မယ္ဆိုင္ေခ်ာင္းေပၚ ထိုင္းဘက္က သဲအိတ္မ်ားျဖင့္ ေရတားျပဳလုပ္မည္ဟု သတင္းရ၍ သြားေရာက္ စစ္ေဆး

မယ္ဆိုင္ေခ်ာင္းေပၚ ထိုင္းဘက္က သဲအိတ္မ်ားျဖင့္ ေရတားျပဳလုပ္မည္ဟု သတင္းရ၍ သြားေရာက္ စစ္ေဆး
ဇန်နဝါရီ 9, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ တစ္ဖက္ထိုင္းႏိုင္ငံ မယ္ဆုိင္ဘက္မွ ႏွစ္ႏိုင္ငံနယ္စပ္ ေခ်ာင္းတြင္ ေရတားအျဖစ္ သဲအိတ္မ်ား ခ်မည္ဟု သတင္းရရွိ၍ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ယေန႔ ဇန္န၀ါရီလ(၉)ရက္ေန႔ နံနက္ပိုင္းက သြားေရာက္ စစ္ေဆးခဲ့ၾကသည္။

ျမန္မာဘက္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းဘက္ မယ္ဆိုင္ၿမဳိ႕အၾကားရွိသည့္ မယ္ဆိုင္ေခ်ာင္းတြင္ မယ္ဆိုင္ဘက္ လယ္သမားမ်ားက (တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရွိ ငွက္ေပ်ာဆိပ္)ေရလယ္တြင္ သဲအိတ္မ်ားျဖင့္ ပိတ္ကာ ေရတား ျပဳလုပ္ၿပီး ၎တို႔ လယ္ထဲသို႔ ေရမ်ားသြင္းယူရန္အတြက္ သဲအိတ္မ်ားကို ခ်မည္ဟု သတင္းရရွိ၍ အမွန္တကယ္ ေဆာင္ရြက္ေနပါက ျမန္မာဘက္ တာ၀န္ရွိသူမ်ားက တားျမစ္ရန္အတြက္ သြားေရာက္ စစ္ေဆးျခင္း ျဖစ္ေၾကာင္း သိရသည္။

"မယ္ဆိုင္ဘက္က လယ္သမားေတြက ေရဦးရယူတဲ့အေနနဲ႔ ေခ်ာင္းအလယ္မွာ ေရတားသဖြယ္ သဲအိတ္ေတြခ်မယ္ဆိုတဲ့ သတင္းရလို႔ ကြ်န္ေတာ္တို႔ သြားေရာက္ စစ္ေဆးတာပါ၊ သဲအိတ္ေတြခ်မဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ကြ်န္ေတာ္တို႔ဘက္က ကန္႔ကြက္ထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က ေျပာသည္။

ထိုသို႔ သြားေရာက္ စစ္ေရးရာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ စည္ပင္သာယာေရးဌာန၊ ဆည္ေျမာင္း ႏွင့္ စိုက္ပ်ဳိးေရး အျပင္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ၿပီး မယ္ဆိုင္ဘက္ကမ္းတြင္ သဲအိတ္မ်ား ခ်ရန္ ေဆာင္ရြက္ႏိုင္ေျခ ရွိမရွိကို ေစာင့္ၾကည့္ခဲ့ၾကရာ၊ ထိုင္းဘက္မွ ေဆာင္ရြက္ျခင္း မရွိသည့္ ေတြ႕ရွိရေၾကာင္း သိရသည္။

တာခ်ီလိတ္ - မယ္ဆိုင္ၾကားရွိ မယ္ဆိုင္ေခ်ာင္းေပၚတြင္ ေရတားသဖြယ္ျပဳလုပ္မႈေၾကာင့္ မိုးရာသီကာလမ်ားတြင္ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚတတ္ေလ့ရွိသည့္အတြက္ ျမန္မာဘက္မွ ကန္႔ကြက္ထားျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ နှစ်နိုင်ငံနယ်စပ် ချောင်းတွင် ရေတားအဖြစ် သဲအိတ်များ ချမည်ဟု သတင်းရရှိ၍ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်ပိုင်းက သွားရောက် စစ်ဆေးခဲ့ကြသည်။

မြန်မာဘက် တာချီလိတ်မြို့နှင့် ထိုင်းဘက် မယ်ဆိုင်မြို့အကြားရှိသည့် မယ်ဆိုင်ချောင်းတွင် မယ်ဆိုင်ဘက် လယ်သမားများက (တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ငှက်ပျောဆိပ်)ရေလယ်တွင် သဲအိတ်များဖြင့် ပိတ်ကာ ရေတား ပြုလုပ်ပြီး၎င်းတို့ လယ်ထဲသို့ ရေများသွင်းယူရန်အတွက် သဲအိတ်များကို ချမည်ဟု သတင်းရရှိ၍ အမှန်တကယ် ဆောင်ရွက်နေပါက မြန်မာဘက် တာဝန်ရှိသူများက တားမြစ်ရန်အတွက် သွားရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

"မယ်ဆိုင်ဘက်က လယ်သမားတွေက ရေဦးရယူတဲ့အနေနဲ့ ချောင်းအလယ်မှာ ရေတားသဖွယ် သဲအိတ်တွေချမယ်ဆိုတဲ့ သတင်းရလို့ ကျွန်တော်တို့ သွားရောက် စစ်ဆေးတာပါ၊ သဲအိတ်တွေချမဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ကန့်ကွက်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ထိုသို့ သွားရောက် စစ်ရေးရာတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် စည်ပင်သာယာရေးဌာန၊ ဆည်မြောင်း နှင့် စိုက်ပျိုးရေး အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ပြီး မယ်ဆိုင်ဘက်ကမ်းတွင် သဲအိတ်များ ချရန် ဆောင်ရွက်နိုင်ခြေ ရှိမရှိကို စောင့်ကြည့်ခဲ့ကြရာ၊ ထိုင်းဘက်မှ ဆောင်ရွက်ခြင်း မရှိသည့် တွေ့ရှိရကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်ကြားရှိ မယ်ဆိုင်ချောင်းပေါ်တွင် ရေတားသဖွယ်ပြုလုပ်မှုကြောင့် မိုးရာသီကာလများတွင် တာချီလိတ်မြို့တွင်းသို့ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်တတ်လေ့ရှိသည့်အတွက် မြန်မာဘက်မှ ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~