က်ဳိင္းတံုၿမိဳ႕တြင္ မူႀကိဳဆရာျဖစ္သင္တန္း ဖြင့္လွစ္မည္၊ တက္ေရာက္လိုသူမ်ား စာရင္းေပးသြင္းႏိုင္

က်ဳိင္းတံုၿမိဳ႕တြင္ မူႀကိဳဆရာျဖစ္သင္တန္း ဖြင့္လွစ္မည္၊ တက္ေရာက္လိုသူမ်ား စာရင္းေပးသြင္းႏိုင္
ဇန်နဝါရီ 2, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ အတြင္းရွိ အေျခခံပညာ အထက္တန္းအဆင့္ရွိသူ အမ်ဳိးသား/အမ်ဳိးသမီးမ်ား အတြက္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရရွိေစရန္ မူႀကိဳဆရာျဖစ္သင္တန္းကို က်ဳိင္းတံုၿမိဳ႕တြင္ သင္တန္းပို႔ခ်မွာ ျဖစ္သည့္အတြက္ သင္တန္းသား၊ သင္တန္းသူသစ္မ်ားကို လက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းတြင္ မူႀကိဳပညာရပ္ျဖင့္ အသက္ေမြး၀မ္းေက်ာင္း ျပဳႏိုင္ရန္ ႏွင့္ မူႀကိဳေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ရန္အျပင္ ရင္ေသြးငယ္မ်ားကို ေရွ႕ဦးအရြယ္ကေလးသူငယ္ ျပဳစုပ်ဳိးေထာင္ေရးႏွင့္ ဖြံ႔ၿဖဳိးေရးဆိုင္ရာ နည္းလမ္းမ်ားျဖင့္ နည္းစနစ္မွန္ကုန္စြာ ျပဳစုပ်ဳိးေထာင္လိုသူမ်ားအတြက္ ရွမ္းျပည္နယ္
(အေရွ႕ပိုင္း)၊ လူမႈ၀န္ထမ္းရံုးမွ ေရွ႕ဦးအရြယ္ ကေလးသူငယ္ျပဳစုပ်ဳိးေထာင္ေရး ႏွင့္ ဖြံ႔ၿဖဳိးေရးဆိုင္ရာ(အေျခခံ)သင္တန္းကို ပိုခ်မွာ ျဖစ္ေၾကာင္း သိရသည္။

သင္တန္းကို ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၁)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၂၁)ရက္ေန႔အထိ လူမႈ၀န္ထမ္း ဦးစီးဌာန က်ဳိင္းတံုမူလတန္းႀကိဳေက်ာင္း(ေလယာဥ္ကြင္းလမ္း၊ၿမိဳ႕ေတာ္ခန္းမအေနာက္)တြင္ ဖြင့္လွစ္သြားမွာ ျဖစ္ၿပီး သင္တန္းသားမ်ား အေနျဖင့္ ေနာက္ဆံုး စာရင္းေပးသြင္းရမည့္ရက္ကို ဇန္န၀ါရီလ(၃၀)ရက္ေန႔ အထိ သတ္မွတ္ထားေၾကာင္း သိရသည္။

အဆိုပါ သင္တန္းသို႔ တက္ေရာက္လိုသူမ်ားအား သင္တန္းေၾကးအျဖစ္ က်ပ္(၂၅၀၀၀)ေပးသြင္းရမွာ ျဖစ္ၿပီး လူမႈ၀န္ထမ္းဦးစီးဌာနမွ သင္တန္းကာလအတြင္း ေနစရာမ်ားလည္း စီစဥ္ေပးသြား မည္ျဖစ္ေၾကာင္း သိရသည္။

"သင္တန္း၀င္ေၾကး အေနနဲ႔က က်ပ္ (၂၅၀၀၀)ေပးသြင္းရမွာပါ၊ သင္တန္းသား၊ သင္တန္းသူမ်ားကို သင္တန္းကာလအတြင္း ေနထိုင္ဖို႔အတြက္ ကြ်န္မတို႔ စီစဥ္ေပးတယ္ဆိုေပမဲ့၊ အိပ္ယာခင္းေတြ ေစာင္ေတြကိုေတာ့ ယူလာဖို႔လိုပါတယ္။ စားေသာက္မႈနဲ႔ ပတ္သက္ရင္ေတာ့ ကိုယ့္စားရိတ္နဲ႔ကိုယ္ စားရမွာပါ"ဟု..

ေရွ႕ဦးအရြယ္ ကေလးသူငယ္ျပဳစုပ်ဳိးေထာင္ေရး ႏွင့္ ဖြံ႔ၿဖဳိးေရးဆိုင္ရာ(အေျခခံ)သင္တန္းက ေဖေဖာ္၀ါရီလတြင္ က်ဳိင္းတံုၿမိဳ႕၌ ဖြင့္လွစ္သင္ၾကားသြားမွာ ျဖစ္ၿပီး

တာခ်ီလိတ္ၿမိဳ႕တြင္ သင္တန္းဖြင့္လွစ္ရန္ လိုအပ္ပါကလည္း မတ္လအတြင္း၌ ဖြင့္လွစ္သြားမည္ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

အဆိုပါ သင္တန္းသို႔ ေရာက္လိုသူမ်ားအေနျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)လူမႈ၀န္ထမ္းရံုးဖုန္း 084-22529၊ 09-420707619 ႏွင့္ တာခ်ီလိတ္မူလတန္းႀကိဳေက်ာင္း ဖုန္း 084-53542၊ 09-428342106 သို႔ ဆက္သြယ္ေမးျမန္း စံုစမ္းႏိုင္ၿပီး စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်ရှိသူ အမျိုးသား/အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် မူကြိုဆရာဖြစ်သင်တန်းကို ကျိုင်းတုံမြို့တွင် သင်တန်းပို့ချမှာ ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူသစ်များကို လက်ခံနပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မူကြိုပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် နှင့် မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ရန်အပြင် ရင်သွေးငယ်များကို ရှေ့ဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများဖြင့် နည်းစနစ်မှန်ကုန်စွာ ပြုစုပျိုးထောင်လိုသူများအတွက် ရှမ်းပြည်နယ်
(အရှေ့ပိုင်း)၊ လူမှုဝန်ထမ်းရုံးမှ ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းကို ပိုချမှာ ဖြစ်ကြောင်း သိရသည်။

သင်တန်းကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၁)ရက်နေ့အထိ လူမှုဝန်ထမ်း ဦးစီးဌာန ကျိုင်းတုံမူလတန်းကြိုကျောင်း(လေယာဉ်ကွင်းလမ်း၊မြို့တော်ခန်းမအနောက်)တွင် ဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းသားများ အနဖြေင့် နောက်ဆုံး စာရင်းပေးသွင်းရမည့်ရက်ကို ဇန်နဝါရီလ(၃၀)ရက်နေ့ အထိ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လိုသူများအား သင်တန်းကြေးအဖြစ် ကျပ်(၂၅၀၀၀)ပေးသွင်းရမှာ ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းကာလအတွင်း နေစရာများလည်း စီစဉ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

"သင်တန်းဝင်ကြေး အနေနဲ့က ကျပ် (၂၅၀၀၀)ပေးသွင်းရမှာပါ၊ သင်တန်းသား၊ သင်တန်းသူများကို သင်တန်းကာလအတွင်း နေထိုင်ဖို့အတွက် ကျွန်မတို့ စီစဉ်ပေးတယ်ဆိုပေမဲ့၊ အိပ်ယာခင်းတွေ စောင်တွေကိုတော့ ယူလာဖို့လိုပါတယ်။ စားသောက်မှုနဲ့ ပတ်သက်ရင်တော့ ကိုယ့်စားရိတ်နဲ့ကိုယ် စားရမှာပါ"ဟု..

ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းက ဖေဖော်ဝါရီလတွင် ကျိုင်းတုံမြို့၌ ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်ပြီး

တာချီလိတ်မြို့တွင် သင်တန်းဖွင့်လှစ်ရန် လိုအပ်ပါကလည်း မတ်လအတွင်း၌ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါ သင်တန်းသို့ ရောက်လိုသူများအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)လူမှုဝန်ထမ်းရုံးဖုန်း 084-22529၊ 09-420707619 နှင့် တာချီလိတ်မူလတန်းကြိုကျောင်း ဖုန်း 084-53542၊ 09-428342106 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~