ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းရှိ နမ့်အွန်ကျေးရွာ၌ ဇန်နဝါရီလ ၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်း မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။
သတင်း - နေဖြိုးမြင့်
“နမ့်အွန်မှာ ပစ်ခတ်မှုတွဖြေစ်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီကို ကြေးနန်းလည်း မလာဘူး။ မူဆယ်မြို့နယ်အတွင်းမှာ ဘာမှ မထူးခြားပါဘူး။ အေးချမ်းသာယာပါတယ်” ဟု မူဆယ်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
မူဆယ်မြို့တွင်းနှင့် မြို့နယ်အတွင်း မည်သည့်ပစ်ခတ်မှုမှ မရှိဘဲ ပုံမှန်အခြေအနေအတိုင်းသာဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီ ဘာသတင်းမှ တက်မလာဘူး ခင်ဗျ။ သိရသလောက်ကတော့ ပစ်ခတ်တာမျိုး မရှိသေးပါဘူး” ဟု မူဆယ်မြို့မရဲစခန်းမှ ဖုန်းလက်ခံဖြေဆိုသူ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက မူဆယ်မြို့နယ် နမ့်အွန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သတင်း - နဖြေိုးမြင့်