တာခ်ီလိတ္တြင္ ေနအိမ္ၿခံ၀င္းအတြင္း ကစားေနသည့္ ကေလးငယ္တစ္ဦး ကားႀကိတ္ခံရ၍ ေသဆံုး

တာခ်ီလိတ္တြင္ ေနအိမ္ၿခံ၀င္းအတြင္း ကစားေနသည့္ ကေလးငယ္တစ္ဦး ကားႀကိတ္ခံရ၍ ေသဆံုး
ဇန်နဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလ(၆)ရက္ေန႔ ေန႔လယ္(၁၂)နာရီေက်ာ္က အသက္တစ္ႏွစ္ေျခာက္လအရြယ္ မိန္းကေလးတစ္ဦး ေနအိမ္ၿခံဝင္းအတြင္း ကစားေနစဥ္ ကားျဖင့္နင္းႀကိတ္မိ၍ ေသဆံုးသြားေၾကာင္း သိရသည္။

ကားႀကိတ္ခံရ၍ ေသဆံုးသြားသည့္ ကေလးတစ္ဦး၏ အေလာင္းတစ္ေလာင္း တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေရာက္ရိွေနေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕မွ တာဝန္ရိွသူမ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕သည္ အခင္းျဖစ္ပြားသည့္ ေတာ္ေကာ့(အတြင္း)၊ ဝိန္းေက်ာက္ရပ္ကြက္မွေနအိမ္ၿခံဝင္းတြင္ သြားေရာက္စစ္ေဆးရာ ေမာင္ဇင္မိုးက ေစ်းဝယ္ထြက္ရန္ ေနအိမ္ၿခံဝင္းမွ ကားထုတ္စဥ္ ေနအိမ္ၿခံဝင္းအတြင္း ကစားေနသည့္ မရႊင္းရႊင္းအား ေမာ္ေတာ္ယာဥ္ ဝဲေနာက္ဘီးျဖင့္ နင္းႀကိတ္မိသျဖင့္ ေသဆံုးသြားျခင္းျဖစ္သည္ကို စစ္ေဆးသိရိွရေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေမာ္ေတာ္ယာဥ္အား မဆင္မျခင္ ေပါ့ေလ်ာ့စြာ ေမာင္းႏွင္၍ လူအား ဒဏ္ရာရ ေသဆံုးေအာင္ ေမာင္းႏွင္ခဲ့သူ ယာဥ္ေမာင္း ေမာင္ဇင္မိုးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ) ၂/၂၀၁၇၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၄-က/၂၇၉ အရ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇန်နဝါရီလ(၆)ရက်နေ့ နေ့လယ်(၁၂)နာရီကျော်က အသက်တစ်နှစ်ခြောက်လအရွယ် မိန်းကလေးတစ်ဦး နေအိမ်ခြံဝင်းအတွင်း ကစားနေစဉ် ကားဖြင့်နင်းကြိတ်မိ၍ သေဆုံးသွားကြောင်း သိရသည်။

ကားကြိတ်ခံရ၍ သေဆုံးသွားသည့် ကလေးတစ်ဦး၏ အလောင်းတစ်လောင်း တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သက်သေများ ပါဝင်သည့် အဖွဲ့သည် အခင်းဖြစ်ပွားသည့် တော်ကော့(အတွင်း)၊ ဝိန်းကျောက်ရပ်ကွက်မှနေအိမ်ခြံဝင်းတွင် သွားရောက်စစ်ဆေးရာ မောင်ဇင်မိုးက ဈေးဝယ်ထွက်ရန် နေအိမ်ခြံဝင်းမှ ကားထုတ်စဉ် နေအိမ်ခြံဝင်းအတွင်း ကစားနေသည့် မရွှင်းရွှင်းအား မော်တော်ယာဉ် ဝဲနောက်ဘီးဖြင့် နင်းကြိတ်မိသဖြင့် သေဆုံးသွားခြင်းဖြစ်သည်ကို စစ်ဆေးသိရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်အား မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်၍ လူအား ဒဏ်ရာရ သေဆုံးအောင် မောင်းနှင်ခဲ့သူ ယာဉ်မောင်း မောင်ဇင်မိုးအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ) ၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၂၇၉ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~