လားဟူရိုးရာယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို မိုင်းဆတ်မြို့နယ်တွင် (၂၅)ကြိမ်မြောက်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် လားဟူရိုးရာစာပေနှင့်ယဉ်ကျေးမှုကွင်း၌ ဇန်န၀ါရီ(၃)ရက် နံနက်(၁၀)နာရီက ကျင်းပသည်။
လားဟူ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းနိုင်စေရန်နှင့် ရပ်နီးရပ်ဝေးမှ လားဟူတိုင်းရင်းသားများ တွေ့ဆုံချစ်ကြည်ရင်းနှီးမှုရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် လားဟူ လူငယ်မောင်မယ်များက ပွဲတော်သို့တက်ရောက်လာကြသော လူကြီးမိဘ၊ ဆရာသမားများအား ရိုသေလေးစား ဂါရ၀ပြုခြင်း၊ နှစ်ဟောင်းမှ အပြစ်များကို ဆေးကြောခြင်း၊ အပြစ်လွတ်ခြင်း၊ ကောင်းချီးမင်္ဂလာပေးခြင်း ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာပြုလုပ်ပေးပြီး နှစ်သစ်လက်ဆောင်များ ပေးအပ်ကြသည့်အပြင် လားဟူတိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြေပြီး နှစ်သစ်ကူးနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။
လားဟူ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းနိုင်စေရန်နှင့် ရပ်နီးရပေ်ဝးမှ လားဟူတိုင်းရင်းသားများ တွေ့ဆုံချစ်ကြည်ရင်းနှီးမှုရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် လားဟူ လူငယ်မောင်မယ်များက ပွဲတော်သို့တက်ရောက်လာကြသော လူကြီးမိဘ၊ ဆရာသမားများအား ရိုသေလေးစား ဂါရဝပြုခြင်း၊ နှစ်ဟောင်းမှ အပြစ်များကို ဆေးကြောခြင်း၊ အပြစ်လွတ်ခြင်း၊ ကောင်းချီးမင်္ဂလာပေးခြင်း ရိုးရာဓလေ့ဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာပြုလုပ်ပေးပြီး နှစ်သစ်လက်ဆောင်များ ပေးအပ်ကြသည့်အပြင် လားဟူတိုင်းရင်းသားရိုးရာ အကဖြင့် ကပြဖျော်ဖြပြေီး နှစ်သစ်ကူးနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြောင်း သိရသည်။
ပွဲတော်အခမ်းအနားသို့ တက်ရောက်လာသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးက နှစ်သစ်မင်္ဂလာနှုတ်ခွန်း ဆက်စကားပြောကြားပြီး မိုင်းဆတ်မြို့နယ် လားဟူစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ ရန်ပုံငွေကျပ်ငါးသိန်း လှူဒါန်းသည်။
ထို့နောက် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်က နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်စကားပြော ကြားပြီး၎င်း၏နှစ်သစ်ကူးသဝဏ်လွှာကိုပေးအပ်ရာ လားဟူတိုင်းရင်းသားများကိုယ်စား ဆရာတော် ဦးဒေါနယ်မှူး က ကျေးဇူးတင်စကားပြောကြားသည်။
သတင်း/ဓာတ်ပုံ - သန်းဇော်ဦး