစ်ခတ်သွားသည့် အဖွဲ့အစည်းအား ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦးတွင် အနည်းငယ် ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
“ခရိုင်ရဲရုံးအထိ လာပြီး ပစ်ခတ်တယ်ဆိုတော့ မြို့အတွက် မြို့နပြေည်သူတစ်ယောက်အနေနဲ့ စိုးရိမ်တာပေါ့။ တကယ်လို့ လူနေအိမ်ကိုများ လာပစ်မယ်ဆို ဘယ်လိုလုပ်မလဲ ကျွန်မတို့ အခုထိ ကြောက်လန့်နေရတုန်းပဲ “ဟု ခရိုင်ရဲရုံးအနီး ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်မဲမြို့နှင့်အနီးတစ်ဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ မကြာခဏ ဖြတ်သန်း သွားလာခြင်း၊ လူသစ်စုဆောင်းခြင်းများကြောင့် မြို့ခံများ စိုးရိမ်နခြေင်းဖြစ်ကြောင်းသိရသည်။
“ခါတိုင်းလို ဝတ်စုံပြည့်နဲ့ ရဲကားနွှဲကင်းလှည့်တာမျိုး မလုပ်တော့ဘဲ အသွင်ပြောင်းပြီး လုံခြုံရေး ယူထားပါတယ်။ မြို့ရဲ့နေရာ အစွန်အဖျားတွေထိ စောင့်ဆိုင်း စစ်ဆေး ရှာဖွေမှုတွေလည်း တိုးပြီး လုပ်နေပါတယ်။ မြို့အတွက်လက်ရှိအခြေအနေကတော့ စိတ်ချရပါတယ်“ဟု ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်မဲ - မိုးကုတ် အဝေးပြေးလမ်းနံဘေးရှိ ( ကျောက်မဲမြို့နှင့် ၄ မိုင်ခန့်အကွာ) မိုင်းတင်းကျေးရွာသို့ TNLA လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်လာ ခြင်းကြောင့် ဒေသခံများမှာ ကျာက်မဲမြို့သို့ တိမ်းရှောင်လာခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ဒေသရှိ ရဲကင်းများအား မြောက်ပိုင်းလက်နက်ကိုင် စုပေါင်းတပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနခြေင်းဖြစ်သည်။
သတင်း - နဖြေိုးမြင့်