
ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္တြင္ မသကၤာဖြယ္ အိတ္တစ္လံုးနွင့္ အမ်ဳိးသားတစ္ဦးအား ေတ႔ြရသျဖင့္ စစ္ေဆးရာမွ ၉ မမ ပစၥတိုႏွစ္လက္အား ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။
ဒီဇင္ဘာလ ၂၇ ရက္ေန႔ ညေန(၅)နာရီခြဲအခ်ိန္က ခ်ယ္ရီလမ္းႏွင့္ ဦးေအာင္ေဇယ်လမ္းဆံုတြင္ မသကၤာဖြယ္အေနအထားျဖင့္ မိန္းမကိုင္ အဝတ္လက္ဆဲြအိတ္ႏွင့္ အမ်ိဳးသားတစ္ဦးအား တာေလာ့ရပ္ကြက္ အတြင္း တာ၀န္ရွိသူမ်ားက ေတြ႕ရသျဖင့္ စစ္ေဆးရာမွ အိတ္အတြင္းမွ ဂ်ာမဏီႏိုင္ငံလုပ္ ၉ မမ ပစၥတို အနက္ေရာင္တစ္လက္ႏွင့္ အညိဳေရာင္တစ္လက္တို႔အား ရွာေဖြ ေတြ႔ရိွရသျဖင့္ ဆက္လက္အေရးယူႏုိင္ရန္ တာေလာ့ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္တာ၀န္ရွိသူမ်ားက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးအပ္လိုက္ေၾကာင္း သိရသည္။
လက္နက္မ်ားႏွင့္အတူ ေတြ႔ရသည့္ က်ိဳင္းတံုၿမိဳ႕ေန အသက္ ၃၉ ႏွစ္အရြယ္ စိုင္းရီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၄၉/၂၀၁၆ ၊ ၁၉၂၄ ခုႏွစ္ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂ (က)အရ အမႈဖြင့္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က ချယ်ရီလမ်းနှင့် ဦးအောင်ဇေယျလမ်းဆုံတွင် မသင်္ကာဖွယ်အနေအထားဖြင့် မိန်းမကိုင် အဝတ်လက်ဆွဲအိတ်နှင့် အမျိုးသားတစ်ဦးအား တာလော့ရပ်ကွက် အတွင်း တာဝန်ရှိသူများက တွေ့ရသဖြင့် စစ်ဆေးရာမှ အိတ်အတွင်းမှ ဂျာမဏီနိုင်ငံလုပ် ၉ မမ ပစ္စတို အနက်ရောင်တစ်လက်နှင့် အညိုရောင်တစ်လက်တို့အား ရှာဖွေ တွေ့ရှိရသဖြင့် ဆက်လက်အရေးယူနိုင်ရန် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက တာချီလိတ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
လက်နက်များနှင့်အတူ တွေ့ရသည့် ကျိုင်းတုံမြို့နေ အသက် ၃၉ နှစ်အရွယ် စိုင်းရီအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄၉/၂၀၁၆၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂ (က)အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။