မိုင္းဆတ္ - တာခ်ီလိတ္လမ္းေပၚ သစ္္မ်ားတင္ေဆာင္လာသည့္ ယာဥ္ တိမ္းေမွာက္

မိုင္းဆတ္ - တာခ်ီလိတ္လမ္းေပၚ သစ္္မ်ားတင္ေဆာင္လာသည့္ ယာဥ္ တိမ္းေမွာက္
ဇန်နဝါရီ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ - တာခ်ီလိတ္လမ္းေပၚ ေရႊေတာင္ - ေရႊနီေတာင္တက္ လမ္းမတြင္ ဇန္န၀ါရီလ(၂)ရက္၊ ေန႔လယ္(၁)နာရီ၀န္းက်င္က သစ္မ်ားတင္ေဆာင္လာသည့္ (၁၀)ဘီးယာဥ္တစ္စီး တိမ္းေမွာက္သြားသျဖင့္ လမ္းပိတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔က တာခ်ီလိတ္ကေန ပစၥည္း၀ယ္ၿပီး မိုင္းဆတ္ကို ျပန္လာတာ၊ ကြ်န္ေတာ္တို႔ ကားေမွာက္တဲ့ ေနရာနားကို ေရာက္ေတာ့ ညေန(၃)နာရီေလာက္ရွိၿပီ။ ကားက သစ္(၂၅)တန္ တင္ၿပီး နားေကာင္းမူးကေန တာခ်ီလိတ္ကို ထြက္လာတာလို႔ သိရပါတယ္"ဟု မိုင္းဆတ္ေဒသခံ တစ္ဦးက ဆိုသည္။

အဆိုပါယာဥ္အား ယာဥ္ေမာင္း ကိုေက်ာ္စြာထူးမွ ေမာင္းႏွင္လာျခင္းျဖစ္ၿပီး ေရႊေတာင္ေရႊနီ အတက္တြင္ ကန္႔လန္႔ေမွာက္သြားျခင္း ျဖစ္ေၾကာင္းႏွင့္ ထိုသို႔ ျဖစ္သြားရာသို႔ လမ္းလံုၿခံဳေရးတာ၀န္က်ေနေသာ တပ္မေတာ္သားမ်ား ႏွင့္ ခရီးသြားျပည္သူမ်ားမွ လမ္းအား ရွင္းလင္းဖယ္ရွားေပးခဲ့ၾကရာမွ ညေန(၄)နာရီတြင္ အဆိုပါ လမ္းမွာ ရွင္းသြားၿပီး ပံုမွန္အတိုင္း သြားလာႏိုင္ခဲ့ေၾကာင္း ၎ထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို႔မွ ႀကီးႀကီးမားမား ထိခိုက္ဒဏ္ရာ ရရွိမႈမရွိေၾကာင္း သိရွိရသည္။
သတင္း/ဓာတ္ပံု - ဇင္မိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ် - တာချီလိတ်လမ်းပေါ် ရွှေတောင် - ရွှေနီတောင်တက် လမ်းမတွင် ဇန်နဝါရီလ(၂)ရက်၊ နေ့လယ်(၁)နာရီဝန်းကျင်က သစ်များတင်ဆောင်လာသည့် (၁၀)ဘီးယာဉ်တစ်စီး တိမ်းမှောက်သွားသဖြင့် လမ်းပိတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့က တာချီလိတ်ကနေ ပစ္စည်းဝယ်ပြီး မိုင်းဆတ်ကို ပြန်လာတာ၊ ကျွန်တော်တို့ ကားမှောက်တဲ့ နေရာနားကို ရောက်တော့ ညနေ(၃)နာရီလောက်ရှိပြီ။ ကားက သစ်(၂၅)တန် တင်ပြီး နားကောင်းမူးကနေ တာချီလိတ်ကို ထွက်လာတာလို့ သိရပါတယ်"ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါယာဉ်အား ယာဉ်မောင်း ကိုကျော်စွာထူးမှ မောင်းနှင်လာခြင်းဖြစ်ပြီး ရွှေတောင်ရွှေနီ အတက်တွင် ကန့်လန့်မှောက်သွားခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ဖြစ်သွားရာသို့ လမ်းလုံခြုံရေးတာဝန်ကျနေသော တပ်မတော်သားများ နှင့် ခရီးသွားပြည်သူများမှ လမ်းအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြရာမှ ညနေ(၄)နာရီတွင် အဆိုပါ လမ်းမှာ ရှင်းသွားပြီး ပုံမှန်အတိုင်း သွားလာနိုင်ခဲ့ကြောင်း၎င်းထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇင်မိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~