ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် ပြည်သူများ ထပ်မံတိုးပွားလာကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
နမ့်စစ်လင်းကျောင်း စစ်ဘေးရှောင်စခန်းသို့ ဒီဇင်ဘာလ(၂၇)ရက်နေ့က လူဦးရေ (၁၅၆)ဦးရောက်ရှိလာခဲ့ရာမှ ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် လူဦးရေ စုစုပေါင်း (၂၃၆)ဦးရှိလာကြောင်း သိရသည်။
ဒီဇင်ဘာလ (၂၆)ရက်က တော့ဆန်ကျေးရွာအုပ်စု ညောင်းမောင်းကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် TNLA နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ခိုက်မှုများကြောင့် လူနေအိမ် (၈) လုံးမှာ လုံးဝပျက်စီးသွားခဲ့ရပြီး လူနေအိမ်အများစုလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်