ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ မူးယစ္ေဆး၀ါးသံုးစြဲကာ ေလလြင့္ေနသူမ်ားႏွင့္ အိမ္ေျခမဲ့သူမ်ား အပါအဝင္ ေနရပ္မျပန္ႏိုင္သူမ်ားကို ကူညီႏိုင္ရန္အတြက္ ဇန္န၀ါရီလ(၁၀)ရက္ေန႔မွစ၍ လိုက္လံစာရင္းေကာက္သြားမည္ျဖစ္ေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းထံမွ သိရသည္။
"ကြ်န္ေတာ္တို႔ ဇန္န၀ါရီလ(၁၀)ရက္ေန႔မွာ တစ္ၿမိဳ႕လံုးကို စာရင္းလိုက္ေကာက္မွာ စည္ပင္လည္းပါမွာပါ။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုလည္း ခြင့္ျပဳခ်က္ေတာင္းၿပီးၿပီ။ ၿပီးရင္ေတာ့ စီမံခ်က္ေတြေရးဆြဲၿပီး ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးကို ျပန္တင္ျပသြားမွာပါ"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
အိမ္ေျခမဲ့မ်ားထဲမွ မူးယစ္ေဆးစြဲေနသူမ်ားကို ေဆးျဖတ္ေပးၿပီး အလုပ္အကိုင္မရွိသည့္ အိမ္ေျခမဲ့မ်ားအား ကူညီႏုိင္မည့္ နည္းလမ္းကို ေကာ္မတီဖြဲ႕၍ ေဆြးေႏြးလုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ စာရင္းေကာက္တဲ့အခါ မေၾကာက္လန္႔ဖို႔ ၿမိဳ႕မသုႆန္ဘက္ေရာက္တုန္းကေတာ့ ေျပာထားတယ္။ သူတို႔အတြက္ ေကာင္းတဲ့လမ္းကို အစေဖာ္ဖို႔ အတြက္မို႔ပါ။ စာရင္းေကာက္ၿပီး ေဆးစြဲေနသူေတြကို ေဆးျဖတ္ေပးမယ္။ ေဆးျပတ္သြားၿပီး ေနရပ္ျပန္လိုသူမ်ားကိုလည္း ျပန္ႏိုင္ေအာင္ စီစဥ္ေပးသြားမယ္"ဟု ဦးတင့္ေဆြက ေျပာသည္။
လက္ရိွတြင္ တာခ်ီလိတ္ၿမိဳ႕၌ မူးယစ္ေဆးဝါးသံုးစြဲၿပီး ေလလြင့္ေနသည့္ အိမ္ေျခမဲ့မ်ားသည္ အမ်ားအားျဖင့္ တာခ်ီလိတ္ၿမိဳ႕မ သုႆန္တြင္ ခိုေအာင္းေနၾကသျဖင့္ မဇၥ်ိမလူမႈကူညီေရးအသင္းက မူးယစ္ေဆးစြဲကာ ေလလြင့္သူမ်ား၊ အလုပ္အကိုင္မရွိ၍ ေလလြင့္ေနသူမ်ား၊ ေတာင္းရမ္းစားေသာက္ေနသူမ်ားႏွင့္ ရူးသြပ္ေနသူမ်ားကို သက္ဆိုင္ရာဌာနမ်ား ပူးေပါင္းမႈျဖင့္ လိုက္လံစာရင္းေကာက္ရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယခုစီမံခ်က္အား အေကာင္အထည္ေဖာ္ေဆာင္ႏုိင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မွ သက္ဆိုင္ရာဌာနမ်ားႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားလည္း ပူးေပါင္းပါ၀င္ၾကရန္လည္း မဇၥ်ိမလူမႈကူညီေရးအသင္းက တိုက္တြန္းထားသည္။
သတင္း - ကိုေဇာင္း
"ကျွန်တော်တို့ ဇန်နဝါရီလ(၁၀)ရက်နေ့မှာ တစ်မြို့လုံးကို စာရင်းလိုက်ကောက်မှာ စည်ပင်လည်းပါမှာပါ။ ခရိုင်အုပ်ချုပ်ရေးမှူးကိုလည်း ခွင့်ပြုချက်တောင်းပြီးပြီ။ ပြီးရင်တော့ စီမံချက်တွေရေးဆွဲပြီး ခရိုင် အုပ်ချုပ်ရေးမှူးကို ပြန်တင်ပြသွားမှာပါ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
အိမ်ခြေမဲ့များထဲမှ မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်ပေးပြီး အလုပ်အကိုင်မရှိသည့် အိမ်ခြေမဲ့များအား ကူညီနိုင်မည့် နည်းလမ်းကို ကော်မတီဖွဲ့၍ ဆွေးနွေးလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ စာရင်းကောက်တဲ့အခါ မကြောက်လန့်ဖို့ မြို့မသုဿန်ဘက်ရောက်တုန်းကတော့ ပြောထားတယ်။ သူတို့အတွက် ကောင်းတဲ့လမ်းကို အစဖော်ဖို့ အတွက်မို့ပါ။ စာရင်းကောက်ပြီး ဆေးစွဲနေသူတွေကို ဆေးဖြတ်ပေးမယ်။ ဆေးပြတ်သွားပြီး နေရပ်ပြန်လိုသူများကိုလည်း ပြန်နိုင်အောင် စီစဉ်ပေးသွားမယ်"ဟု ဦးတင့်ဆွေက ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့၌ မူးယစ်ဆေးဝါးသုံးစွဲပြီး လေလွင့်နေသည့် အိမ်ခြေမဲ့များသည် အများအားဖြင့် တာချီလိတ်မြို့မ သုဿန်တွင် ခိုအောင်းနကြေသဖြင့် မဇ္ဈိမလူမှုကူညီရေးအသင်းက မူးယစ်ဆေးစွဲကာ လေလွင့်သူများ၊ အလုပ်အကိုင်မရှိ၍ လေလွင့်နေသူများ၊ တောင်းရမ်းစားသောက်နေသူများနှင့် ရူးသွပ်နေသူများကို သက်ဆိုင်ရာဌာနများ ပူးပေါင်းမှုဖြင့် လိုက်လံစာရင်းကောက်ရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
ယခုစီမံချက်အား အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် တာချီလိတ်မြို့မှ သက်ဆိုင်ရာဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ကြရန်လည်း မဇ္ဈိမလူမှုကူညီရေးအသင်းက တိုက်တွန်းထားသည်။
သတင်း - ကိုဇောင်း