ဆိုင္ကယ္အမည္ေပါက္ေျပာင္း ဝင္ေငြခြန္ေဆာင္ရာတြင္ အခြန္ေဆာင္ထားသည့္ ပုဂၢလိကဝန္ထမ္းမ်ား မိမိတို႔ ဝင္ေငြခြန္ေဆာင္ထားသည့္ ပမာဏႏွင့္ တူေနပါက ထပ္မံေပးေဆာင္ရန္မလိုေၾကာင္း အခြန္ဦးစီးဌာနမွ သိရသည္။
“ပုဂၢလိက၀န္ထမ္းေတြက ၀င္ေငြအခြန္ေဆာင္ထားတယ္ဆိုရင္ ဆိုင္ကယ္အခြန္လာေဆာင္တဲ့အခါ သူရဲ႕အခြန္ေဆာင္ထားတဲ့ ပမာဏနဲ႕ ဆိုင္ကယ္ခြန္ေဆာင္ရမယ့္ ပမာဏနဲ႔ တူေနတယ္ဆိုရင္ ထပ္ၿပီး ေဆာင္စရာမလိုေတာ့ဘူး။ ဒါမွမဟုတ္ နည္းေနတယ္ဆိုရင္ လိုသေလာက္ ထပ္ေပးရပါတယ္”ဟု အခြန္ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
အေရာင္းျပခန္းမ်ားမွ ဝယ္ယူထားသည့္ ကုမၸဏီအမည္ေပါက္ ဆိုင္ကယ္မ်ားအား ၀ယ္သူအမည္ေပါက္ ေျပာင္းထားျခင္း မရိွပါက ျပႆနာတစ္စံုတစ္ခုျဖစ္၍ ရံုးေရာက္ခဲ့သည္ရွိေသာ္ အခြန္မေဆာင္သည့္ အတြက္ ဒဏ္ေၾကးေပးေဆာင္ရသျဖင့္ အမည္ေပါက္ေျပာင္းထားရန္ လိုအပ္သည္ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရံုးမွ သိရသည္။
“အခြန္မေဆာင္ထားတဲ့ ဆိုင္ကယ္ေတြ ျပႆနာတစ္ခုခုျဖစ္လို႔ ရံုးေရာက္တယ္။ အခြန္မေဆာင္ရေသးဘူး ဆိုရင္ ဒဏ္ေၾကးေပးေဆာင္ရပါတယ္။ ကုမၸဏီအမည္ေပါက္ေတြကို ကိုယ္ပိုင္အမည္ေပါက္လုပ္ထားေတာ့ ပိုေကာင္းတာေပါ့”ဟု ထားဝယ္ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွ ဦးစီးမွဴး ဦးေဇာ္မိုးေအာင္က ေျပာသည္။
ဆိုင္ကယ္အခြန္ေဆာင္ရာတြင္ မည္သည့္ဆိုင္ကယ္အမ်ိဳးအစားမဆို ၀င္ေငြခြန္အျဖစ္ ၁၅ ရာခိုင္ႏႈန္းေပးေဆာင္ရၿပီး ကိုယ္ပိုင္လုပ္ငန္းရွိျပီး လုပ္ငန္းအခြန္ေဆာင္ထားသူမ်ားမွာ ဆိုင္ကယ္အခြန္ ေဆာင္ရာတြင္ မိမိတို႔ေဆာင္ထားေသာ ရာခိုင္ႏႈန္းအလိုက္ ျဖတ္ေတာက္ေပးေဆာင္ရေၾကာင္း သိရသည္။
သတင္း - ေရႊေဇာ္
“ပုဂ္ဂလိကဝန်ထမ်းတွေက ဝင်ငွေအခွန်ဆောင်ထားတယ်ဆိုရင် ဆိုင်ကယ်အခွန်လာဆောင်တဲ့အခါ သူရဲ့အခွန်ဆောင်ထားတဲ့ ပမာဏနဲ့ ဆိုင်ကယ်ခွန်ဆောင်ရမယ့် ပမာဏနဲ့ တူနေတယ်ဆိုရင် ထပ်ပြီး ဆောင်စရာမလိုတော့ဘူး။ ဒါမှမဟုတ် နည်းနေတယ်ဆိုရင် လိုသလောက် ထပ်ပေးရပါတယ်”ဟု အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အရောင်းပြခန်းများမှ ဝယ်ယူထားသည့် ကုမ္ပဏီအမည်ပေါက် ဆိုင်ကယ်များအား ဝယ်သူအမည်ပေါက် ပြောင်းထားခြင်း မရှိပါက ပြဿနာတစ်စုံတစ်ခုဖြစ်၍ ရုံးရောက်ခဲ့သည်ရှိသော် အခွန်မဆောင်သည့် အတွက် ဒဏ်ကြေးပေးဆောင်ရသဖြင့် အမည်ပေါက်ပြောင်းထားရန် လိုအပ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။
“အခွန်မဆောင်ထားတဲ့ ဆိုင်ကယ်တွေ ပြဿနာတစ်ခုခုဖြစ်လို့ ရုံးရောက်တယ်။ အခွန်မဆောင်ရသေးဘူး ဆိုရင် ဒဏ်ကြေးပေးဆောင်ရပါတယ်။ ကုမ္ပဏီအမည်ပေါက်တွေကို ကိုယ်ပိုင်အမည်ပေါက်လုပ်ထားတော့ ပိုကောင်းတာပေါ့”ဟု ထားဝယ်မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မိုးအောင်က ပြောသည်။
ဆိုင်ကယ်အခွန်ဆောင်ရာတွင် မည်သည့်ဆိုင်ကယ်အမျိုးအစားမဆို ဝင်ငွေခွန်အဖြစ် ၁၅ ရာခိုင်နှုန်းပေးဆောင်ရပြီး ကိုယ်ပိုင်လုပ်ငန်းရှိပြီး လုပ်ငန်းအခွန်ဆောင်ထားသူများမှာ ဆိုင်ကယ်အခွန် ဆောင်ရာတွင် မိမိတို့ဆောင်ထားသော ရာခိုင်နှုန်းအလိုက် ဖြတ်တောက်ပေးဆောင်ရကြောင်း သိရသည်။
သတင်း - ရွှေဇော်