တာခ်ီလိတ္ၿမိဳ႕နယ္၏ အရန္မီးသတ္တပ္ရင္းစခန္းအား ေစတနာရွင္ အလွဴရွင္မ်ား၏ စုေပါင္းလွဴဒါန္းမႈျဖင့္ ေဆာက္လုပ္ေနသည္မွာ (၅၀)ရာခိုင္ႏႈန္းခန္႔ ၿပီးစီးေနၿပီး (၁၀၀)ရာခုိင္ႏႈန္း ၿပီးေျမာက္ရန္အတြက္ ေစတနာရွင္မ်ား၏ အကူအညီမ်ား လိုအပ္ေနေသးေၾကာင္း သိရသည္။
"အခုေလာေလာဆယ္ကေတာ့ အေဆာက္အဦကေတာ့ (၅၀)ရာခိုင္ႏႈန္းေလာက္ၿပီးေနပါၿပီ၊ အဲ့ေလာက္ ၿပီးေအာင္လည္း ၿမိဳ႕မိၿမိဳ႕ဖမ်ားနဲ႔ ေစတနာရွင္ အလွဴရွင္မ်ားရဲ႕ ကူညီပံ့ပိုးေပးမႈမ်ားေၾကာင့္ပါ၊ ဆက္လက္ၿပီးေတာ့လည္း ရာႏႈန္းျပည့္ ၿပီးစီးဖို႔အတြက္ အလွဴရွင္မ်ားရဲ႕ အကူအညီမ်ားလည္း ထပ္မံ လိုအပ္ေနပါေသးတယ္၊ အရင္ကဆိုရင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြအေနနဲ႔ အေရးေပၚကိစၥေတြ ျဖစ္လာမယ္ဆုိရင္ လြယ္လြယ္နဲ႔ စုစည္းဖို႔မလြယ္ဘူး၊ အခုကေတာ့ ေျမေနရာလည္း ရရွိထားပါၿပီ၊ စခန္းေဆာက္လုပ္ၿပီးသြားရင္ေတာ့ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြ အလြယ္တကူ စုစည္းႏိုင္မွာ ျဖစ္ပါတယ္။"ဟု ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္ေကာင္းရပ္ကြက္၊ အပိုင္း(က)၊ ေဂၚရခါးဓမၼာရံုေရွ႕လမ္သြယ္၊ ဇီ၀ကအခမဲ့ ေဆးခန္းအနီးတြင္ အရန္မီးသတ္တပ္ရင္း ေျမေနရာအတြက္ အလ်ား(၁၂၀)ေပႏွင့္ အနံ(၃၂)ရွိ ေျမကြက္အား ဟိုတယ္တာခ်ီလိတ္ ႏွင့္ ဘုရင့္ေနာင္ေစ်းပိုင္ရွင္ ဦးထြန္းေနဦး မိသားစုမွ လွဴဒါန္းေပးခဲ့သည့္ အတြက္ ၂၀၁၆ခုႏွစ္ ဇူလိူင္လ (၉)ရက္ေန႔က စတင္၍ ေဆာက္လုပ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
"အဓိက အေဆာက္အဦ ေဆာက္လုပ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ တာခ်ီလိတ္ၿမိဳ႕မွာ သဘာ၀ေဘး အႏၱရာယ္မ်ားနဲ႔ ႀကံဳေတြ႕လာတဲ့အခါ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြ အေနနဲ႔ အျမန္ဆံုးသြားေရာက္ႏိုင္ေရးအတြက္ပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီစခန္းမွာ အရန္မီးသတ္တပ္ဖြဲ႔၀င္ေတြ အေျချပဳၿပီး ေနထိုင္ၾကမွာ ျဖစ္တဲ့အတြက္ ေဘးအႏၱရာယ္တစ္ခုခု ႀကံဳေတြ႕လာရၿပီဆိုရင္ တပ္ဖြဲ႔၀င္ေတြ စုစည္းၿပီး အျမန္ဆံုး သြားေရာက္ႏိုင္မွာျဖစ္သလို၊ လူမႈအက်ဳိးျပဳ လုပ္ငန္းေတြနဲ႔ ရပ္ရြာအက်ဳိးလည္း ဒီထက္ပိုၿပီး လွ်င္လွ်င္ျမန္ျမန္ ေဆာင္ရြက္ႏိုင္မွာပါ။"ဟု ဒုတိယတပ္ရင္းမွဴး ဦးရဲနႏၵာလင္းက ဆိုသည္။
တာခ်ီလိတ္ၿမိဳ႕နယ္တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ (၁၈၀၀)ေက်ာ္ရွိၿပီး တာခ်ီလိတ္ခရိုင္ တစ္ခုလံုးတြင္ အရန္မီးသတ္တပ္ဖြဲ႔၀င္ စုစုေပါင္း (၃၀၀၀)ေက်ာ္ ရွိေၾကာင္း သိရသည္။
"အခုလောလောဆယ်ကတော့ အဆောက်အဦကတော့ (၅၀)ရာခိုင်နှုန်းလောက်ပြီးနေပါပြီ၊ အဲ့လောက် ပြီးအောင်လည်း မြို့မိမြို့ဖများနဲ့ စေတနာရှင် အလှူရှင်များရဲ့ ကူညီပံ့ပိုးပေးမှုများကြောင့်ပါ၊ ဆက်လက်ပြီးတော့လည်း ရာနှုန်းပြည့် ပြီးစီးဖို့အတွက် အလှူရှင်များရဲ့ အကူအညီများလည်း ထပ်မံ လိုအပ်နေပါသေးတယ်၊ အရင်ကဆိုရင် အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အရေးပေါ်ကိစ္စတွေ ဖြစ်လာမယ်ဆိုရင် လွယ်လွယ်နဲ့ စုစည်းဖို့မလွယ်ဘူး၊ အခုကတော့ မြေနေရာလည်း ရရှိထားပါပြီ၊ စခန်းဆောက်လုပ်ပြီးသွားရင်တော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တကူ စုစည်းနိုင်မှာ ဖြစ်ပါတယ်။"ဟု မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ပြောသည်။
တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ အပိုင်း(က)၊ ဂေါ်ရခါးဓမ္မာရုံရှေ့လမ်သွယ်၊ ဇီဝကအခမဲ့ ဆေးခန်းအနီးတွင် အရန်မီးသတ်တပ်ရင်း မြေနေရာအတွက် အလျား(၁၂၀)ပေနှင့် အနံ(၃၂)ရှိ မြေကွက်အား ဟိုတယ်တာချီလိတ် နှင့် ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦး မိသားစုမှ လှူဒါန်းပေးခဲ့သည့် အတွက် ၂၀၁၆ခုနှစ် ဇူလိူင်လ (၉)ရက်နေ့က စတင်၍ ဆောက်လုပ်နခြေင်း ဖြစ်ကြောင်း သိရသည်။
"အဓိက အဆောက်အဦ ဆောက်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တာချီလိတ်မြို့မှာ သဘာဝဘေး အန္တရာယ်များနဲ့ ကြုံတွေ့လာတဲ့အခါ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ အမြန်ဆုံးသွားရောက်နိုင်ရေးအတွက်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစခန်းမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အခြပြေုပြီး နေထိုင်ကြမှာ ဖြစ်တဲ့အတွက် ဘေးအန္တရာယ်တစ်ခုခု ကြုံတွေ့လာရပြီဆိုရင် တပ်ဖွဲ့ဝင်တွေ စုစည်းပြီး အမြန်ဆုံး သွားရောက်နိုင်မှာဖြစ်သလို၊ လူမှုအကျိုးပြု လုပ်ငန်းတွေနဲ့ ရပ်ရွာအကျိုးလည်း ဒီထက်ပိုပြီး လျှင်လျှင်မြန်မြန် ဆောင်ရွက်နိုင်မှာပါ။"ဟု ဒုတိယတပ်ရင်းမှူး ဦးရဲနန္ဒါလင်းက ဆိုသည်။
တာချီလိတ်မြို့နယ်တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၈၀၀)ကျော်ရှိပြီး တာချီလိတ်ခရိုင် တစ်ခုလုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း (၃၀၀၀)ကျော် ရှိကြောင်း သိရသည်။