နယ္စပ္ေဒသႏွင့္တိုင္းရင္းသားလူမ်ဳိးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ၂၀၁၆ -၂၀၁၇ဘ႑ာႏွစ္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ေဆာက္ေရး ရန္ပုံေငြျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္၊ ထူးေဒါ့ ေက်းရြာတြင္ ဆိုလာျပားႏွင့္ဆက္စပ္ ပစၥည္း (၈၅)စံုကို ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ ေထာက္ပံ့ လိုက္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္တို႔ရြာမွာ အိမ္ေျခ (၈၅)အိမ္ရိွၿပီး အာခါလူမ်ဳိးနဲ႔ လားဟူလူမ်ဳိးေတြေနထိုင္ပါတယ္။ အိမ္(၄)အိမ္ ေလာက္ပဲ လွ်ပ္စစ္မီးအသုံးျပဳႏိုင္ၿပီး အမ်ားစုက ဖေယာင္းတိုင္မီးကိုပဲ အသုံးျပဳၾကရတာပါ။ အခု ႏိုင္ငံေတာ္က ဆိုလာမီးအခမဲ့ ေထာက္ပံ့ေပးလို႔ ရြာလုံးကၽြတ္မီးလင္းေတာ့မွာမို႔ ေပ်ာ္ပါတယ္။ ကၽြန္ေတာ္တို႔ အာခါလူမ်ဳိးေတြရဲ႕ ႏွစ္သစ္ကူးကာလအတြင္းမွာ လာေရာက္ေထာက္ပံ့ေပးလုိ႔ ပိုၿပီးေပ်ာ္ရပါတယ္။ တာ၀န္ရိွသူမ်ား အားလုံးကို အထူးေက်းဇူးတင္ပါတယ္”ဟု အာခါတိုင္းရင္းသား ဓမၼဆရာ ဦးမဲေဂ်က ေျပာသည္။
၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္၌ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဳိးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ပထမအႀကိမ္တြင္ မိုင္းဆတ္ၿမိဳ႕နယ္ရိွ ေက်းရြာေလးရြာသို႔ ဆိုလာျပားႏွင့္ဆက္စပ္ပစၥည္း ၇၃ စုံ အခမဲ့ ေထာက္ပံ့ေပးအပ္ခဲ့ၿပီး ယခု ဒုတိယ အႀကိမ္အျဖစ္ ေက်းရြာ(၁၁)ရြာသို႔ ဆိုလာျပားႏွင့္ဆက္စပ္ပစၥည္း ၃၃၀ စုံကို အခမဲ့ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ဆိုလာျပားႏွင့္ ဆက္စပ္ပစၥည္းမ်ား အခမဲ့ေထာက္ပံ့သည့္ အခမ္းအနားသို႔ ခ႐ိုင္နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဳိးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ခ႐ိုင္ဦးစီးမွဴး ဦးသိန္းထြဋ္ဦးႏွင့္ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္တို႔လည္းတက္ေရာက္ၿပီး AUGUSTA ကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ဦးေက်ာထြဋ္ခိုင္က ဆိုလာမီးအႏၱရာယ္ကင္းရွင္းစြာ အသုံး ျပဳေရး နည္းပညာသ႐ုပ္ျပရွင္းလင္းေၾကာင္း သိရသည္။
“ကျွန်တော်တို့ရွာမှာ အိမ်ခြေ (၈၅)အိမ်ရှိပြီး အာခါလူမျိုးနဲ့ လားဟူလူမျိုးတွေနေထိုင်ပါတယ်။ အိမ်(၄)အိမ် လောက်ပဲ လျှပ်စစ်မီးအသုံးပြုနိုင်ပြီး အများစုက ဖယောင်းတိုင်မီးကိုပဲ အသုံးပြုကြရတာပါ။ အခု နိုင်ငံတော်က ဆိုလာမီးအခမဲ့ ထောက်ပံ့ပေးလို့ ရွာလုံးကျွတ်မီးလင်းတော့မှာမို့ ပျော်ပါတယ်။ ကျွန်တော်တို့ အာခါလူမျိုးတွေရဲ့ နှစ်သစ်ကူးကာလအတွင်းမှာ လာရောက်ထောက်ပံ့ပေးလို့ ပိုပြီးပျော်ရပါတယ်။ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်”ဟု အာခါတိုင်းရင်းသား ဓမ္မဆရာ ဦးမဲဂျေက ပြောသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပထမအကြိမ်တွင် မိုင်းဆတ်မြို့နယ်ရှိ ကျေးရွာလေးရွာသို့ ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်း ၇၃ စုံ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု ဒုတိယ အကြိမ်အဖြစ် ကျေးရွာ(၁၁)ရွာသို့ ဆိုလာပြားနှင့်ဆက်စပ်ပစ္စည်း ၃၃၀ စုံကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ အခမဲ့ထောက်ပံ့သည့် အခမ်းအနားသို့ ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထွဋ်ဦးနှင့် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်တို့လည်းတက်ရောက်ပြီး AUGUSTA ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကျောထွဋ်ခိုင်က ဆိုလာမီးအန္တရာယ်ကင်းရှင်းစွာ အသုံး ပြုရေး နည်းပညာသရုပ်ပြရှင်းလင်းကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး