ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕ရွိ အစိုးရနည္းပညာအထက္တန္းေက်ာင္းတြင္ ဆရာ၊ ဆရာမ အင္အားနည္းေနသျဖင့္ ေက်ာင္းသား/သူ ေလွ်ာ႔၍ ေခၚယူေနရေသာေၾကာင္႔ ရာထူး(၃)ေနရာအတြက္ ေလွ်ာက္ထားၾကရန္ က်ိဳင္းတုံအစိုးရနည္းပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ဦးေတဇာထြန္းက တိုက္တြန္းလိုက္သည္။
"လက္ရိွ ကၽြန္ေတာ္တို႔ေက်ာင္းမွာ သင္ၾကားေရးပိုင္းအတြက္ (၁၃)ေယာက္ပဲ ရိွပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့ အေနနဲ ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ လက္ခံတဲ့အခါမွာ ေလွ်ာ့ၿပီး လက္ခံရပါတယ္။ ၿပီးရင္ သင္တန္းေပါင္းစုံ မဖြင့္ႏိုင္ဘူး။ အရင္နွစ္တုန္းက ေမဂ်ာ(၃)ခု ဖြင့္ေပးႏုိင္ခဲ့ေပမယ့္ ဒီႏွစ္မွ စတက္တဲ့ ပထမႏွစ္တန္းအတြက္ လွ်ပ္စစ္နည္းပညာ သင္တန္းတစ္ခုပဲ ဖြင့္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ေက်ာင္းအတြက္ ဆရာ၊ဆရာမ အင္အား အမ်ားႀကီး လိုအပ္ေနတာေႀကာင့္ ေလွ်ာက္ထားေစခ်င္ပါတယ္"ဟု က်ဳိင္းတုံအစိုးရနည္းပညာအထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ဦးေတဇာထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
က်ိဳင္းတုံအစိုးရနည္းပညာအထက္တန္းေက်ာင္းအတြက္ လိုအပ္လွ်က္ရိွေသာ ရာထူး(၃)ေနရာျဖစ္သည့္ သရုပ္ျပရာထူးအတြက္ B.E (Civil, EC, EP,Mech,MC,IT Textile,Chemical,Mining,Metallurgy)၊ ကၽြမ္းက်င္(၄) ရာထူးအတြက္ AGTI (Civil,EC,EP,Mech)ႏွင့္ ကၽြမ္းက်င္(၅) ရာထူးအတြက္ GTHS(BT.EcT,ET,AMT,MT)/ ICT/TTCေက်ာင္းဆင္းမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္းကို ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၂၀)ရက္ေန႔ကတည္းက ေလွ်ာက္လႊာမ်ား ေခၚယူထားျခင္းျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ား အေနျဖင့့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသားျဖစ္သူ၊ အသက္(၁၈)ႏွစ္ျပည့္ၿပီး၊ ျပင္ပပုဂၢိဳလ္ျဖစ္ပါက အသက္(၃၀)ႏွစ္၊ ၀န္ထမ္းျဖစ္ပါက အသက္(၃၅)ႏွစ္ထက္ မေက်ာ္လြန္သူ၊ ကၽြမ္းက်င္မႈဆိုင္ရာ ကာလတို၊ ကာလရွည္ သင္တန္းမ်ား တက္ေရာက္ႏိုင္သူမ်ား အေနျဖင့္ (၆) လအတြင္း ရိုက္ထားေသာ ပတ္စ္ပို႔ ဓာတ္ပုံ(၃)ပုံ၊ ဘြဲ ့လက္မွတ္၊ သင္တန္းဆင္းလက္မွတ္၊ (၆)လအတြင္း ျပဳလုပ္ထားေသာ အလုပ္သမား မွတ္ပုံတင္၊ တကၠသိုလ္၀င္တန္း ေအာင္လက္မွတ္ႏွင့္ ႏိုင္ငံသားစိစစ္ေရး ကတ္ျပား မိတၱဴ၊ (၁)လအတြင္း ျပဳလုပ္ထားေသာ က်န္းမာေရး ေကာင္းမြန္ေၾကာင္း ေဆးေထာက္ခံစာ၊ ျပစ္မႈကင္းရွင္းေၾကာင္း ရဲစခန္းေထာက္ခံခ်က္ႏွင့္ အက်င္႔စာရိတၱ ေကာင္းမြန္ေၾကာင္း၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံခ်က္တို ့ျဖင့္ ဇန္န၀ါရီလ(၆)ရက္ေန႔ ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ ျဖစ္ေၾကာင္းႏွင့္ ဇန္န၀ါရီလ(၂၈)ရက္ေန႔တြင္ သက္ဆိုင္ရာ ဘာသာရပ္ႏွင့္ ဇန္န၀ါရီလ(၂၉)ရက္ေန ့တြင္ အဂၤလိပ္စာတို ့ကို ေရးေျဖစာေမးပြဲအျဖစ္ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
"ေလွ်ာက္လႊာေတြကိုေတာ့ ကၽြန္ေတာ္တို ့ေက်ာင္းမွာလာၿပီး ထုတ္ယူႏိုင္ပါတယ္။ ေလွ်ာက္ထားဖို ့ အတြက္က လူဦးေရ မကန္႔သတ္ထားပါဘူး။ ေလွ်ာက္လာသေလာက္ကို ကၽြန္ေတာ္တို ့ေက်ာင္းမွာပဲ ေရးေျဖစာေမးပြဲ လုပ္ၿပီးေတာ့ ဒီမွာပဲ လူေတြ႔စစ္ေဆးသြားပါမယ္။ အမွန္ကေတာ့ ရန္ကုန္နဲ ့ မႏၱေလးမွာပဲ ေျဖရမွာပါ။ ကၽြန္ေတာ္တို ့ ေက်ာင္းကက်ေတာ့ နည္းနည္းေ၀းေတာ့ ဒီမွာပဲေျဖႏိုင္ေအာင္ စီစဥ္ လိုက္တာပါ။"ဟု ေက်ာင္းအုပ္ႀကီး ဦးေတဇာထြန္းက ေျပာသည္။
က်ိဳင္းတုံ အစိုးရနည္းပညာအထက္တန္းေက်ာင္းကို ၂၀၀၉ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ျပီး ၀န္ထမ္းအင္အား အေနျဖင့္ ရုံး၀န္ထမ္း (၈)ဦးႏွင့္ သင္ၾကားေရးအတြက္ ဆရာ၊ဆရာမ (၁၃)ဦးမွ ေက်ာင္းသား၊ေက်ာင္းသူ(၅၀)ဦးအား လွ်ပ္စစ္နည္းပညာသင္တန္း၊ ေမာ္ေတာ္ယာဥ္ နည္းပညာသင္တန္းႏွင့္ အေျခခံ အေဆာက္အအုံ နည္းပညာသင္တန္းတို ့ကို ပညာသင္ႏွစ္(၂)ႏွစ္ျဖင့္ သင္ၾကားေပးေနေၾကာင္း သိရသည္။
သတင္း - #ဇြဲျမတ္
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အင်အားနည်းနေသဖြင့် ကျောင်းသား/သူ လျှော့၍ ခေါ်ယူနေရသောကြောင့် ရာထူး(၃)နေရာအတွက် လျှောက်ထားကြရန် ကျိုင်းတုံအစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက တိုက်တွန်းလိုက်သည်။
"လက်ရှိ ကျွန်တော်တို့ကျောင်းမှာ သင်ကြားရေးပိုင်းအတွက် (၁၃)ယောက်ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လက်ခံတဲ့အခါမှာ လျှော့ပြီး လက်ခံရပါတယ်။ ပြီးရင် သင်တန်းပေါင်းစုံ မဖွင့်နိုင်ဘူး။ အရင်နှစ်တုန်းက မေဂျာ(၃)ခု ဖွင့်ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်မှ စတက်တဲ့ ပထမနှစ်တန်းအတွက် လျှပ်စစ်နည်းပညာ သင်တန်းတစ်ခုပဲ ဖွင့်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျောင်းအတွက် ဆရာ၊ဆရာမ အင်အား အများကြီး လိုအပ်နေတာကြောင့် လျှောက်ထားစေချင်ပါတယ်"ဟု ကျိုင်းတုံအစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
ကျိုင်းတုံအစိုးရနည်းပညာအထက်တန်းကျောင်းအတွက် လိုအပ်လျှက်ရှိသော ရာထူး(၃)နေရာဖြစ်သည့် သရုပ်ပြရာထူးအတွက် B.E (Civil, EC, EP,Mech,MC,IT Textile,Chemical,Mining,Metallurgy)၊ ကျွမ်းကျင်(၄) ရာထူးအတွက် AGTI (Civil,EC,EP,Mech)နှင့် ကျွမ်းကျင်(၅) ရာထူးအတွက် GTHS(BT.EcT,ET,AMT,MT)/ ICT/TTCကျောင်းဆင်းများ လျှောက်ထားနိုင်ကြောင်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ကတည်းက လျှောက်လွှာများ ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများ အနဖြေင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်သူ၊ အသက်(၁၈)နှစ်ပြည့်ပြီး၊ ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူ၊ ကျွမ်းကျင်မှုဆိုင်ရာ ကာလတို၊ ကာလရှည် သင်တန်းများ တက်ရောက်နိုင်သူများ အနဖြေင့် (၆) လအတွင်း ရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံ၊ ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်၊ (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမား မှတ်ပုံတင်၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ၊ (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့ဖြင့် ဇန်နဝါရီလ(၆)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် သက်ဆိုင်ရာ ဘာသာရပ်နှင့် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် အင်္ဂလိပ်စာတို့ကို ရေးဖြေစာမေးပွဲအဖြစ် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
"လျှောက်လွှာတွေကိုတော့ ကျွန်တော်တို့ကျောင်းမှာလာပြီး ထုတ်ယူနိုင်ပါတယ်။ လျှောက်ထားဖို့ အတွက်က လူဦးရေ မကန့်သတ်ထားပါဘူး။ လျှောက်လာသလောက်ကို ကျွန်တော်တို့ကျောင်းမှာပဲ ရေးဖြေစာမေးပွဲ လုပ်ပြီးတော့ ဒီမှာပဲ လူတွေ့စစ်ဆေးသွားပါမယ်။ အမှန်ကတော့ ရန်ကုန်နဲ့ မန္တလေးမှာပဲ ဖြေရမှာပါ။ ကျွန်တော်တို့ ကျောင်းကကျတော့ နည်းနည်းေဝးတော့ ဒီမှာပဲဖြေနိုင်အောင် စီစဉ် လိုက်တာပါ။"ဟု ကျောင်းအုပ်ကြီး ဦးတေဇာထွန်းက ပြောသည်။
ကျိုင်းတုံ အစိုးရနည်းပညာအထက်တန်းကျောင်းကို ၂၀၀၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းအင်အား အနဖြေင့် ရုံးဝန်ထမ်း (၈)ဦးနှင့် သင်ကြားရေးအတွက် ဆရာ၊ဆရာမ (၁၃)ဦးမှ ကျောင်းသား၊ကျောင်းသူ(၅၀)ဦးအား လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းနှင့် အခြေခံ အဆောက်အအုံ နည်းပညာသင်တန်းတို့ကို ပညာသင်နှစ်(၂)နှစ်ဖြင့် သင်ကြားပေးနေကြောင်း သိရသည်။
သတင်း - #ဇွဲမြတ်