ကယားပြည်နယ် ပျားကနဲကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး

ကယားပြည်နယ် ပျားကနဲကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး
ဇနျနဝါရီ 8, 2017
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု ပျားကနဲကျေးရွာတွင် ဇန်နဝါရီလ (၈) ရက် နေ့လယ် (၁)နာရီခန့်က နေအိမ်မီးဖိုခန်းမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ်တစ်လုံး ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုကို နာရီဝက်အတွင်း ငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပြီး မီးလောင်ရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေအိမ်ပိုင်ရှင် ဦးစောဖဲကေးအား အမှုဖွင့်ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~