ရှမ်းပြည်နယ်မြောက်ပိုင်း၊ တော့ဆန်မြို့နယ်အတွင်းရှိ လက်ဖက်စိုက်ခင်းတစ်ခုတွင် ဒီဇင်ဘာလ ၃၁ ရက် ညနေ ၄ နာရီ ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ကျောက်မဲဆေးရုံသို့ တင်ပို့ရန်ခေါ်ဆောင်လာနေကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
“ညနေ ၄ နာရီကဖြစ်တာ။ လက်ဖက်စိုက်ခင်းထဲသွားရင်း မိုင်းနင်းမိတာလို့ ပြောတယ်။ အခုကျောက်မဲကအဖွဲ့ သွားသယ်နေတယ်ခင်ဗျ။ ဒီညကျောက်မဲပြည်သူ့ဆေးရုံကို ရောက်ပါ့မယ်။ အခြေအနေကတော့ အတိအကျပြောပြလို့မရသေးဘူး” ဟု တော့ဆန်စစ်ဘေးရှောင်များအား ကူညီပေးနေသည့် မေတ္တာအိုးဝေအဖွဲ့ တာဝန်ခံ ကိုသားဇော်က ပြောသည်။
လက်ရှိတွင် လူမှုကူညီရေးအဖွဲ့များက အဆိုပါမိုင်းနင်းမိသည့်လူနာအား သယ်ဆောင်လာနေကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်