အာခါတိုင်းရင်းသားရေး ရာဝန်ကြီး ကြီးမှူးသည့် (၄၂)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ရှိ မြို့မ အားကစားကွင်းတွင် ကျင်းပ ပြုလုပ်နေလျှက်ရှိသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
အဆိုပါ နှစ်သစ်ကူးပွဲတော် ဒီဇင်ဘာလ (၂၇)ရက်မှ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပွဲတော်ဖွင့်ပွဲ နှင့် မိတ်ဆုံစားပွဲကို နံနက်(၁၀)နာရီဝန်းက ကျင်းပပြုလုပ်သည်။
ပွဲတော်ဖွင့်ပွဲ နှင့် မိတ်ဆုံစားပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဒေသအုပ်ချုပ်ရေး အကြီးအကဲများ တက်ရောက်ကြောင်း သိရသည်။
အာခါ တိုင်းရင်းသား စုပေါင်းနှစ်သစ်ကူး ပွဲတော်တွင် အာခါရိုးရာယဉ်ကျေးမှု ပြခန်းများ ပြသထားပြီး ရိုးရာအဝတ်အထည်များလည်း ရောင်းချကြောင်း နှင့် ပွဲတော်အတွင်း အာခါရိုးရာ သီဆိုကပြ ဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်