ဒုတိယတန္းေက်ာင္းသူတစ္ဦး ေရနစ္ေသဆံုးမႈ တာခ်ီလိတ္တြင္ ျဖစ္ပြား

ဒုတိယတန္းေက်ာင္းသူတစ္ဦး ေရနစ္ေသဆံုးမႈ တာခ်ီလိတ္တြင္ ျဖစ္ပြား
ဇန်နဝါရီ 6, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ၀ိန္းေက်ာက္ရပ္ကြက္ ေအးခ်မ္းေစဘုန္းႀကီးေက်ာင္းအနီး ေရကန္တြင္း ေရဆင္းေဆာ့သည့္ အသက္(၉)ႏွစ္အရြယ္ ဒုတိယတန္းေက်ာင္းသူတစ္ဦး ေရနစ္ေသဆံုးမႈ ဇန္န၀ါရီလ(၆)ရက္ေန႔ ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သိရသည္။

အဆိုပါေရကန္မွာ (၁၅)ေပပတ္လည္ရွိၿပီး လူႏွစ္ရပ္ခန္႔အနက္ရိွေၾကာင္း သိရၿပီး ဒုတိယတန္းေက်ာင္းသူ မေဒလီလွသည္ ေက်ာင္းမတက္ဘဲ ေရကန္တြင္ ေရသြားေဆာ့ရာမွ ေရနစ္ေသဆံုးမႈ ျဖစ္ပြားရျခင္း ျဖစ္ေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးထံက သိရသည္။

အဆိုပါ ေရနစ္မႈ ျဖစ္ပြားရာေနရာသို႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ထိန္လင္း  အပါအ၀င္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက သြားေရာက္ ၾကည့္ရႈစစ္ေဆးခဲ့ၾကၿပီး အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက် အေးချမ်းစေဘုန်းကြီးကျောင်းအနီး ရေကန်တွင်း ရေဆင်းဆော့သည့် အသက်(၉)နှစ်အရွယ် ဒုတိယတန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးမှု ဇန်နဝါရီလ(၆)ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

အဆိုပါရေကန်မှာ (၁၅)ပေပတ်လည်ရှိပြီး လူနှစ်ရပ်ခန့်အနက်ရှိကြောင်း သိရပြီး ဒုတိယတန်းကျောင်းသူ မဒေလီလှသည် ကျောင်းမတက်ဘဲ ရေကန်တွင် ရေသွားဆော့ရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားရခြင်း ဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးထံက သိရသည်။

အဆိုပါ ရေနစ်မှု ဖြစ်ပွားရာနေရာသို့ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ထိန်လင်း အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~