ေက်ာက္မဲၿမိဳ႕ လူေနရပ္ကြက္တြင္ ေလာင္စာဆီဆိုင္မ်ား ဖြင့္မည္ကို စိုးရိမ္ေန

ေက်ာက္မဲၿမိဳ႕ လူေနရပ္ကြက္တြင္ ေလာင္စာဆီဆိုင္မ်ား ဖြင့္မည္ကို စိုးရိမ္ေန
ဇန်နဝါရီ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕တြင္ လူေနရပ္ကြက္အတြင္း ေလာင္စာဆီဆိုင္ဖြင့္လွစ္ရန္ စီစဥ္ေနသျဖင့္ ေဒသခံမ်ားက စိုးရိမ္ေနၾကေၾကာင္းသိရသည္။

“ကၽြန္ေတာ့္ အိမ္နံေဘးနားမွာ ဓာတ္ဆီဆိုင္ႀကီးဖြင့္မယ္ဆိုရင္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ သေဘာမတူပါဘူး။ ဒါက အႏၱရာယ္ရွိတယ္ေလေနာ္။ မီးေဘးလည္း စိုးရိမ္ရတယ္။ ဆီကန္လုပ္မယ့္ေနရာက ကၽြန္ေတာ့္အိမ္နဲ႔ ၿခံစည္းရိုး ပဲျခားတာဆိုေတာ့ စိုးရိမ္ပါတယ္” ဟု အမွတ္ ၈ ရပ္ကြက္ ရွိ ဓာတ္ဆီအေရာင္းဆိုင္ ေဆာက္လုပ္ေနသည့္ နံေဘးတြင္ ေနထိုင္သူက ေျပာသည္။

၄င္းေနရာတြင္ မူလက အိမ္သံုး ပန္႔ဆီဆိုင္ဖြင့္လွစ္ထားျခင္းျဖစ္ရာ  ရပ္ကြက္အေနျဖင့္ ကန္႔ကြက္ျခင္းမရိွ ေသာ္လည္း လက္ရိွတြင္ ဆိုင္ႀကီးဖြင့္လွစ္မည္ျဖစ္သျဖင့္ ရပ္ကြက္တြင္း စိုးရိမ္မႈျမင့္မား ေနျခင္းျဖစ္ေၾကာင္းသိရသည္။

“အန္တီတို႔လည္း ဒီမွာေနလာတာၾကာပါၿပီ။ အဲဒီ ဆီဆိုင္ဖြင့္မယ့္ေနရာအနီးမွာ မနက္ခင္း(အခြန္လြတ္ေစ်း) ေစ်းလည္း ရွိတယ္။ ဟိုဘက္အျခမ္းမွာကလည္း စည္ပင္အမႈိက္ကန္လည္းရွိတယ္။ ဆိုင္ေသးေသးေလး ဖြင့္ထားတုန္းကေတာ့ ဒီေလာက္မစိုးရိမ္ဘူးေလ။ အခုက ေခတ္ကလည္းမေကာင္း ရွမ္းျပည္မွာက ဟိုေနရာဗံုးကြဲ ၊ ဒီေနရာမိုင္းေထာင္နဲ႔ ဆိုေတာ့ အဲဒီလိုေတြျဖစ္လာမွာကို ေၾကာက္တယ္ေလ။ ဖြင့္ခြင့္ ျပဳမယ္ဆိုရင္လည္း လူေနရပ္ကြက္နဲ႔ ေဝးတဲ့ေနရာ မွာသြားဖြင့္ေစခ်င္ပါတယ္ “ဟု အမွတ္ ၈ ရပ္ကြက္ ထံုးဖိုရပ္(အခြန္လြတ္ေစ်းအနီး) တြင္ေနထိုင္သူ အမ်ိဳးသမီးႀကီး တစ္ဦးကေျပာသည္။

လူေနရပ္ကြက္တြင္ ဓာတ္ဆီအေရာင္းဆိုင္ႀကီးဖြင့္လွစ္ရန္ ေဆာက္လုပ္ေနေသာ္လည္း ပတ္ဝန္းက်င္မွ ေထာက္ခံခ်က္ ရယူထားျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ့ ၿမိဳ့နယ္စည္ပင္သာယာေရးဌာနသို႔ ဆက္သြယ္ေမးျမန္းရာတြင္ “ကၽြန္ေတာ္ေကာ္မတီအဖြဲ႔ ဖြဲ႔ခိုင္းၿပီးသြားစစ္ေဆးၿပီးေတာ့မွ ၿမိဳ့နယ္ကိုတင္ျပေပးပါ့မယ္။ အဆင္ေျပေအာင္ စီစဥ္ေဆာင္ရြက္ေပးသြားမွာပါ။ အဆင္ေျပသြားမွာပါ “ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒု-ညႊန္ၾကားေရးမွဴး ဦးဝင္းေဆြက ေျပာသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် လူနေရပ်ကွက်အတွင်း လောင်စာဆီဆိုင်ဖွင့်လှစ်ရန် စီစဉ်နေသဖြင့် ဒေသခံများက စိုးရိမ်နကြေကြောင်းသိရသည်။

“ကျွန်တော့် အိမ်နံဘေးနားမှာ ဓာတ်ဆီဆိုင်ကြီးဖွင့်မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ သဘောမတူပါဘူး။ ဒါက အန္တရာယ်ရှိတယ်လေနော်။ မီးဘေးလည်း စိုးရိမ်ရတယ်။ ဆီကန်လုပ်မယ့်နေရာက ကျွန်တော့်အိမ်နဲ့ ခြံစည်းရိုး ပဲခြားတာဆိုတော့ စိုးရိမ်ပါတယ်” ဟု အမှတ် ၈ ရပ်ကွက် ရှိ ဓာတ်ဆီအရောင်းဆိုင် ဆောက်လုပ်နေသည့် နံဘေးတွင် နေထိုင်သူက ပြောသည်။

၄င်းနေရာတွင် မူလက အိမ်သုံး ပန့်ဆီဆိုင်ဖွင့်လှစ်ထားခြင်းဖြစ်ရာ ရပ်ကွက်အနဖြေင့် ကန့်ကွက်ခြင်းမရှိ သော်လည်း လက်ရှိတွင် ဆိုင်ကြီးဖွင့်လှစ်မည်ဖြစ်သဖြင့် ရပ်ကွက်တွင်း စိုးရိမ်မှုမြင့်မား နခြေင်းဖြစ်ကြောင်းသိရသည်။

“အန်တီတို့လည်း ဒီမှာနေလာတာကြာပါပြီ။ အဲဒီ ဆီဆိုင်ဖွင့်မယ့်နေရာအနီးမှာ မနက်ခင်း(အခွန်လွတ်ဈေး) ဈေးလည်း ရှိတယ်။ ဟိုဘက်အခြမ်းမှာကလည်း စည်ပင်အမှိုက်ကန်လည်းရှိတယ်။ ဆိုင်သေးသေးလေး ဖွင့်ထားတုန်းကတော့ ဒီလောက်မစိုးရိမ်ဘူးလေ။ အခုက ခေတ်ကလည်းမကောင်း ရှမ်းပြည်မှာက ဟိုနေရာဗုံးကွဲ၊ ဒီနေရာမိုင်းထောင်နဲ့ ဆိုတော့ အဲဒီလိုတွဖြေစ်လာမှာကို ကြောက်တယ်လေ။ ဖွင့်ခွင့် ပြုမယ်ဆိုရင်လည်း လူနေရပ်ကွက်နဲ့ ဝေးတဲ့နေရာ မှာသွားဖွင့်စေချင်ပါတယ် “ဟု အမှတ် ၈ ရပ်ကွက် ထုံးဖိုရပ်(အခွန်လွတ်ဈေးအနီး) တွင်နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးကပြောသည်။

လူနေရပ်ကွက်တွင် ဓာတ်ဆီအရောင်းဆိုင်ကြီးဖွင့်လှစ်ရန် ဆောက်လုပ်နေသော်လည်း ပတ်ဝန်းကျင်မှ ထောက်ခံချက် ရယူထားခြင်းမရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်ကော်မတီအဖွဲ့ ဖွဲ့ခိုင်းပြီးသွားစစ်ဆေးပြီးတော့မှ မြို့နယ်ကိုတင်ပြပေးပါ့မယ်။ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ အဆင်ပြေသွားမှာပါ “ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ ဒု-ညွှန်ကြားရေးမှူး ဦးဝင်းဆွေက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~