ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့၏ ညဈေးအား ဇန်နဝါရီလ (၇) ရက်နေ့က ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။
ညောင်ရွှေမြို့ မြို့မကျောက်တိုင်ကွင်း ဗိုလ်ချုပ်ပန်းခြံတွင် ဖွင့်လှစ်သည့် ညဈေးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊ တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဌာနဆိုင်ရာများနှင့် ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှမြေို့၏ ညဈေးအား ဇန်နဝါရီလ (၇) ရက်နေ့က ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။
အဆိုပါ ညဈေးတွင် ဆိုင်ခန်းပေါင်း (၄၈)ခန်းပါဝင်ပြီး ဒေသတွင်းပြည်သူများနှင့် ခရီးသွားများ လည်ပတ်ရန် နေရာအဖြစ် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ရွှမြေို့ မြို့မကျောက်တိုင်ကွင်း ဗိုလ်ချုပ်ပန်းခြံတွင် ဖွင့်လှစ်သည့် ညဈေးဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုး၊ တာချီလိတ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ဌာနဆိုင်ရာများနှင့် ညောင်ရွှမြေို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ညဈေးမှ ယာယီဈေးဆိုင်ခန်းအတွက် ဆယ်ပေပတ်လည်တစ်ခန်းလျှင် တစ်နှစ်လုံးစာ တစ်သိန်းနှစ်သောင်းကျပ်၊ မီး၊ ရေ၊ မြေ လုံခြုံရေးအတွက်ကတော့ တစ်လလျှင် ရှစ်ထောင်ကျပ်ဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရပြီး စားသောက်ဆိုင်၊ ရိုးရာဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်၊ လက်မှု အထည်ဆိုင်၊ ပရိုမိုးရှင်း ဆိုင်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို