ကယားျပည္နယ္ လႊတ္ေတာ္အေရးေပၚ အစည္းအေဝးတြင္ ဖြဲ႕စည္းခဲ့သည့္ တိုင္စာပစ္စာ ေလ့လာစိစစ္ေရး ေကာ္မတီတြင္ လက္ရွိ ဒီဇင္ဘာလထိ တိုင္စာေပါင္း တစ္ရာေက်ာ္ ရွိၿပီျဖစ္ၿပီး အမ်ားစုမွာ ေျမယာ ျပႆနာမ်ား ျဖစ္ေၾကာင္းသိရသည္။
တိုင္စာပစ္စာ ေကာ္မတီအေနျဖင့္ ၂၀၁၆ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီးေနာက္ တိုင္စာမ်ားကို လက္ခံ၍ စိစစ္ စစ္ေဆးျခင္းမ်ား၊ ေျဖရွင္းေပးျခင္းမ်ား ကိုျပဳလုပ္ေပးလွ်က္ရွိေၾကာင္း သိရသည္။
"အမ်ားဆုံးကေတာ့ ေျမယာျပႆနာေပါ့။ ဥပမာဆို အရင္အစိုးရတုန္းက ေတာင္သူေတြကို ၾကက္ဆူ စိုက္ခိုင္းတာ ေတြရွိတယ္။ အဲဒီေျမေတြကို ျပန္ေပးခိုင္းထားေပမဲ့ ေျမစာရင္းနဲ႔ ေထြ/အုပ္က ျပန္မေပးေသး တာေပါ့။ အဲဒါေတြ ေျဖရွင္းရတယ္။ ၿပီးေတာ့ တျခားေငြေၾကး ကိစၥေတြေပါ့။ အမ်ားႀကီး ေရာက္လာတယ္။ ေကာ္မတီက အဲဒီတိုင္စာေတြကို ေသခ်ာ စိစစ္တယ္။ ကၽြန္ေတာ္ ကိုယ္တိုင္ ဥပေဒအရ နစ္နာရင္ နစ္နာသူဖက္က ရသင့္ရထိုက္တာေတြ မသမာတဲ့ သူဆိုလည္း ကၽြန္ေတာ္တို႔က ဌာနဆိုင္ရာပဲျဖစ္ျဖစ္ အကုန္ တိတိက်က် စစ္ေဆး အေရးယူမႈေတြ လုပ္သြားမွာ "ဟု တိုင္စာပစ္စာ ေလ့လာ ဆန္းစစ္ေရးေကာ္မတီ အတြင္းေရးမွဴး ဦးေအာင္ႏိုင္ဦးက ေျပာသည္။
စက္တင္ဘာလမွ ဒီဇင္ဘာလထိ တိုင္စာေပါင္း တစ္ရာေက်ာ္တြင္ အမ်ားဆုံးမွာ ေျမယာျပႆနာမ်ား ျဖစ္ၿပီး ပုဂၢလိက ကုမၸဏီမ်ားမွ အလုပ္သမားမ်ားအား ေငြေပးေခ်မႈမရွိေသာ ကိစၥရပ္မ်ား၊ ခဲသတၲဳတူးေဖာ္ေရး ျပႆနာမ်ား ပါဝင္ေၾကာင္း သိရသည္။
"မႏွစ္ကေငြေတြကို ျပန္ရေအာင္ လုပ္ေပးထားတာ သိန္း(၅၀)ေက်ာ္ရွိၿပီ။ မႏွစ္က ေငြေတြကို ကုမၸဏီက ျပန္မေခ်တာေတြရွိတယ္။ အဲဒါမ်ိဳးေတြဆို ကၽြန္ေတာ္လုပ္ပိုင္ခြင့္ရွိတဲ့ အတိုင္းေပါ့။ တရားရုံးေတြကအစ ကၽြန္ေတာ္္တို႕ လိုက္ေျဖရွင္းေပးတာေတြရွိတာေပါ့ေနာ္။"ဟု ဦးေအာင္ႏိုင္ဦးက ဆက္လက္ ေျပာသည္။
ကယားျပည္နယ္အတြင္း ျပည္သူမ်ားမွ တိုင္ၾကားလာသည့္ က႑အစံု ကိစၥရပ္မ်ားကို ထိေရာက္စြာ လုပ္ေဆာင္ေပးႏိုင္ရန္ အတြက္ ကယားျပည္နယ္လႊတ္ေတာ္က တိုင္စာပစ္စာ ေလ့လာ ဆန္းစစ္ေရး ေကာ္မတီအား အဖြဲ႕ဝင္ (၂၄)ဦးျဖင့္ စက္တက္ဘာလ ၃၀ ရက္ေန႔က ဖြဲ႕စည္းအတည္ျပဳခဲ့ျခင္းျဖစ္သည္။
သတင္း - ဆန္းၿဖိဳးထြန္း
တိုင်စာပစ်စာ ကော်မတီအနဖြေင့် ၂၀၁၆ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် တိုင်စာများကို လက်ခံ၍ စိစစ် စစ်ဆေးခြင်းများ၊ ဖြေရှင်းပေးခြင်းများ ကိုပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။
"အများဆုံးကတော့ မြေယာပြဿနာပေါ့။ ဥပမာဆို အရင်အစိုးရတုန်းက တောင်သူတွေကို ကြက်ဆူ စိုက်ခိုင်းတာ တွေရှိတယ်။ အဲဒီမြေတွေကို ပြန်ပေးခိုင်းထားပေမဲ့ မြေစာရင်းနဲ့ ထွေ/အုပ်က ပြန်မပေးသေး တာပေါ့။ အဲဒါတွေ ဖြေရှင်းရတယ်။ ပြီးတော့ တခြားငွေကြေး ကိစ္စတွေပေါ့။ အများကြီး ရောက်လာတယ်။ ကော်မတီက အဲဒီတိုင်စာတွေကို သေချာ စိစစ်တယ်။ ကျွန်တော် ကိုယ်တိုင် ဥပဒေအရ နစ်နာရင် နစ်နာသူဖက်က ရသင့်ရထိုက်တာတွေ မသမာတဲ့ သူဆိုလည်း ကျွန်တော်တို့က ဌာနဆိုင်ရာပဲဖြစ်ဖြစ် အကုန် တိတိကျကျ စစ်ဆေး အရေးယူမှုတွေ လုပ်သွားမှာ "ဟု တိုင်စာပစ်စာ လေ့လာ ဆန်းစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
စက်တင်ဘာလမှ ဒီဇင်ဘာလထိ တိုင်စာပေါင်း တစ်ရာကျော်တွင် အများဆုံးမှာ မြေယာပြဿနာများ ဖြစ်ပြီး ပုဂ္ဂလိက ကုမ္ပဏီများမှ အလုပ်သမားများအား ငွေပေးချေမှုမရှိသော ကိစ္စရပ်များ၊ ခဲသတ္တုတူးဖော်ရေး ပြဿနာများ ပါဝင်ကြောင်း သိရသည်။
"မနှစ်ကငွေတွေကို ပြန်ရအောင် လုပ်ပေးထားတာ သိန်း(၅၀)ကျော်ရှိပြီ။ မနှစ်က ငွေတွေကို ကုမ္ပဏီက ပြန်မချေတာတွေရှိတယ်။ အဲဒါမျိုးတွေဆို ကျွန်တော်လုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းပေါ့။ တရားရုံးတွေကအစ ကျွန်တော်တို့ လိုက်ဖြေရှင်းပေးတာတွေရှိတာပေါ့နော်။"ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောသည်။
ကယားပြည်နယ်အတွင်း ပြည်သူများမှ တိုင်ကြားလာသည့် ကဏ္ဍအစုံ ကိစ္စရပ်များကို ထိရောက်စွာ လုပ်ဆောင်ပေးနိုင်ရန် အတွက် ကယားပြည်နယ်လွှတ်တော်က တိုင်စာပစ်စာ လေ့လာ ဆန်းစစ်ရေး ကော်မတီအား အဖွဲ့ဝင် (၂၄)ဦးဖြင့် စက်တက်ဘာလ ၃၀ ရက်နေ့က ဖွဲ့စည်းအတည်ပြုခဲ့ခြင်းဖြစ်သည်။
သတင်း - ဆန်းဖြိုးထွန်း