တရုတ္ႏုိင္ငံ၊ လာအိုႏုိင္ငံႏွင့္ ထုိင္းႏုိင္ငံမ်ားနွင့္ နယ္နိမိတ္ခ်င္း ထိစပ္ေနသည့္ ရွမ္းျပည္နယ္တြင္ ေဒသတြင္း ကုန္သြယ္မႈ လမ္းေၾကာင္းမ်ိဳးစံုမွ ဝင္ေရာက္လာသည့္ ကုန္ပစၥည္းမ်ားမွ ေဘးအႏၱရာယ္ ကင္းရွင္းေစေရးအတြက္ စားသံုးသူ အကာအကြယ္ေပးႏုိင္ေရး စိစစ္မႈမ်ား၊ လူထုႏွင့္ မရင္းႏွီးေသးသည့္ စားသံုးသူ အခြင့္အေရးမ်ားကို ပညာေပးလုပ္ေဆာင္မႈမ်ား လုပ္ေဆာင္ေနမႈ အေျခအေနမ်ားႏွင့္ စားသံုးသူေရးရာ ဦးစီးဌာန၏ လုပ္ေဆာင္ေနသည့္ လုပ္ငန္းမ်ား အေၾကာင္းကို သိရိွႏုိင္ရန္အတြက္ ရွမ္းျပည္နယ္ေျမာက္ပိုင္း စားသံုးသူေရးရာဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းႏွင့္ တာခ်ီလိတ္သတင္းေအဂ်င္စီမွ ေတြ႔ဆံု၍ ေမးျမန္းထားပါသည္။
TNA ။ ။ ဆရာတို႔ဌာနအေနနဲ႔ အဓိကလုပ္ေဆာင္ေနတဲ့ လုပ္ေဆာင္ခ်က္ေလးေတြကို ေျပာျပေပးလို႔ ရမလား။
UZMT ။ ။ ကြ်န္ေတာ္တို႔ဌာန နာမည္ကိုက စားသံုးသူေရးရာဦးစီးဌာနဆိုေတာ့ စားသံုးသူေတြနဲ႔ ပတ္သက္တဲ့ အကာအကြယ္ ေပးတဲ့လုပ္ငန္းေတြ လုပ္တာေပ့ါ။ အဓိကက ဘာေတြလုပ္လဲဆိုေတာ့ စားသံုးသူေတြရဲ့ အခြင့္အေရးေတြရွိတယ္။ စားသံုးသူေတြရဲ့ အခြင့္အေရးေတြ အျပည့္အဝ ရဖို႔အတြက္ အသိပညာေပး ေဆြးေႏြးပဲြေတြ လုပ္တယ္။ ေဟာေျပာပြဲေတြ လုပ္တယ္။ ေဆြးေႏြးပြဲေတြ လုပ္တယ္။ ကြင္းဆင္း စစ္ေဆးတာေတြ လုပ္တယ္။ ေစ်းကြက္ထဲမွာ စားသံုးသူေတြကို ေဘးအႏၱရာယ္ရွိေစႏိုင္တဲ့ အစားအေသာက္ေတြ၊ ကုန္ပစၥည္းေတြ၊ ထုတ္ကုန္ေတြ ေရာင္းခ်ေနတာ ရွိ/မရွိ စတာေတြကို စစ္ေဆးတယ္။ ေစ်းေတြ၊ စူပါမားကတ္ေတြ၊ စက္ရံုေတြကို စစ္ေဆးတယ္။ ေနာက္တခါက်ေတာ့ စီးပြားေရးလုပ္ငန္းရွင္ေတြကို ကၽြန္ေတာ္တို႔က ေတြ႔ဆံုၿပီးမွ သူတို႔လိုက္နာရမယ့္အခ်က္ေတြ၊ ေရွာင္ၾကဥ္ရမယ့္ အခ်က္ေတြ ဒါေတြကိုလည္း အသိပညာေပး ေဆြးေႏြးပြဲေတြလုပ္တယ္။ ဒါေတြကေတာ့ ကၽြန္ေတာ္တို႔ဌာနရဲ့ အဓိကလုပ္ေဆာင္ခ်က္ေတြေပါ့။
TNA ။ ။ ဌာနရဲ့ လုပ္ငန္းစဥ္ေတြမွာေရာ ျပည္သူလူထုပူးေပါင္းပါဝင္မႈအေနအထား ဘယ္လိုရိွပါသလဲ။
UZMT ။ ။ ျပည္သူလူထုပူးေပါင္း ပါဝင္မႈကေတာ့ အေတာ္ေလး အားရစရာေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ျပည္သူေတြက ဟိုအရင္ကတည္းက စားသံုးသူကာကြယ္ေပးတဲ့ဌာနကို ရွိေစခ်င္တယ္။ အရင္တုန္းကေတာ့ NGO အဖြဲ႔အစည္းေတြပဲရွိတယ္။ ေတာ္ေတာ္မ်ားမ်ားကလည္း အဲဒါကိုပဲသိၾကတယ္။ ကၽြန္ေတာ္တို႔ အစိုးရဌာနအေနနဲ႔ ရွိတယ္ဆိုတာကို မသိၾကဘူး။ ကၽြန္ေတာ္တို႔ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔ကေနစၿပီးေတာ့ စားသံုးသူေရးရာဦးစီးဌာနဆိုၿပီး သီးျခားျပန္လည္ဖြဲ႔စည္းတယ္။
စၿပီးလုပ္တဲ့ အခ်ိန္ကေနၿပီးေတာ့ စားသံုးသူအကာကြယ္ေပးေရး ေဟာေျပာတာေတြ၊ ေဆြးေႏြးတာေတြ လုပ္တယ္။ လက္ကမ္းစာေစာင္ေတြ ျဖန္႔ေဝတယ္။ Facebook မွာလည္း တင္တယ္။ ဒါေၾကာင့္ စားသံုးသူအကာကြယ္ေပးေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျပည္သူလူထုအေနနဲ႔ သိလာၾကတယ္။ သိလာၾကေတာ့ သူတို႔အေနနဲ႔ အားေပးတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလိုအဖြဲ႔အစည္းကို သူတို႔ေမ်ွာ္လင့္ေနတာၾကာၿပီ။ ဒါေပမဲ့ တာဝန္ခံၿပီးလုပ္ေပးမယ့္ အဖြဲ႔အစည္းမရွိဘူး ျဖစ္ေနတယ္။ အဲဒီေတာ့ သူတို႔က သူတို႔အခြင့္အေရးဟာ ဘာေတြရွိတယ္ ဆိုတာကို သူတို႔ကမသိၾကဘူး။ အခုမွ ကြ်န္ေတာ္တို႔က စားသံုးသူရဲ့ အခြင့္အေရးကေတာ့ ၅ ခ်က္ရွိတယ္။ ဒါကေတာ့ ဘယ္လိုဘယ္လိုရွိတယ္ဆိုတာကို ကြ်န္ေတာ္တို႔က ရွင္းျပတယ္။ ရွင္းျပတဲ့ အခါက်ေတာ့မွ သူတို႔က သူတို႔ရဲ့ အခြင့္အေရးကေတာ့ ဒါေတြရွိတယ္ဆိုတာကို သိလာၾကတယ္။ ေနာက္ၿပီး သူတို႔ စားေသာက္ေနတဲ့ အစားအေသာက္ေတြက ေဘးကင္း လံုၿခံဳမႈရွိရဲ့လားဆိုတာကို ကၽြန္ေတာ္တို႔က ကြင္းဆင္း စစ္ေဆးတာေတြ လုပ္တယ္။ ဒါေၾကာင့္မို႔ သူတို႔က ဒီလုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ ေတာ္ေတာ္မ်ားမ်ား အားေပးၾကပါတယ္။
TNA ။ ။ စားသံုးသူေရးရာဌာနရဲ့လုပ္ငန္းစဥ္ေတြက ျပည္သူလူထုအတြက္ ဘယ္ေလာက္အေရးပါ ပါသလဲ။
UZMT ။ ။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ စားသံုးသူေရးရာဌာနက အာဆီယံႏိုင္ငံေတြနဲ႔ ယွဥ္ရင္ေတာ့ အေတာ္ေလးကို ေနာက္က် ေနပါတယ္။ စားသံုးသူေရးရာဌာနဆိုတာက အခုမွ ေပၚလာတာလားဆိုတဲ့ အျမင္မ်ိဳးေတာင္ ရွိတယ္ေလ။ ဘယ္ခ်ိန္က ေပၚလာတာလဲလို႔ ေမးခံရတယ္။
စားသံုးသူအကာအကြယ္ ေပးေရးဥပေဒဆိုတာက ၂၀၁၄ ခုႏွစ္ မတ္လ ၁၄ ရက္ေန႔ကတည္းက ႏိုင္ငံေတာ္သမၼတကေန လက္မွတ္ေရးထိုး ထုတ္ျပန္ထားေပးၿပီးသားပါ။ ထုတ္ျပန္ေပးၿပီးကတည္းက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဌာနကေနၿပီးေတာ့ တာဝန္ယူၿပီး စားသံုးသူေရးရာ အကာအကြယ္ ေပးေရးကို ေဆာင္ရြက္ေနပါၿပီ။ ဒါေပမဲ့ စီးပြား/ကူးသန္း ဌာနအေနနဲ႔က သြင္းကုန္/ ထုတ္ကုန္ေတြကိုေရာ လုပ္ေနရတဲ့အတြက္ စားသံုးသူ အကာကြယ္ေပးေရးနဲ႔ ပတ္သက္ၿပီးေတာ့ တစိုက္မတ္မတ္ မလုပ္ႏိုင္ခဲ့ဘူး။ အဲဒီေနာက္ ကုန္သြယ္မႈျမွင့္တင္ေရးဦးစီးဌာနနဲ႔ ေပါင္းၿပီး ကုန္သြယ္မႈျမွင့္တင္ေရးနဲ႔ စားသံုးသူေရးရာ ဌာနဆိုၿပီးေတာ့ ျပန္ဖြဲ႔တယ္။ ဒါေပမဲ့ ကုန္သြယ္မႈျမွင့္တင္ေရးကိုပဲ ဦးစားေပးၿပီးလုပ္ေနရေတာ့ စားသံုးသူ အကာအကြယ္ေပးေရးအတြက္ သိပ္ၿပီးေတာ့ မလုပ္ႏိုင္ဘူးေပါ့ေလ။ မလုပ္ျဖစ္တာေပါ့။ အဲဒီအခါက်ေတာ့ ဒါေတြက အမ်ိဳးသားေရးအက်ိဳးစီးပြားနဲ႔ဆိုင္တယ္ေလ။ ဘာလို႔လဲဆိုေတာ့ ဒီအစားအေသာက္ေတြက အဓိက က်တယ္။ ကၽြန္ေတာ္တို႔က အစားအေသာက္တစ္ခုထဲေတာ့ မဟုတ္ဘူးေလ။ ထုတ္ကုန္ေတြ၊ ဇိမ္ခံပစၥည္းေတြကအစ ေၾကာ္ျငာလုပ္ငန္းေတြ၊ ဝန္ေဆာင္မႈလုပ္ငန္းေတြပါ ပါတယ္ေလ။
အစားအေသာက္ကို ဘာလို႔ အဓိကထားၿပီး လုပ္ရတာလဲဆိုေတာ့ အစားအေသာက္က လူေတြကို ပထမဆံုး အက်ိဳးသက္ေရာက္ ေစတယ္ေလ။ အစားအေသာက္က လူတိုင္းစားေနရတာဆိုေတာ့ နံပါတ္တစ္ ဦးစားေပးအေနနဲ႔ လုပ္ရတာေပါ့။ က်န္တဲ့ထုတ္ကုန္ေတြ ဝန္ေဆာင္မႈလုပ္ငန္းေတြနဲ႔ ပတ္သက္တာကိုေရာ က်ယ္က်ယ္ျပန္႔ျပန္႔ ဆက္လုပ္သြားမယ္။ တရုတ္နယ္စပ္ကေနဝင္လာရင္ ဒီရွမ္းျပည္ကို ျဖတ္ၿပီးေတာ့ ျမန္မာျပည္ အႏွ႔ံအျပားကို ေရာက္မယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေနနဲ႔ စိစိစစ္စစ္လုပ္မယ္ဆိုရင္ ျပည္သူလူထုအတြက္ အေရးပါတဲ့ လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ျပည္သူလူထုအတြက္ အမ်ားႀကီးအေရးပါပါတယ္။
TNA ။ ။ ဌာနရဲ႕လုပ္ငန္းစဥ္မွာ ျပည္သူလူထုပူးေပါင္းပါဝင္မႈက ဘယ္ေလာက္အက်ိဳးသက္ေရာက္မႈ ရိွႏုိင္ပါသလဲ။
UZMT ။ ။ ဟုတ္ကဲ့ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားကို အက်ိဳးသက္ေရာက္မႈရွိပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြ်န္ေတာ္တို႔ လုပ္တာက စားသံုးတဲ့သူေတြ ေဘးအႏၱရာယ္ ကင္းရွင္းဖို႔လုပ္တယ္။
ကၽြန္ေတာ္တို႔ကိုယ္တိုင္ ကလည္း စားသံုးသူေတြပဲ။ အကုန္လံုးဟာ စားသံုးတဲ့သူေတြပဲျဖစ္တဲ့အတြက္ ဒီလုပ္ငန္းမွာစားသံုးတဲ့သူေတြ ပါဝင္မွ ေအာင္ျမင္မွာ။ ဘာလို႔လဲဆိုေတာ့ စားသံုးတဲ့သူေတြကိုယ္တိုင္က သူတို႔ရဲ့အခြင့္အေရးဟာ ဘာေတြ ရွိတယ္၊ သူတို႔အခြင့္အေရးေတြ ထိခုိက္ၿပီ၊ ခ်ိဳးေဖာက္ခံရၿပီဆိုရင္ ဘယ္ဌာနကိုအသိေပးရမယ္ ၊ တိုင္တန္းရမယ္၊ ဘယ္လိုလုပ္လို႔ရမယ္ဆိုတာကို သူတို႔ကိုယ္တိုင္သိမွ သူတို႔ ကိုယ္တိုင္ ပူးေပါင္းပါဝင္မွ ကၽြန္ေတာ္တို႔က ဒါေတြကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေဆာင္ရြက္ႏိုင္မွာေလ။ ဥပမာ စားသံုးသူ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရတယ္ဆိုတာကို သူတို႔မေျပာဘဲနဲ႔ကၽြန္ေတာ္တို႔က မသိႏိုင္ဘူး။ ကၽြန္ေတာ္တို႔ ကြင္းဆင္းရင္းနဲ႔ေတာ့ သိတာေပါ့။ ဒါေပမဲ့ သူတို႔တကယ္ႀကံဳရတဲ့သူေတြက ပိုသိတာေပါ့။ စားသံုးတဲ့သူေတြက သူတို႔ရဲ့အခြင့္အေရးကို ခ်ိဳးေဖာက္ခံရၿပီဆိုတာနဲ႔ သူတို႔က ခ်က္ခ်င္း တိုင္ၾကားတတ္ရမယ္။ သတင္းေပးရမယ္။ ဒီလိုမ်ိဳးျဖစ္လာၿပီဆိုရင္ေတာ့ ကၽြြန္ေတာ္တို႔က စစ္ေဆး အေရးယူလို႔ရၿပီေလ။ ဒါေၾကာင့္မို႔ သူတို႔ေတြရဲ့ပူးေပါင္း ပါဝင္မႈက ကၽြန္ေတာ္တို႔အတြက္ ပိုအေရးႀကီး ပါတယ္။
ေက်းဇူးတင္ပါတယ္။
ေတြ႔ဆံုေမးျမန္းသူ ။ ေနၿဖဳိးျမင့္
TNA ။ ။ ဆရာတို့ဌာနအနေနဲ့ အဓိကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်လေးတွေကို ပြောပြပေးလို့ ရမလား။
UZMT ။ ။ ကျွန်တော်တို့ဌာန နာမည်ကိုက စားသုံးသူရေးရာဦးစီးဌာနဆိုတော့ စားသုံးသူတွေနဲ့ ပတ်သက်တဲ့ အကာအကွယ် ပေးတဲ့လုပ်ငန်းတွေ လုပ်တာပေါ့။ အဓိကက ဘာတွေလုပ်လဲဆိုတော့ စားသုံးသူတွေရဲ့ အခွင့်အရေးတွေရှိတယ်။ စားသုံးသူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရဖို့အတွက် အသိပညာပေး ဆွေးနွေးပွဲတွေ လုပ်တယ်။ ဟောပြောပွဲတွေ လုပ်တယ်။ ဆွေးနွေးပွဲတွေ လုပ်တယ်။ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်တယ်။ ဈေးကွက်ထဲမှာ စားသုံးသူတွေကို ဘေးအန္တရာယ်ရှိစေနိုင်တဲ့ အစားအသောက်တွေ၊ ကုန်ပစ္စည်းတွေ၊ ထုတ်ကုန်တွေ ရောင်းချနေတာ ရှိ/မရှိ စတာတွေကို စစ်ဆေးတယ်။ ဈေးတွေ၊ စူပါမားကတ်တွေ၊ စက်ရုံတွေကို စစ်ဆေးတယ်။ နောက်တခါကျတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို ကျွန်တော်တို့က တွေ့ဆုံပြီးမှ သူတို့လိုက်နာရမယ့်အချက်တွေ၊ ရှောင်ကြဉ်ရမယ့် အချက်တွေ ဒါတွေကိုလည်း အသိပညာပေး ဆွေးနွေးပွဲတွေလုပ်တယ်။ ဒါတွေကတော့ ကျွန်တော်တို့ဌာနရဲ့ အဓိကလုပ်ဆောင်ချက်တွေပေါ့။
TNA ။ ။ ဌာနရဲ့ လုပ်ငန်းစဉ်တွေမှာရော ပြည်သူလူထုပူးပေါင်းပါဝင်မှုအနေအထား ဘယ်လိုရှိပါသလဲ။
UZMT ။ ။ ပြည်သူလူထုပူးပေါင်း ပါဝင်မှုကတော့ အတော်လေး အားရစရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေက ဟိုအရင်ကတည်းက စားသုံးသူကာကွယ်ပေးတဲ့ဌာနကို ရှိစေချင်တယ်။ အရင်တုန်းကတော့ NGO အဖွဲ့အစည်းတွေပဲရှိတယ်။ တော်တော်များများကလည်း အဲဒါကိုပဲသိကြတယ်။ ကျွန်တော်တို့ အစိုးရဌာနအနေနဲ့ ရှိတယ်ဆိုတာကို မသိကြဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေစပြီးတော့ စားသုံးသူရေးရာဦးစီးဌာနဆိုပြီး သီးခြားပြန်လည်ဖွဲ့စည်းတယ်။
စပြီးလုပ်တဲ့ အချိန်ကနပြေီးတော့ စားသုံးသူအကာကွယ်ပေးရေး ဟောပြောတာတွေ၊ ဆွေးနွေးတာတွေ လုပ်တယ်။ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ်။ Facebook မှာလည်း တင်တယ်။ ဒါကြောင့် စားသုံးသူအကာကွယ်ပေးရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအနေနဲ့ သိလာကြတယ်။ သိလာကြတော့ သူတို့အနေနဲ့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအဖွဲ့အစည်းကို သူတို့မျှော်လင့်နေတာကြာပြီ။ ဒါပေမဲ့ တာဝန်ခံပြီးလုပ်ပေးမယ့် အဖွဲ့အစည်းမရှိဘူး ဖြစ်နေတယ်။ အဲဒီတော့ သူတို့က သူတို့အခွင့်အရေးဟာ ဘာတွေရှိတယ် ဆိုတာကို သူတို့ကမသိကြဘူး။ အခုမှ ကျွန်တော်တို့က စားသုံးသူရဲ့ အခွင့်အရေးကတော့ ၅ ချက်ရှိတယ်။ ဒါကတော့ ဘယ်လိုဘယ်လိုရှိတယ်ဆိုတာကို ကျွန်တော်တို့က ရှင်းပြတယ်။ ရှင်းပြတဲ့ အခါကျတော့မှ သူတို့က သူတို့ရဲ့ အခွင့်အရေးကတော့ ဒါတွေရှိတယ်ဆိုတာကို သိလာကြတယ်။ နောက်ပြီး သူတို့ စားသောက်နေတဲ့ အစားအသောက်တွေက ဘေးကင်း လုံခြုံမှုရှိရဲ့လားဆိုတာကို ကျွန်တော်တို့က ကွင်းဆင်း စစ်ဆေးတာတွေ လုပ်တယ်။ ဒါကြောင့်မို့ သူတို့က ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တော်တော်များများ အားပေးကြပါတယ်။
TNA ။ ။ စားသုံးသူရေးရာဌာနရဲ့လုပ်ငန်းစဉ်တွေက ပြည်သူလူထုအတွက် ဘယ်လောက်အရေးပါ ပါသလဲ။
UZMT ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ စားသုံးသူရေးရာဌာနက အာဆီယံနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အတော်လေးကို နောက်ကျ နေပါတယ်။ စားသုံးသူရေးရာဌာနဆိုတာက အခုမှ ပေါ်လာတာလားဆိုတဲ့ အမြင်မျိုးတောင် ရှိတယ်လေ။ ဘယ်ချိန်က ပေါ်လာတာလဲလို့ မေးခံရတယ်။
စားသုံးသူအကာအကွယ် ပေးရေးဥပဒေဆိုတာက ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့ကတည်းက နိုင်ငံတော်သမ္မတကနေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပေးပြီးသားပါ။ ထုတ်ပြန်ပေးပြီးကတည်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနကနပြေီးတော့ တာဝန်ယူပြီး စားသုံးသူရေးရာ အကာအကွယ် ပေးရေးကို ဆောင်ရွက်နေပါပြီ။ ဒါပေမဲ့ စီးပွား/ကူးသန်း ဌာနအနေနဲ့က သွင်းကုန်/ ထုတ်ကုန်တွေကိုရော လုပ်နေရတဲ့အတွက် စားသုံးသူ အကာကွယ်ပေးရေးနဲ့ ပတ်သက်ပြီးတော့ တစိုက်မတ်မတ် မလုပ်နိုင်ခဲ့ဘူး။ အဲဒီနောက် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနနဲ့ ပေါင်းပြီး ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူရေးရာ ဌာနဆိုပြီးတော့ ပြန်ဖွဲ့တယ်။ ဒါပေမဲ့ ကုန်သွယ်မှုမြှင့်တင်ရေးကိုပဲ ဦးစားပေးပြီးလုပ်နေရတော့ စားသုံးသူ အကာအကွယ်ပေးရေးအတွက် သိပ်ပြီးတော့ မလုပ်နိုင်ဘူးပေါ့လေ။ မလုပ်ဖြစ်တာပေါ့။ အဲဒီအခါကျတော့ ဒါတွေက အမျိုးသားရေးအကျိုးစီးပွားနဲ့ဆိုင်တယ်လေ။ ဘာလို့လဲဆိုတော့ ဒီအစားအသောက်တွေက အဓိက ကျတယ်။ ကျွန်တော်တို့က အစားအသောက်တစ်ခုထဲတော့ မဟုတ်ဘူးလေ။ ထုတ်ကုန်တွေ၊ ဇိမ်ခံပစ္စည်းတွေကအစ ကြော်ငြာလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေပါ ပါတယ်လေ။
အစားအသောက်ကို ဘာလို့ အဓိကထားပြီး လုပ်ရတာလဲဆိုတော့ အစားအသောက်က လူတွေကို ပထမဆုံး အကျိုးသက်ရောက် စေတယ်လေ။ အစားအသောက်က လူတိုင်းစားနေရတာဆိုတော့ နံပါတ်တစ် ဦးစားပေးအနေနဲ့ လုပ်ရတာပေါ့။ ကျန်တဲ့ထုတ်ကုန်တွေ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်တာကိုရော ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်သွားမယ်။ တရုတ်နယ်စပ်ကနေဝင်လာရင် ဒီရှမ်းပြည်ကို ဖြတ်ပြီးတော့ မြန်မာပြည် အနှံ့အပြားကို ရောက်မယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိစိစစ်စစ်လုပ်မယ်ဆိုရင် ပြည်သူလူထုအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အများကြီးအရေးပါပါတယ်။
TNA ။ ။ ဌာနရဲ့လုပ်ငန်းစဉ်မှာ ပြည်သူလူထုပူးပေါင်းပါဝင်မှုက ဘယ်လောက်အကျိုးသက်ရောက်မှု ရှိနိုင်ပါသလဲ။
UZMT ။ ။ ဟုတ်ကဲ့ ရာခိုင်နှုန်းတော်တော်များများကို အကျိုးသက်ရောက်မှုရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ လုပ်တာက စားသုံးတဲ့သူတွေ ဘေးအန္တရာယ် ကင်းရှင်းဖို့လုပ်တယ်။
ကျွန်တော်တို့ကိုယ်တိုင် ကလည်း စားသုံးသူတွေပဲ။ အကုန်လုံးဟာ စားသုံးတဲ့သူတွေပဲဖြစ်တဲ့အတွက် ဒီလုပ်ငန်းမှာစားသုံးတဲ့သူတွေ ပါဝင်မှ အောင်မြင်မှာ။ ဘာလို့လဲဆိုတော့ စားသုံးတဲ့သူတွေကိုယ်တိုင်က သူတို့ရဲ့အခွင့်အရေးဟာ ဘာတွေ ရှိတယ်၊ သူတို့အခွင့်အရေးတွေ ထိခိုက်ပြီ၊ ချိုးဖောက်ခံရပြီဆိုရင် ဘယ်ဌာနကိုအသိပေးရမယ်၊ တိုင်တန်းရမယ်၊ ဘယ်လိုလုပ်လို့ရမယ်ဆိုတာကို သူတို့ကိုယ်တိုင်သိမှ သူတို့ ကိုယ်တိုင် ပူးပေါင်းပါဝင်မှ ကျွန်တော်တို့က ဒါတွေကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မှာလေ။ ဥပမာ စားသုံးသူ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဆိုတာကို သူတို့မပြောဘဲနဲ့ကျွန်တော်တို့က မသိနိုင်ဘူး။ ကျွန်တော်တို့ ကွင်းဆင်းရင်းနဲ့တော့ သိတာပေါ့။ ဒါပေမဲ့ သူတို့တကယ်ကြုံရတဲ့သူတွေက ပိုသိတာပေါ့။ စားသုံးတဲ့သူတွေက သူတို့ရဲ့အခွင့်အရေးကို ချိုးဖောက်ခံရပြီဆိုတာနဲ့ သူတို့က ချက်ချင်း တိုင်ကြားတတ်ရမယ်။ သတင်းပေးရမယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့က စစ်ဆေး အရေးယူလို့ရပြီလေ။ ဒါကြောင့်မို့ သူတို့တွေရဲ့ပူးပေါင်း ပါဝင်မှုက ကျွန်တော်တို့အတွက် ပိုအရေးကြီး ပါတယ်။
ကျေးဇူးတင်ပါတယ်။