အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ကြီးမှူးကျင်းပမည့် ကလေးစာကြည့်တိုက် အစီအစဉ်ကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၏ ဘက်စုံခန်းမတွင် (၃)ရက်တိုင်တိုင် ပြုလုပ်သွားမှာ ဖြစ်ရာ ကာတွန်းဆရာကြီးများ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်များထဲမှ ကာတွန်းကဏ္ဍ အနေဖြင့် ကာတွန်း ဆရာကြီးများဖြစ်သည့် ကာတွန်းမောင်မောင်၊ သစ်ထွဏ်း၊ တင်အောင်နီ၊ မောင်မောင်အောင်၊ မြေဇာ၊ မောင်ရွှေဝင်း၊ ပိုးဇာ၊ ကိုရွှေထူး၊ ဝင်းမြင့်အောင်၊ ရွှေလူ၊ ကာတွန်းဟန်၊ သန့်စင်၊ သက်စု၊ ရွှေမင်းသား၊ ငွေကြည်၊ စမ်းချောင်းကိုကိုအောင်၊ ဆန်းလင်း၊ ဇော်ဝိတ်၊ ဗိုသံ နှင့် သူရ တို့ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၏ ဘက်စုံခန်းမ၌ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ကလေးစာကြည့်တိုက် အစီအစဉ်တွင် ပုံပြင်ပြောခြင်း၊ ကလေးများပန်းချီ၊ ကာတွန်းရေးဆွဲခြင်း အပြင် ကလေးများ၏ ပြဇာတ် အစီအစဉ်များလည်း ပါဝင်ကြမှာဖြစ်ကြောင်း သိရသည်။
"အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေနဲ့က ၂၀၁၃ကစပြီး နှစ်စဉ် ပြည်ထောင်စုနေ့တိုင်းမှာ ဘကကျောင်းတွေ၊ မူလတန်ကျောင်းတွေမှာ ကာတွန်းဆွဲတာတွေ၊ ဆေးရောင်ချယ်တာတွေ ပုံပြောတာတွေ လုပ်ပါတယ်၊ အခု လုပ်မဲ့ ပွဲမှာတော့ ကာတွန်းဆရာကြီးတွေ အများကြီးပါဝင်ပြီးတော့ သူတို့ရဲ့ကာတွန်းပုံတွေကို အမှတ်တရ ရေးဆွဲပေးကြမှာပါ"ဟု အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးက ပြောသည်။
အဆိုပါ ကဏ္ဍအသီးသီးတွင် ဦးဆောင်ပါဝင်များထဲမှ ကာတွန်းကဏ္ဍ အနဖြေင့် ကာတွန်း ဆရာကြီးများဖြစ်သည့် ကာတွန်းမောင်မောင်၊ သစ်ထွဏ်း၊ တင်အောင်နီ၊ မောင်မောင်အောင်၊ မြေဇာ၊ မောင်ရွှေဝင်း၊ ပိုးဇာ၊ ကိုရွှေထူး၊ ဝင်းမြင့်အောင်၊ ရွှေလူ၊ ကာတွန်းဟန်၊ သန့်စင်၊ သက်စု၊ ရွှေမင်းသား၊ ငွကြေည်၊ စမ်းချောင်းကိုကိုအောင်၊ ဆန်းလင်း၊ ဇော်ဝိတ်၊ ဗိုသံ နှင့် သူရ တို့ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။
ကလေးစာကြည့်တိုက် အစီအစဉ်များအဖြစ် အမျိုးသားပြတိုက်၏ ဘက်စုံခန်းမတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအချိန်အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။