ေတာင္ႀကီး ပ်ံက်ေစ်းသည္မ်ား စည္းကမ္းအတိုင္း မလိုက္နာပါက ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလမွစ၍ အေရးယူမည္

ေတာင္ႀကီး ပ်ံက်ေစ်းသည္မ်ား စည္းကမ္းအတိုင္း မလိုက္နာပါက ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလမွစ၍ အေရးယူမည္
ဒီဇင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေစ်းတြင္ စည္ပင္သာယာေရးဌာနမွ သတ္မွွတ္ထားသည့္ စည္းကမ္းမ်ားအား လိုက္နာမွဳမရွိသည့္ ပ်ံက်ေစ်းသည္မ်ားကို ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွစ၍ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေစ်းအတြင္း စည္ပင္သာယာေရးဌာနမွ သတ္မွတ္ထားသည့္ ေနရာေက်ာ္လြန္ေရာင္းခ်ျခင္း၊ အမိုးအကာမ်ား သတ္မွတ္ေနရာ ထက္ေက်ာ္လြန္ျခင္းမ်ားကို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပြင့္လင္းရာသီေရာက္ၿပီျဖစ္တဲ့အတြက္ေၾကာင့္ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မေစ်းႀကီးမွာ မီးေဘးႀကိဳတင္ကာကြယ္ ေရးအတြက္ ေစ်းအ၀င္၀မ်ားမွာ မီးသတ္ကား အလြယ္တကူ၀င္ေရာက္နိုင္ေအာင္ ပ်ံက်ေစ်းသည္ေတြကို စည္းကမ္းတက်ေရာင္းခ်ဖို႔ အသိေပးျခင္းျဖစ္ပါတယ္။ ေစ်းသိမ္းခ်ိန္မွာ ဆိုင္ခန္းကိုေက်ာ္လြန္ျပီး ပစၥည္းခ်တာေတြ ရွိတယ္။ မီးအႏၱရာယ္ေတြႀကံဳလာရင္ အဆင္မေျပဘူးေလ။ ေစ်းသည္ အခ်င္းခ်င္းလည္း စကားမမ်ားဖို႔၊ စည္းကမ္းတက်လိုက္နာဖို႔က အေရးႀကီးဆံုးပါ။ ဒါေတြမျဖစ္ေစဖို႕ အသိေပးျခင္းျဖစ္ပါတယ္။ ျဖန္႔ေ၀ထားတဲ့ေၾကညာစာပါ စည္းကမ္းခ်က္မ်ားအတိုင္း မလိုက္နာဘူးဆိုရင္ အေရးယူ ေဆာင္ရြက္သြားမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕မေစ်းတာဝန္ခံ ဦးခင္ေအးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ စည္ပင္သာယာေရးဌာနပိုင္ေစ်းမ်ားတြင္ ပ်ံက်ေစ်းသည္မ်ား ေရာင္းခ်ရန္ေနရာကို မ်ဥ္းမ်ားေရးသား သတ္မွတ္ေပးထားၿပီး စည္းကမ္းတက်ေရာင္းခ်ရန္ အမိန္႔ေၾကာ္ျငာစာမ်ားကို ဒီဇင္ဘာလ ၁၄ ရက္ကစၿပီး ျဖန္႔ေဝထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕မေစ်းအတြင္း၌ ပ်ံက်ေစ်းသည္ဆိုင္ ၂၀၀ နီးပါးရိွၿပီး စည္းကမ္းမလိုက္နာပါက ရွမ္းျပည္နယ္ စည္ပင္သာယာေရးဥပေဒ (၁၀/၂၀၁၃) ၊ စီမံခန္႕ခြဲေရးဥပေဒပုဒ္မ ရ၅၊ ပုဒ္မခြဲ(ဂ)အရလည္းေကာင္း၊ ေစ်းစည္းကမ္းမ်ားအရ လည္းေကာင္း  အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မြို့မဈေးတွင် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများအား လိုက်နာမှုမရှိသည့် ပျံကျဈေးသည်များကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစ၍ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးအတွင်း စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားသည့် နေရာကျော်လွန်ရောင်းချခြင်း၊ အမိုးအကာများ သတ်မှတ်နေရာ ထက်ကျော်လွန်ခြင်းများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ပွင့်လင်းရာသီရောက်ပြီဖြစ်တဲ့အတွက်ကြောင့် တောင်ကြီးမြို့၊ မြို့မဈေးကြီးမှာ မီးဘေးကြိုတင်ကာကွယ် ရေးအတွက် ဈေးအဝင်ဝများမှာ မီးသတ်ကား အလွယ်တကူဝင်ရောက်နိုင်အောင် ပျံကျဈေးသည်တွေကို စည်းကမ်းတကျရောင်းချဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ဈေးသိမ်းချိန်မှာ ဆိုင်ခန်းကိုကျော်လွန်ပြီး ပစ္စည်းချတာတွေ ရှိတယ်။ မီးအန္တရာယ်တွကြေုံလာရင် အဆင်မပြေဘူးလေ။ ဈေးသည် အချင်းချင်းလည်း စကားမများဖို့၊ စည်းကမ်းတကျလိုက်နာဖို့က အရေးကြီးဆုံးပါ။ ဒါတွေမဖြစ်စေဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ဖြနေ့်ဝထားတဲ့ကြေညာစာပါ စည်းကမ်းချက်များအတိုင်း မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု တောင်ကြီးမြို့မဈေးတာဝန်ခံ ဦးခင်အေးက ပြောသည်။

တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနပိုင်ဈေးများတွင် ပျံကျဈေးသည်များ ရောင်းချရန်နေရာကို မျဉ်းများရေးသား သတ်မှတ်ပေးထားပြီး စည်းကမ်းတကျရောင်းချရန် အမိန့်ကြော်ငြာစာများကို ဒီဇင်ဘာလ ၁၄ ရက်ကစပြီး ဖြန့်ဝေထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့မဈေးအတွင်း၌ ပျံကျဈေးသည်ဆိုင် ၂၀၀ နီးပါးရှိပြီး စည်းကမ်းမလိုက်နာပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ (၁၀/၂၀၁၃)၊ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ရ၅၊ ပုဒ်မခွဲ(ဂ)အရလည်းကောင်း၊ ဈေးစည်းကမ်းများအရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~