ကေမၻာဇအနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းက ရွမ္းေျမာက္ ကုန္သည္စက္မႈအသင္းရံုးအတြက္ က်ပ္သိန္းတစ္ေထာင္လွဴဒါန္း

ကေမၻာဇအနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းက ရွမ္းေျမာက္ ကုန္သည္စက္မႈအသင္းရံုးအတြက္ က်ပ္သိန္းတစ္ေထာင္လွဴဒါန္း
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္အသင္းအတြက္ ရံုးအေဆာက္အဦး ေဆာက္လုပ္ရန္ ကေမၻာဇအနာဂတ္အလင္းတန္း ျမန္မာ ေဖာင္ေဒးရွင္းမွ အပါအ၀င္ လုပ္ငန္းရွင္မ်ားမွ ပါ၀င္လွဴဒါန္းၾကရာ အလွဴေငြ က်ပ္သိန္းေပါင္း (၁၅၀၀)ရွိေၾကာင္း သိရသည္။

အဆိုပါ အေဆာက္အဦးအတြက္ ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာ ေဖာင္ေဒးရွင္းမွ က်ပ္ေငြသိန္းတစ္ေထာင္ ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားမွ စုေပါင္းပါ၀င္လွဴဒါန္းေငြ က်ပ္သိန္း (၅၀၀)အပါအ၀င္ စုစုေပါင္း က်ပ္ေငြ သိန္း(၁၅၀၀)ေပးအပ္လွဴဒါန္းပြဲကို ဒီဇင္ဘာလ(၃၀)ရက္ေန႔ နံနက္(၉)နာရီခြဲအခ်ိန္က လားရႈိးၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ လွဴဒါန္းျခင္း ျဖစ္ေၾကာင္း သိရသည္။

အလွဴေငြေပးအပ္ပြဲ အခမ္းအနားသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္သန္း ႏွင့္ တာ၀န္ရွိသူမ်ားက အလွဴေငြမ်ားကို လက္ခံေပးၿပီး စီးပြားေရးလုပ္ငန္းရွင္ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု -  kham oo ( လားရႈိးကုန္စည္ဒိုင္ )

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းအတွက် ရုံးအဆောက်အဦး ဆောက်လုပ်ရန် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ အပါအဝင် လုပ်ငန်းရှင်များမှ ပါဝင်လှူဒါန်းကြရာ အလှူငွေ ကျပ်သိန်းပေါင်း (၁၅၀၀)ရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးအတွက် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ကျပ်ငွေသိန်းတစ်ထောင် နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ စုပေါင်းပါဝင်လှူဒါန်းငွေ ကျပ်သိန်း (၅၀၀)အပါအဝင် စုစုပေါင်း ကျပ်ငွေ သိန်း(၁၅၀၀)ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်း နှင့် တာဝန်ရှိသူများက အလှူငွေများကို လက်ခံပေးပြီး စီးပွားရေးလုပ်ငန်းရှင် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ -ေါု့ သသ ( လားရှိုးကုန်စည်ဒိုင် )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~