တာချီလိတ်တွင် ရှမ်း(မြောက်)စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေပွဲအဖြစ် ကျင်းပခဲ့သည့်The First Step ဂီတဖျော်ဖြေပွဲမှ ကျပ်သိန်း(၅၀)လှူဒါန်း

တာချီလိတ်တွင် ရှမ်း(မြောက်)စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေပွဲအဖြစ် ကျင်းပခဲ့သည့်The First Step ဂီတဖျော်ဖြေပွဲမှ ကျပ်သိန်း(၅၀)လှူဒါန်း
ဇန်နဝါရီ 7, 2017
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေဖျော်ဖြေပွဲ အဖြစ် ဦးဘိုလေး ကုမ္ပဏီ (UBL Company)မှ The First Step အမည်ဖြင့် တေးဂီတဖျော်ဖြေပွဲ ကျင်းပ၍ ရရှိလာသော ရန်ပုံငွေကို ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါ အလှူငွေများအား ဦးဘိုလေး ကုမ္ပဏီ (UBL Company)မှ ကိုသန်းထွန်းအောင် နှင့် မန်နေဂျာ ကိုလှိုင်းမင်းတို့က ပေးအပ်လှူဒါန်းရာတွင် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးမှ လက်ခံပေးသည်။

တာချီလိတ်မြို့တွင် ရှမ်းမြောက် စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအဖြစ် ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၂၈)ရက် နှင့် (၂၉)ရက်နေ့တို့တွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ အဆိုတော် Rဇာနည် အပါအဝင် အဆိုတော် (၁၁)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~