တီက်စ္ေက်ာက္မီးေသြးစက္ရံုအား တစ္လစမ္းသပ္ လည္ပတ္မည္

တီက်စ္ေက်ာက္မီးေသြးစက္ရံုအား တစ္လစမ္းသပ္ လည္ပတ္မည္
ဒီဇင်ဘာ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပအို၀္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပင္ေလာင္းၿမိဳ႕နယ္ ၊ ေနာင္တရားၿမိဳ႕နယ္ခြဲ တီက်စ္ေက်းရြာရွိ ေက်ာက္မီးေသြးစက္ရံု စီမံကိန္းအား တစ္လစမ္းသပ္လည္ပတ္ၿပီး ရလဒ္ကို မူတည္၍ စီမံကိန္းဆက္လက္လုပ္ေဆာင္ရန္ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ သိရသည္။

“လူမႈေရးထိခိုက္မႈ၊ က်န္းမာေရးထိခိုက္မႈေတြရဲ႕ အစိတ္အပိုင္းေတြကို ျမင္တိုင္းလည္း ေျပာလို႕မရပါဘူး။ ကၽြန္ေတာ္တို႔ဖက္ကေနၿပီးေတာ့ လုပ္ငန္းလည္ပတ္ ၾကည့္ရပါမယ္။ ဒီလိုလုပ္တဲ့ အခ်ိန္မွာ တိက်တဲ့ အေျဖတစ္ခုရဖို႔အတြက္ အခ်ိန္ေပးလုပ္ရမွာ ျဖစ္ပါတယ္။ ရွမ္းျပည္နယ္အစိုးရအေနနဲ႔လည္း တင္ျပထားၿပီး ျပည္ေထာင္စုအစိုးရက ခြင့္ျပဳထားၿပီးျဖစ္ပါတယ္။ စမ္းသပ္လည္ပတ္ကာလ တစ္လအခ်ိန္ယူေဆာင္ရြက္ ေနတဲ့အခ်ိန္မွာ စက္ခ်ဳိ႕ယြင္းမႈေၾကာင့္ ခဏရပ္ထားရပါတယ္။ အခုျပန္လည္ ဆန္းစစ္ဖို႔ တစ္လထပ္အ ခ်ိန္ေပးထားပါတယ္”ဟု ရွမ္းျပည္နယ္ စီမံကိန္း ႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ဆိုသည္။

စမ္းသပ္ကာလအတြင္း ထြက္လာသည့္ ရလဒ္မ်ားကို ျပင္ပ ပညာရွင္မ်ား အပါအ၀င္ အဖြဲ႕ဝင္ (၄၀)ေက်ာ္ျဖင့္ ဖြဲ႕စည္းထားသည့္ EIA/SIA ဆန္းစစ္မႈေကာ္မတီက ျပန္လည္ဆန္းစစ္မည္ျဖစ္သျဖင့္ အဆိုပါစီမံကိန္းႏွင့္ ပတ္သက္၍ ေလ့လာေတြ႕ရိွခ်က္မ်ားကို တင္ျပလိုသည့္အဖြဲ႕မ်ားရိွပါက ျပည္နယ္အစိုးရထံ တင္ျပႏုိင္ေၾကာင္း သိရသည္။

တီက်စ္ေက်ာက္မီးေသြးစက္ရံုအား ၂၀၀၂ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး စမ္းသပ္လည္ပတ္ ကာလတြင္ ေက်ာက္မီးေသြးမွ ထြက္ရွိလာေသာ ျပာမႈန္႕မ်ားေၾကာင့္္ သဘာ၀ပတ္၀န္းက်င္ထိခိုက္မႈမ်ား ျဖစ္ေပၚေနသည္ဟုဆိုကာ ေဒသခံမ်ားက ဆႏၵထုတ္ေဖာ္မႈမ်ား လုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

“ေရလည္းရွားလာတယ္။ ကေလးေတြလည္း ေရာဂါရလာတယ္။ လယ္ယာထဲက အပင္ေတြလည္း အပင္မျဖစ္လာဘူး”ဟု တီက်စ္ေက်းရြာမွ ေဒသခံတစ္ဦးက ဆိုသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ဒီဇင္ဘာလ (၁၀) ရက္ေန႔က လူ႕အခြင့္အေရးေန႔ အခမ္းအနား တက္ေရာက္လာသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္းႏွင့္ စီးပြားေရး၀န္ၾကီး ဦးစိုးညြန္႔လြင္အား အဆိုပါစ က္ရံုစီမံကိန္းႏွင့္
ပတ္သက္၍ ေမးျမန္းမႈကို ေျဖၾကားေပးခဲ့ျခင္းျဖစ္သည္။

သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား တစ်လစမ်းသပ်လည်ပတ်ပြီး ရလဒ်ကို မူတည်၍ စီမံကိန်းဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“လူမှုရေးထိခိုက်မှု၊ ကျန်းမာရေးထိခိုက်မှုတွေရဲ့ အစိတ်အပိုင်းတွေကို မြင်တိုင်းလည်း ပြောလို့မရပါဘူး။ ကျွန်တော်တို့ဖက်ကနပြေီးတော့ လုပ်ငန်းလည်ပတ် ကြည့်ရပါမယ်။ ဒီလိုလုပ်တဲ့ အချိန်မှာ တိကျတဲ့ အဖြေတစ်ခုရဖို့အတွက် အချိန်ပေးလုပ်ရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအနေနဲ့လည်း တင်ပြထားပြီး ပြည်ထောင်စုအစိုးရက ခွင့်ပြုထားပြီးဖြစ်ပါတယ်။ စမ်းသပ်လည်ပတ်ကာလ တစ်လအချိန်ယူဆောင်ရွက် နေတဲ့အချိန်မှာ စက်ချို့ယွင်းမှုကြောင့် ခဏရပ်ထားရပါတယ်။ အခုပြန်လည် ဆန်းစစ်ဖို့ တစ်လထပ်အ ချိန်ပေးထားပါတယ်”ဟု ရှမ်းပြည်နယ် စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုသည်။

စမ်းသပ်ကာလအတွင်း ထွက်လာသည့် ရလဒ်များကို ပြင်ပ ပညာရှင်များ အပါအဝင် အဖွဲ့ဝင် (၄၀)ကျော်ဖြင့် ဖွဲ့စည်းထားသည့် EIA/SIA ဆန်းစစ်မှုကော်မတီက ပြန်လည်ဆန်းစစ်မည်ဖြစ်သဖြင့် အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်များကို တင်ပြလိုသည့်အဖွဲ့များရှိပါက ပြည်နယ်အစိုးရထံ တင်ပြနိုင်ကြောင်း သိရသည်။

တီကျစ်ကျောက်မီးသွေးစက်ရုံအား ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စမ်းသပ်လည်ပတ် ကာလတွင် ကျောက်မီးသွေးမှ ထွက်ရှိလာသော ပြာမှုန့်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်နေသည်ဟုဆိုကာ ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

“ရေလည်းရှားလာတယ်။ ကလေးတွေလည်း ရောဂါရလာတယ်။ လယ်ယာထဲက အပင်တွေလည်း အပင်မဖြစ်လာဘူး”ဟု တီကျစ်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

တောင်ကြီးမြို့တွင် ဒီဇင်ဘာလ (၁၀) ရက်နေ့က လူ့အခွင့်အရေးနေ့ အခမ်းအနား တက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်အား အဆိုပါစ က်ရုံစီမံကိန်းနှင့်
ပတ်သက်၍ မေးမြန်းမှုကို ဖြကြေားပေးခဲ့ခြင်းဖြစ်သည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~