ကယားျပည္နယ္ ေထးငွားလ်ား ေရကန္အား ျပည္သူအပန္းေျဖေနရာအျဖစ္ ေဆာင္ရြက္မည္

ကယားျပည္နယ္ ေထးငွားလ်ား ေရကန္အား ျပည္သူအပန္းေျဖေနရာအျဖစ္ ေဆာင္ရြက္မည္
ဇန်နဝါရီ 10, 2017
By Tachileik News Agency

ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ ေထးငွားလ်ား ေရကန္အား ျပည္သူအပန္းေျဖ ဥယ်ာဥ္ေနရာအျဖစ္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္အတြင္း ေဆာင္ရြက္သြားရန္ လ်ာထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္လႊတ္ေတာ္မွာတင္ခဲ့တာေပါ့။ ေထးငွားလ်ားကန္ကို ျပည္သူ႔အပန္းေျဖ ေနရာအျဖစ္လုပ္ဖို႔ပါ။ ကၽြန္ေတာ့္အဆိုႏိုင္ခဲ့တယ္။ ဘယ္ေတာ့လုပ္ျဖစ္မလဲဆိုေတာ့ ဒီ ၂၀၁၇ ဘတ္ဂ်က္ထဲမွာ ထည့္သြင္း လုပ္ေဆာင္ဖို႔ လ်ာထားတယ္။ ဒီကန္က အရင္ကလည္း ေသခ်ာမထိန္းသိမ္းခဲ့ဘူး။ အခု ဒါကိုထိန္းသိမ္း ရာလည္းျဖစ္ေအာင္ ျပည္သူေတြ အပန္းေျဖအနားယူႏိုင္တဲ့ ေနရာအျဖစ္ လုပ္မွာေပါ့။ ကန္ေဘာင္ ေဘးေတြမွာ ထိုင္ခုံေလးေတြလုပ္မယ္ စသျဖင့္ေပါ့ "ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

လိြဳင္ေကာ္တကၱသိုလ္ေရွ႕ ႏွင့္ ေဂါက္ကြင္း နံေဘးတြင္ တည္ရွိသည့္ ေထးငွားလ်ားေရကန္အား အမိႈက္ဆယ္ယူျခင္းသာ ျပဳလုပ္ေနသျဖင့္ ၎ေရကန္အား ျပန္လည္ျပဳျပင္ထိန္းသိမ္းရန္ႏွင့္ အမ်ားျပည္သူ အတြက္ အပန္းေျဖအနားယူႏိုင္ေသာ ေနရာတစ္ခုအျဖစ္ ျပဳျပင္လုပ္ေဆာင္သြားရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦး ထံမွ သိရသည္။

"ကန္က ၿခံဳေတြပိတ္ေနတယ္။ ေရဆိုလည္း ခမ္းတယ္။ လူတိုင္း ဒီကန္ႀကီး ႏွစ္ခုၾကားမွာ အျမဲျဖတ္သြားေနၾကေပမဲ့ ဒီကန္ကို အသုံးျပဳလို႔မရဘူး။ သူ႔အလွကို မခံစားရဘူးေပါ့။ တကယ္ေတာ့ ၿမိဳ႕ရဲ႕ ဆြဲေဆာင္မႈရွိတဲ့ ေနရာတစ္ခု ျဖစ္ရမွာ။ ခု ျပဳျပင္ၿပီး အပန္းေျဖတဲ့ ေနရာ လုပ္မယ္ဆိုေတာ့ ေကာင္းတာေပါ့ "ဟု လိြဳင္ေကာ္တကၠသိုလ္ေက်ာင္းသားတစ္ဦးျဖစ္သည့္ ကိုမင္းမင္းက ေျပာသည္။

ေထးငွားလ်ားေရကန္အား အပန္းေျဖေနရာအျဖစ္ လုပ္ေဆာင္ရန္ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ ပထမပတ္တြင္ ျပဳလုပ္ခဲ႕သည့္ ျပည္နယ္လႊတ္ေတာ္ ဒုတိယအႀကိမ္ တတိယပုံမွန္အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးက အဆိုတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ထေးငှါးလျား ရေကန်အား ပြည်သူအပန်းဖြေ ဥယျာဉ်နေရာအဖြစ် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

"ကျွန်တော်လွှတ်တော်မှာတင်ခဲ့တာပေါ့။ ထေးငှါးလျားကန်ကို ပြည်သူ့အပန်းဖြေ နေရာအဖြစ်လုပ်ဖို့ပါ။ ကျွန်တော့်အဆိုနိုင်ခဲ့တယ်။ ဘယ်တော့လုပ်ဖြစ်မလဲဆိုတော့ ဒီ ၂၀၁၇ ဘတ်ဂျက်ထဲမှာ ထည့်သွင်း လုပ်ဆောင်ဖို့ လျာထားတယ်။ ဒီကန်က အရင်ကလည်း သေချာမထိန်းသိမ်းခဲ့ဘူး။ အခု ဒါကိုထိန်းသိမ်း ရာလည်းဖြစ်အောင် ပြည်သူတွေ အပန်းဖြေအနားယူနိုင်တဲ့ နေရာအဖြစ် လုပ်မှာပေါ့။ ကန်ဘောင် ဘေးတွေမှာ ထိုင်ခုံလေးတွေလုပ်မယ် စသဖြင့်ပေါ့ "ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောသည်။

လွိုင်ကော်တက္တသိုလ်ရှေ့ နှင့် ဂေါက်ကွင်း နံဘေးတွင် တည်ရှိသည့် ထေးငှါးလျားရေကန်အား အမှိုက်ဆယ်ယူခြင်းသာ ပြုလုပ်နေသဖြင့်၎င်းရေကန်အား ပြန်လည်ပြုပြင်ထိန်းသိမ်းရန်နှင့် အများပြည်သူ အတွက် အပန်းဖြေအနားယူနိုင်သော နေရာတစ်ခုအဖြစ် ပြုပြင်လုပ်ဆောင်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ထံမှ သိရသည်။

"ကန်က ခြုံတွေပိတ်နေတယ်။ ရေဆိုလည်း ခမ်းတယ်။ လူတိုင်း ဒီကန်ကြီး နှစ်ခုကြားမှာ အမြဲဖြတ်သွားနကြေပေမဲ့ ဒီကန်ကို အသုံးပြုလို့မရဘူး။ သူ့အလှကို မခံစားရဘူးပေါ့။ တကယ်တော့ မြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာတစ်ခု ဖြစ်ရမှာ။ ခု ပြုပြင်ပြီး အပန်းဖြေတဲ့ နေရာ လုပ်မယ်ဆိုတော့ ကောင်းတာပေါ့ "ဟု လွိုင်ကော်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုမင်းမင်းက ပြောသည်။

ထေးငှါးလျားရေကန်အား အပန်းဖြေနေရာအဖြစ် လုပ်ဆောင်ရန် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ပထမပတ်တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~