ရက္ ၁၀၀ စီမံခ်က္ေၾကာင့္ ၂၀၁၆အတြင္း ရွမ္းျပည္ေတာင္ပိုင္းတြင္ အမႈဖမ္းဆီးရမိမႈ တိုးလာ

ရက္ ၁၀၀ စီမံခ်က္ေၾကာင့္ ၂၀၁၆အတြင္း ရွမ္းျပည္ေတာင္ပိုင္းတြင္ အမႈဖမ္းဆီးရမိမႈ တိုးလာ
ဇန်နဝါရီ 8, 2017
By Tachileik News Agency

ရက္ ၁၀၀ စီမံခ်က္လုပ္ေဆာင္ခဲ့မႈေၾကာင့္ ၂၀၁၆ ခုႏွစ္အတြင္း ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ အမႈမ်ား ဖမ္းဆီးရမိမႈ တိုးျမင့္လာေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ သိရသည္။

“ရက္ ၁၀၀ စီမံခ်က္လုပ္ခဲ့တဲ့ အတြက္ေၾကာင့္ အမႈေတြတိုးျမႇင့္ ဖမ္းဆီးႏိုင္တာေၾကာင့္ အမႈအေရအတြက္ တိုးလာတာလည္း ျဖစ္တယ္။ ၂၀၁၇ ခုႏွစ္မွာလည္း မႈခင္းက်ဆင္းေရးေတြ၊ လံုျခံဳေရးအပိုင္းေတြကို ပိုၿပီးတိုးျမင့္ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ စီမံခ်က္ေတြကိုလည္း ေရးဆြဲေဆာင္ရြက္မွာပါ။ မႈခင္းပိုင္းနဲ႔ ပတ္သက္ရင္ ျပည္သူေတြထဲမွာ ျဖစ္ၾကတာပါ။ မႈခင္းေတြမျဖစ္ပြားေအာင္ ျပည္သူလူထုအေနနဲ႔ အသိဥာဏ္ေတြ ရွိဖိုလ႔ိုတယ္။ ျပည္သူေတြက ရဲတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေစခ်င္ပါတယ္”ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲမွဴးရံုးမွ ဒုရဲမွဴးႀကီး စန္းလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္ ၂၀၁၅ ခုႏွစ္ထက္ ၂၀၁၆ ခုႏွစ္အတြင္း အမႈအေရအတြက္ မ်ားလာျခင္းမွာ ဖမ္းဆီးရမိိမႈ ပိုမ်ားလာျခင္းေၾကာင့္ ျဖစ္ေၾကာင္း  ရွမ္းျပည္နယ္ရဲတပ္ဖြဲမွဴးရံုးမွ ဒုရဲမွဴးႀကီး စန္းလြင္က ဆိုသည္။

“လူသတ္မႈ၊ လုယက္မႈ၊ မုဒိမ္းမႈေတြတိုးလာတာကို ေတြ႕ရပါတယ္။ အျခားအမႈနဲ႔ ႀကိဳတင္ကာကြယ္မႈလည္း တိုးလာတယ္။ ရဲတပ္ဖြဲ႕အေနနဲ႕ ပိုမိုဖမ္းဆီးခဲ့ေပမဲ့လည္း အမႈႀကီးပိုင္းမွာက လူသတ္မႈ၊ မုဒိမ္းမႈေတြ မ်ားတယ္”ဟု ဒုရဲမွဴးႀကီးစန္းလြင္က ဆိုသည္။

အျခားအမႈမ်ားတြင္ ယာဥ္စည္းကမ္းေတြ မလိုက္နာမႈေၾကာင့္ အမႈအေရအတြက္မွာလည္း တိုးလာေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္အတြင္း လူသတ္မႈ ၁၄၄ မႈ၊ မုဒိမ္းမႈ ၄၀ မႈ၊ အမႈႀကီး ၂၄၂ မႈ၊ အျခားအမႈ  ၃၈၁၃ မႈ၊ ႀကိဳတင္ ကာကြယ္မႈ ၄၃၉၈ မႈ ျဖစ္ပြားခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ လူသတ္မႈ ၁၈၀ ၊ မုဒိမ္းမႈ  ၆၆ မႈ၊ အမႈႀကီး စုစု ေပါင္း ၃၁၆ မႈ၊ အျခားအမႈ ၃၄၈၃ မႈ ၊ ႀကိဳတင္ကာကြယ္မႈ ၄၉၃၆ မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရက် ၁၀၀ စီမံချက်လုပ်ဆောင်ခဲ့မှုကြောင့် ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် အမှုများ ဖမ်းဆီးရမိမှု တိုးမြင့်လာကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ရက် ၁၀၀ စီမံချက်လုပ်ခဲ့တဲ့ အတွက်ကြောင့် အမှုတွေတိုးမြှင့် ဖမ်းဆီးနိုင်တာကြောင့် အမှုအရေအတွက် တိုးလာတာလည်း ဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာလည်း မှုခင်းကျဆင်းရေးတွေ၊ လုံခြုံရေးအပိုင်းတွေကို ပိုပြီးတိုးမြင့်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စီမံချက်တွေကိုလည်း ရေးဆွဲဆောင်ရွက်မှာပါ။ မှုခင်းပိုင်းနဲ့ ပတ်သက်ရင် ပြည်သူတွေထဲမှာ ဖြစ်ကြတာပါ။ မှုခင်းတွေမဖြစ်ပွားအောင် ပြည်သူလူထုအနေနဲ့ အသိဉာဏ်တွေ ရှိဖိုလို့တယ်။ ပြည်သူတွေက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးကြီး စန်းလွင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၁၅ ခုနှစ်ထက် ၂၀၁၆ ခုနှစ်အတွင်း အမှုအရေအတွက် များလာခြင်းမှာ ဖမ်းဆီးရမိမှု ပိုများလာခြင်းကြောင့် ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးကြီး စန်းလွင်က ဆိုသည်။

“လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုတွေတိုးလာတာကို တွေ့ရပါတယ်။ အခြားအမှုနဲ့ ကြိုတင်ကာကွယ်မှုလည်း တိုးလာတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ပိုမိုဖမ်းဆီးခဲ့ပေမဲ့လည်း အမှုကြီးပိုင်းမှာက လူသတ်မှု၊ မုဒိမ်းမှုတွေ များတယ်”ဟု ဒုရဲမှူးကြီးစန်းလွင်က ဆိုသည်။

အခြားအမှုများတွင် ယာဉ်စည်းကမ်းတွေ မလိုက်နာမှုကြောင့် အမှုအရေအတွက်မှာလည်း တိုးလာကြောင်း သိရသည်။

၂၀၁၅ ခုနှစ်အတွင်း လူသတ်မှု ၁၄၄ မှု၊ မုဒိမ်းမှု ၄၀ မှု၊ အမှုကြီး ၂၄၂ မှု၊ အခြားအမှု ၃၈၁၃ မှု၊ ကြိုတင် ကာကွယ်မှု ၄၃၉၈ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် လူသတ်မှု ၁၈၀၊ မုဒိမ်းမှု ၆၆ မှု၊ အမှုကြီး စုစု ပေါင်း ၃၁၆ မှု၊ အခြားအမှု ၃၄၈၃ မှု၊ ကြိုတင်ကာကွယ်မှု ၄၉၃၆ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~