လပတ္စာေမးပြဲ က်၍ (၆)တန္းေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

လပတ္စာေမးပြဲ က်၍ (၆)တန္းေက်ာင္းသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဇန်နဝါရီ 2, 2017
By Tachileik News Agency

ဆ႒မတန္းေက်ာင္းသား၊ အသက္(၁၂)အရြယ္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်၍ ေသဆံုးမႈ ဇန္န၀ါရီလ(၂)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ၿမိတ္ၿမိဳ႕၊ ေရပုန္းနယ္ေျမ၊ လမင္းရပ္ကြက္ရွိ (၂)လမ္းေန အသက္(၁၂)ႏွစ္ရွိ ဆ႒မတန္းေက်ာင္းသား ေမာင္ခင္ေမာင္ထြန္းသည္ လပတ္စာေမးပြဲ က်ရံႈး၍ မိခင္ျဖစ္သူ ဆူပူႀကိမ္းေမာင္းမည္ကို စိုးရိမ္ေၾကာက္လန္႔ၿပီး ေက်ာင္းမွအျပန္ မိခင္ျဖစ္သူ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္ေအာက္ထပ္တြင္ ႏိုင္လြန္ႀကိဳးျဖင့္ ႀကိဳးဆြဲခ်လွ်က္ ေသဆံုးေနသည္ကို ရပ္ကြက္အတြင္း တာ၀န္ရွိသူမ်ားက ရဲတပ္ဖြဲ႔သို႔ အေၾကာင္းႀကားရာမွ ရဲအုပ္ ဝင္းျမင့္ထြန္းႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈၿပီး ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ကို စစ္ေဆးခဲ့ေၾကာင္း ၿမိတ္ၿမိဳ႕နယ္တပ္ဖြဲ႔မွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ၿမိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁/၂၀၁၇)ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

ဆဋ္ဌမတန်းကျောင်းသား၊ အသက်(၁၂)အရွယ် လူငယ်တစ်ဦး ကြိုးဆွဲချ၍ သေဆုံးမှု ဇန်နဝါရီလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်ရှိ (၂)လမ်းနေ အသက်(၁၂)နှစ်ရှိ ဆဋ္ဌမတန်းကျောင်းသား မောင်ခင်မောင်ထွန်းသည် လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူ ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူ အိပ်ပျော်နေစဉ် နေအိမ်အောက်ထပ်တွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချလျှက် သေဆုံးနေသည်ကို ရပ်ကွက်အတွင်း တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ အကြောင်းကြားရာမှ ရဲအုပ် ဝင်းမြင့်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးခဲ့ကြောင်း မြိတ်မြို့နယ်တပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~