တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္းမွ မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားႏွင့္ မူးယစ္ေဆး၀ါးေၾကာင့္ ေလလြင့္ေနသူမ်ား ကို ေဆးျဖတ္ေပးရန္ စာရင္းစတင္ေကာက္ယူ

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္းမွ မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားႏွင့္ မူးယစ္ေဆး၀ါးေၾကာင့္ ေလလြင့္ေနသူမ်ား ကို ေဆးျဖတ္ေပးရန္ စာရင္းစတင္ေကာက္ယူ
ဇန်နဝါရီ 10, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသံုးစြဲ၍ ေလလြင့္ေနသူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္ အတြက္ တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း ဇန္န၀ါရီလ (၁၀)ရက္ေန႔ နံနက္ပိုင္းမွ ေန႔လယ္ပိုင္းအခ်ိန္အထိ စာရင္းေကာက္ခံခဲ့ၾကသည္။

"အခု ေတြ႕ရတဲ့အထဲမွာ မိသားစုလိုက္လည္း ရွိသလို၊ ေယာက္်ားေထာင္က်ၿပီး ေဆးစြဲသြားတဲ့ အမ်ဳိးသမီးေတြလည္း ေတြ႕ရတယ္။ သူတို႔ကို ေမးတဲ့အခါ သူတို႔က ေဆးျဖတ္ခ်င္တယ္လို႔ ေျပာၾကတယ္။ ကြ်န္ေတာ္တို႔ စုေပါင္းၿပီး စာရင္းေကာက္လာခဲ့တယ္။ စာရင္းအားလံုး ေကာက္ခံၿပီးရင္ေတာ့ တင္ျပၿပီးသြားရင္ အသုတ္လိုက္ခြဲၿပီး ေဆးျဖတ္ေပးဖို႔ လုပ္သြာပါမယ္။ ေနာက္ ေနရပ္ျပန္လိုသူေတြကို ေနရပ္ျပန္ပို႔ေပးမယ္၊ အလုပ္အကိုင္ လုိအပ္သူေတြအတြက္ အားလံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီး စီစဥ္ေပးသြားမယ္"ဟု တာခ်ီလိတ္ၿမိဳ႕ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း စာရင္းေကာက္ရာတြင္ လတ္တေလာအခ်ိန္ သုသာန္တြင္းရွိေနၿပီး စာရင္းေပးၾကသူမ်ားမွာ အမ်ဳိးသား (၂၉)ဦး ႏွင့္ အမ်ဳိးသမီး (၁၆)ဦး စုစုေပါင္း (၄၅)ဦး ရွိေၾကာင္းႏွင့္ ဆက္လက္၍လည္း စာရင္းကုန္ရရွိေရးအတြက္ ေကာက္ခံသြားမွာ ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

"ဦးတင့္ေဆြကို ၀န္ႀကီး(ျပည္နယ္စီမံ/စီးပြား၀န္ႀကီး ဦးစိုးညႊန္႔လြင္)က စာရင္းေကာက္ခိုင္းထားတာ၊ ေဆးျဖတ္ဖို႔အတြက္ ရွမ္းျပည္နယ္အစိုးရကေနမွ ေဆးျဖတ္စခန္းေတြကို တစ္သုတ္ကို လူ (၃၀)မဟုတ္ရင္၊ (၄၀)သတ္မွတ္ခ်က္နဲ႔ပို႔ေပးၿပီး ေဆးျဖတ္ေပးမယ္၊ ကုန္က်စရိတ္က က်ပ္(၄၅)သိန္း နဲ႔ သိန္း(၅၀)ေလာက္ ကုန္မွာ၊ အဲ့ဒီအတြက္ အခု ရန္ပံုေငြရွာေနပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မဲဆႏၵနယ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း မူးယစ္ေဆး၀ါးသံုးစြဲေနသူမ်ားႏွင့္ မူးယစ္ေဆး၀ါးေၾကာင့္ ေလလြင့္သူမ်ား၏ စာရင္းမ်ားကို လိုက္လံေကာက္ယူရာတြင္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ဖြဲ႔၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအဖြဲ႔၊ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြႏွင့္ အသင္းသားမ်ား စုစုေပါင္း အင္အား (၃၀)ေက်ာ္တို႔က ပူးေပါင္း ပါ၀င္ခဲ့ၾကျခင္း ျဖစ္သည္။

သတင္း - #ကိုေဇာင္း
ဓာတ္ပံု - #ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲ၍ လေလွင့်နေသူများအား ဆေးဖြတ်ပေးနိုင်ရန် အတွက် တာချီလိတ်မြို့မသုသာန်အတွင်း ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအချိန်အထိ စာရင်းကောက်ခံခဲ့ကြသည်။

"အခု တွေ့ရတဲ့အထဲမှာ မိသားစုလိုက်လည်း ရှိသလို၊ ယောက်ျားထောင်ကျပြီး ဆေးစွဲသွားတဲ့ အမျိုးသမီးတွေလည်း တွေ့ရတယ်။ သူတို့ကို မေးတဲ့အခါ သူတို့က ဆေးဖြတ်ချင်တယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ စုပေါင်းပြီး စာရင်းကောက်လာခဲ့တယ်။ စာရင်းအားလုံး ကောက်ခံပြီးရင်တော့ တင်ပြပြီးသွားရင် အသုတ်လိုက်ခွဲပြီး ဆေးဖြတ်ပေးဖို့ လုပ်သွာပါမယ်။ နောက် နေရပ်ပြန်လိုသူတွေကို နေရပ်ပြန်ပို့ပေးမယ်၊ အလုပ်အကိုင် လိုအပ်သူတွေအတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး စီစဉ်ပေးသွားမယ်"ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

တာချီလိတ်မြို့မသုသာန်အတွင်း စာရင်းကောက်ရာတွင် လတ်တလောအချိန် သုသာန်တွင်းရှိနပြေီး စာရင်းပေးကြသူများမှာ အမျိုးသား (၂၉)ဦး နှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၄၅)ဦး ရှိကြောင်းနှင့် ဆက်လက်၍လည်း စာရင်းကုန်ရရှိရေးအတွက် ကောက်ခံသွားမှာ ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

"ဦးတင့်ဆွေကို ဝန်ကြီး(ပြည်နယ်စီမံ/စီးပွားဝန်ကြီး ဦးစိုးညွှန့်လွင်)က စာရင်းကောက်ခိုင်းထားတာ၊ ဆေးဖြတ်ဖို့အတွက် ရှမ်းပြည်နယ်အစိုးရကနေမှ ဆေးဖြတ်စခန်းတွေကို တစ်သုတ်ကို လူ (၃၀)မဟုတ်ရင်၊ (၄၀)သတ်မှတ်ချက်နဲ့ပို့ပေးပြီး ဆေးဖြတ်ပေးမယ်၊ ကုန်ကျစရိတ်က ကျပ်(၄၅)သိန်း နဲ့ သိန်း(၅၀)လောက် ကုန်မှာ၊ အဲ့ဒီအတွက် အခု ရန်ပုံငွေရှာနေပါတယ်"ဟု တာချီလိတ်မြို့နယ်မဲဆန္ဒနယ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် က ပြောသည်။

တာချီလိတ်မြို့မသုသာန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲနေသူများနှင့် မူးယစ်ဆေးဝါးကြောင့် လေလွင့်သူများ၏ စာရင်းများကို လိုက်လံကောက်ယူရာတွင် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသားများ စုစုပေါင်း အင်အား (၃၀)ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း - #ကိုဇောင်း
ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~