ရန္ကုန္ရြာရွိ ေဆးျဖတ္စခန္းသို႔ ျပည္နယ္စည္ပင္၀န္ႀကီး ႏွင့္ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီးတို႔ သြားေရာက္ အားေပး

ရန္ကုန္ရြာရွိ ေဆးျဖတ္စခန္းသို႔ ျပည္နယ္စည္ပင္၀န္ႀကီး ႏွင့္ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီးတို႔ သြားေရာက္ အားေပး
ဒီဇင်ဘာ 29, 2016
By Tachileik News Agency
ဓာတ္ပံု - (ဦး)လုကာ

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာအတြင္းတြင္ မိုင္းကိုးျပည္သူ႔ စစ္ေခါင္းေဆာင္ ဦးက်ေလာ ဖြင့္လွစ္ထားရွိသည့္ မူးယစ္ေဆးျဖတ္စခန္းတြင္ ေဆးျဖတ္သူ လူငယ္ (၅၀)ဦးအား  လူမႈ၀န္ထမ္း ဦးစီးဌာန ႏွင့္ ကုသေရး ဦးစီးဌာနတုိ႔ ပူးေပါင္းကာ ျပန္လည္ ထူေထာင္ေရး သင္တန္းမ်ားကို ပို႔ခ်ေနလွ်က္ရွိရာ ယေန႔ ဒီဇင္ဘာလ(၂၉)ရက္ေန႔ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔၀င္၊ ျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း ႏွင့္ ဗမာတိုင္းရင္းသားေရးရာ၀န္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ အပါအ၀င္ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္ရႈ႕အားေပးခဲ့ၾကသည္။

အဆိုပါ ရပ္ရြာ အေျချပဳမူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ ထူေထာင္ေရး သင္တန္းကုိ ၂၀၁၆ခုႏွစ္ ဒီဇင္ဘာ ၁၄ ရက္ေန႔က ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း ႏွင့္ ၎ေဆးျဖတ္စခန္းတြင္ ယခင္ကလည္း မူးယစ္ေဆးစြဲေနသူ လူငယ္မ်ားအား ေဆးျဖတ္ေပးခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးစြဲေနသူ လူငယ္မ်ားအား  ျပန္လည္ ထူေထာင္ေရးသင္တန္းမ်ားအျဖစ္ အသက္ေမြး၀မ္းေၾကာင္း သင္တန္းမ်ားျဖစ္သည့္ စိုက္ပ်ဳိးေရးဦးစီးဌာန ႏွင့္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတို႔မွ ပို႔ခ်ေပးၿပီး ျပန္လည္ထူေထာင္ေရးႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ အဖြဲ႔အစည္းမ်ားက အခ်ိန္ပိုင္းခြဲကာ ပို႔ခ်ေပးျခင္းျဖင့္ ေဆာင္ရြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာအတွင်းတွင် မိုင်းကိုးပြည်သူ့ စစ်ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးဖြတ်စခန်းတွင် ဆေးဖြတ်သူ လူငယ် (၅၀)ဦးအား လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေး သင်တန်းများကို ပို့ချနေလျှက်ရှိရာ ယနေ့ ဒီဇင်ဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင် အပါအဝင် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါ ရပ်ရွာ အခြပြေုမူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည် ထူထောင်ရေး သင်တန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း နှင့်၎င်းဆေးဖြတ်စခန်းတွင် ယခင်ကလည်း မူးယစ်ဆေးစွဲနေသူ လူငယ်များအား ဆေးဖြတ်ပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးစွဲနေသူ လူငယ်များအား ပြန်လည် ထူထောင်ရေးသင်တန်းများအဖြစ် အသက်မွေးဝမ်းကြောင်း သင်တန်းများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ပို့ချပေးပြီး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက အချိန်ပိုင်းခွဲကာ ပို့ချပေးခြင်းဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~