တာခ်ီလိတ္တြင္ ၂၀၁၆ခုႏွစ္အတြင္း ယာဥ္တိုက္မႈေၾကာင့္ လူ(၂၄)ဦး ေသဆံုးခဲ့

တာခ်ီလိတ္တြင္ ၂၀၁၆ခုႏွစ္အတြင္း ယာဥ္တိုက္မႈေၾကာင့္ လူ(၂၄)ဦး ေသဆံုးခဲ့
ဇန်နဝါရီ 7, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ၂၀၁၆ခုႏွစ္အတြင္းက ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးသူ (၂၄)ဦးရွိခဲ့ေၾကာင္း အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ ယာဥ္တိုက္မႈမ်ား မၾကာခဏျဖစ္ပြားေသာ္လည္း အမႈဖြင့္ခဲ့ရသည့္ ယာဥ္တိုက္မႈ (၅၃)မႈရွိရာ ယာဥ္တိုက္မႈေၾကာင့္ အမ်ဳိးသား (၂၁)ဦး ႏွင့္ အမ်ဳိးသမီး (၃)ဦး စုစုေပါင္း (၂၄)ဦး ေသဆံုးခဲ့ရေၾကာင္း ႏွင့္ အမ်ဳိးသား(၃၈)ဦး ႏွင့္ အမ်ဳိးသမီး (၂၂)ဦး စုစုေပါင္း (၆၀)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

တာခ်ီိလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိပညာေပးမႈမ်ား အေနျဖင့္ ၂၀၁၆ခုႏွစ္၏ ေနာက္ဆံုးလမ်ားက အသိပညာေပးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ယခု ၂၀၁၇ခုႏွစ္ ဇန္န၀ါရီလအတြင္းမွ စ၍ ေမာ္ေတာ္ကားေမာင္းသူမ်ားအား အႏၱရာယ္လံုၿခံဳေရးအတြက္ ကားထိုင္ခံုခါးပတ္ ပတ္ထားျခင္း ရွိမရွိကို စစ္ေဆးကာ ကားထိုင္ခံုခါးပတ္ မပတ္ထားပါက  အေရးယူသြားမွာ ျဖစ္ေၾကာင္း သိရသည္။

“အသက္အႏၱရာယ္လုံၿခံဳဖို႔အတြက္ ထိုင္ခုံခါးပတ္ မပတ္တဲ့သူေတြကို စစ္ေဆးအေရးသြားေတာ့မွာပါ” အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ရဲအုပ္ေဇာ္ေဇာ္ညြန္႔က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ လိုင္စင္မဲ့ ကား/ဆိုင္ကယ္မ်ား ေပါမ်ားသည့္အတြက္ ယာဥ္တိုက္မႈမ်ား ျဖစ္ပြားသည့္ အခါမ်ဳိးတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားမွ ေမာင္းေျပးသြားၾကသည့္အတြက္ သက္ဆိုင္ရာမွ စံုစမ္းေဖာ္ထုတ္ရန္ ခက္ခဲမႈမ်ား ရွိေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ၂၀၁၆ခုနှစ်အတွင်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၂၄)ဦးရှိခဲ့ကြောင်း အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားသော်လည်း အမှုဖွင့်ခဲ့ရသည့် ယာဉ်တိုက်မှု (၅၃)မှုရှိရာ ယာဉ်တိုက်မှုကြောင့် အမျိုးသား (၂၁)ဦး နှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၂၄)ဦး သေဆုံးခဲ့ရကြောင်း နှင့် အမျိုးသား(၃၈)ဦး နှင့် အမျိုးသမီး (၂၂)ဦး စုစုပေါင်း (၆၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တာချိီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများ အနဖြေင့် ၂၀၁၆ခုနှစ်၏ နောက်ဆုံးလများက အသိပညာပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခု ၂၀၁၇ခုနှစ် ဇန်နဝါရီလအတွင်းမှ စ၍ မော်တော်ကားမောင်းသူများအား အန္တရာယ်လုံခြုံရေးအတွက် ကားထိုင်ခုံခါးပတ် ပတ်ထားခြင်း ရှိမရှိကို စစ်ဆေးကာ ကားထိုင်ခုံခါးပတ် မပတ်ထားပါက အရေးယူသွားမှာ ဖြစ်ကြောင်း သိရသည်။

“အသက်အန္တရာယ်လုံခြုံဖို့အတွက် ထိုင်ခုံခါးပတ် မပတ်တဲ့သူတွေကို စစ်ဆေးအရေးသွားတော့မှာပါ” အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ်ဇော်ဇော်ညွန့်က ပြောသည်။

တာချီလိတ်မြို့ပေါ်တွင် လိုင်စင်မဲ့ ကား/ဆိုင်ကယ်များ ပေါများသည့်အတွက် ယာဉ်တိုက်မှုများ ဖြစ်ပွားသည့် အခါမျိုးတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များမှ မောင်းပြေးသွားကြသည့်အတွက် သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ်ရန် ခက်ခဲမှုများ ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~