စိုက္ပ်ိဳးေျမရယူထားၿပီး လုပ္ငန္းမေဆာင္ရြက္ပါက ေျမမ်ားျပန္လည္သိမ္းယူမည္

စိုက္ပ်ိဳးေျမရယူထားၿပီး လုပ္ငန္းမေဆာင္ရြက္ပါက ေျမမ်ားျပန္လည္သိမ္းယူမည္
ဇန်နဝါရီ 8, 2017
By Tachileik News Agency

စိုက္ပ်ိဳးေျမေနရာမ်ားရယူထားသည့္ လုပ္ငန္းရွင္မ်ား လုပ္ငန္းေဆာင္ရြက္ျခင္းမရိွပါက စိုက္ပ်ိဳးေျမမ်ားအား ျပန္လည္သိမ္းသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္း ႏွင့္ စီးပြားေရး ၀န္ႀကီး ဦးစိုးညြန္႔လြင္ ထံမွ သိရသည္။

“ကုမၸဏီကေန ေျမလြတ္ေျမရိုင္းေတြ စိုက္ပ်ဳိးမယ္ဆိုၿပီး သိမ္းထားတဲ့ ေျမဧကေျမာက္မ်ားစြာရွိတယ္။ တကယ္တမ္းက်ေတာ့ ဘာမွမစိုက္ပဲနဲ႔ ဒီတိုင္းပစ္ထားၾကပါတယ္။ တကယ္တမ္းေျပာရရင္ ေျမဦးထားတဲ့ ပုဂၢဳိလ္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြဟာ တိုင္းျပည္ရဲ႕ ထုတ္ကုန္ကို ေလ်ာ့က်ေစပါတယ္။ ေျမကစားတဲ့ ပုဂၢိဳလ္ေတြေၾကာင့္ ဒီလိုျဖစ္ရတာပါ။ မစိုက္တဲ့ေျမေနရာေတြကို ကၽြန္ေတာ္တို႔ျပန္သိမ္းမွာပါ”ဟု  ရွမ္းျပည္နယ္အစိုးရအဖြဲ႕ စီမံကိန္း ႏွင့္ စီးပြားေရး ၀န္ႀကီး ဦးစိုးညြန္႔လြင္က ဆိုသည္။

ေျမယာျပႆနာမ်ားေၾကာင့္ လယ္ယာေျမဆံုးရံႈးသြားၾကသည့္ လယ္သမားမ်ားအတြက္ ေျမယာအသစ္မ်ား ေဖၚထုတ္ရန္အတြက္ စိုက္ပ်ိဳးေျမရယူထားျပီး လုပ္ေဆာင္ျခင္းမရိွသည့္ ကုမၸဏီပိုင္ေျမမ်ားကို ျပန္လည္သိမ္းဆည္းသြားရန္ စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“နိုင္ငံတစ္နိုင္ငံရဲ႕ ဆင္းရဲမြဲေတမႈကို ထင္ရွားေစတဲ့အခ်က္ဟာ လယ္သမားေတြရဲ႕လယ္ယာေျမကင္းမဲ့ျခင္း ျဖစ္ပါတယ္။ အလုပ္ လုပ္ပိုင္ခြင့္ရွိဖို႔အတြက္ ေျမဟာ အေရးႀကီး ဆံုးပါ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႕ဟာ ေျမဧကအသစ္ေတြ ေဖာ္ထုတ္မယ္။ ကုမၸဏီကသိမ္းယူထားတဲ့ ေျမေတြ၊ မစိုက္ မပ်ဳိးတဲ့ေျမေတြကို ျပန္သိမ္းမယ္။ ၿပီးေတာ့ သူတို႕အတြက္ နည္းပညာေတြေထာက္ပံ့မယ္။“ဟု ဝန္ႀကီးက ဆိုသည္။

ရွမ္းျပည္နယ္အစိုးရအေနျဖင့္ ေဒသတြင္း လယ္သမားမ်ားအား နည္းပညာႏွင့္ ေခ်းေငြပံ့ပိုးေရး ကိစၥမ်ားကိုလည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
စိုက်ပျိုးမြေနေရာများရယူထားသည့် လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ခြင်းမရှိပါက စိုက်ပျိုးမြေများအား ပြန်လည်သိမ်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွန့်လွင် ထံမှ သိရသည်။

“ကုမ္ပဏီကနေ မြေလွတ်မြေရိုင်းတွေ စိုက်ပျိုးမယ်ဆိုပြီး သိမ်းထားတဲ့ မြေဧကမြောက်များစွာရှိတယ်။ တကယ်တမ်းကျတော့ ဘာမှမစိုက်ပဲနဲ့ ဒီတိုင်းပစ်ထားကြပါတယ်။ တကယ်တမ်းပြောရရင် မြေဦးထားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ ဒါတွေဟာ တိုင်းပြည်ရဲ့ ထုတ်ကုန်ကို လျော့ကျစေပါတယ်။ မြေကစားတဲ့ ပုဂ္ဂိုလ်တွေကြောင့် ဒီလိုဖြစ်ရတာပါ။ မစိုက်တဲ့မြေနေရာတွေကို ကျွန်တော်တို့ပြန်သိမ်းမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ဆိုသည်။

မြေယာပြဿနာများကြောင့် လယ်ယာမြေဆုံးရှုံးသွားကြသည့် လယ်သမားများအတွက် မြေယာအသစ်များ ဖော်ထုတ်ရန်အတွက် စိုက်ပျိုးမြေရယူထားပြီး လုပ်ဆောင်ခြင်းမရှိသည့် ကုမ္ပဏီပိုင်မြေများကို ပြန်လည်သိမ်းဆည်းသွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ထင်ရှားစေတဲ့အချက်ဟာ လယ်သမားတွေရဲ့လယ်ယာမြေကင်းမဲ့ခြင်း ဖြစ်ပါတယ်။ အလုပ် လုပ်ပိုင်ခွင့်ရှိဖို့အတွက် မြေဟာ အရေးကြီး ဆုံးပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ မြေဧကအသစ်တွေ ဖော်ထုတ်မယ်။ ကုမ္ပဏီကသိမ်းယူထားတဲ့ မြေတွေ၊ မစိုက် မပျိုးတဲ့မြေတွေကို ပြန်သိမ်းမယ်။ ပြီးတော့ သူတို့အတွက် နည်းပညာတွေထောက်ပံ့မယ်။“ဟု ဝန်ကြီးက ဆိုသည်။

ရှမ်းပြည်နယ်အစိုးရအနဖြေင့် ဒေသတွင်း လယ်သမားများအား နည်းပညာနှင့် ချေးငွေပံ့ပိုးရေး ကိစ္စများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~