ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ လမ္းေဘးစည္ပင္နယ္နိမိတ္အတြင္း က်ဴးေက်ာ္ဆိုင္မ်ားႏွင့္ က်ဴးေက်ာ္ပစၥည္းမ်ားအား ဖယ္ရွားသြားရန္အတြက္ လုပ္ေဆာင္ေနၿပီး ပထမဆံုး ရပ္ကြက္အျဖစ္ ၀မ္ေကာင္း ရပ္ကြက္အတြင္း လုပ္ေဆာင္ကာ ဇန္န၀ါရီလ(၁၃)ရက္ေန႔ ေသာၾကာေန႔တြင္ ေနာက္ဆံုးထား၍ အၿပီးသတ္ဖယ္ရွားသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ မေန႔က(ဇန္န၀ါရီလ(၁၀)ရက္ေန႔မွာ လမ္းနဲ႔မလြတ္ကင္းတဲ့ ပိုင္ရွင္မရွိတဲ့ဟာေတြကို သိမ္းလာတယ္၊ ပိုင္ရွင္ရွိတဲ့ဟာက်ေတာ့ သူတို႔ကို ေသာၾကာေန႔အၿပီး ေရြ႕ခိုင္းထားပါတယ္၊ ဒီေသာၾကာေန႔မွာ ေနာက္ဆံုးထားလုပ္သြားမွာပါ၊"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္ႏိုင္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လမ္းေဘးႏွစ္ဖက္လံုးရွိ က်ဳးေက်ာ္ဆိုင္မ်ားႏွင့္ လမ္းနယ္နိမိတ္အတြင္း က်ဴးေက်ာ္ေရာင္းခ်ေနေသာ ေစ်းဆိုင္ႏွင့္ ပစၥည္းမ်ားအား ဖယ္ရွားေပးရန္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနႏွင့္ တာ၀န္ရွိသူမ်ားက လိုက္လံအသိေပးျခင္းႏွင့္ ဖယ္ရွားျခင္းကို ရပ္ကြက္အလုိက္ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း သိရသည္။
ဝမ္ေကာင္းရပ္ကြက္အတြင္းရွိ က်ဴးေက်ာ္ေစ်းဆိုင္မ်ားနွင့္ ပစၥည္းမ်ား ဖယ္ရွားျခင္းအား ဇန္န၀ါရီလ(၅)ရက္ေန႔ က စတင္ကာ သတိေပးခဲ့ၿပီးေနာက္ ဇန္န၀ါရီလ(၁၀)ရက္ေန႔ နံနက္ပိုင္းက တစ္ႀကိမ္ သြားေရာက္ကာ ရွင္းလင္းခဲ့ၾကၿပီး ဇန္န၀ါရီလ(၁၃)ရက္ေန႔တြင္ ၀မ္ေကာင္းရပ္ကြက္အတြင္း လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ ဆိုင္မ်ား ႏွင့္ ပစၥည္းမ်ားကို အၿပီး ဖယ္ရွားသြားမွာ ျဖစ္ေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းနယ္နိမိတ္ႏွင့္ မလြတ္ကင္းသည့္ ဆိုင္မ်ား ႏွင့္ က်ဴးေက်ာ္ဆို္င္မ်ားကို ဖယ္ရွားမႈအျဖစ္ ၀မ္ေကာင္းရပ္ကြက္တြင္ ပထမဆံုး ေဆာင္ရြက္ၿပီးေနာက္တြင္ ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုလံုးတြင္ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္စည္ပင္
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် လမ်းဘေးစည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်ဆိုင်များနှင့် ကျူးကျော်ပစ္စည်းများအား ဖယ်ရှားသွားရန်အတွက် လုပ်ဆောင်နပြေီး ပထမဆုံး ရပ်ကွက်အဖြစ် ဝမ်ကောင်း ရပ်ကွက်အတွင်း လုပ်ဆောင်ကာ ဇန်နဝါရီလ(၁၃)ရက်နေ့ သောကြာနေ့တွင် နောက်ဆုံးထား၍ အပြီးသတ်ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ မနေ့က(ဇန်နဝါရီလ(၁၀)ရက်နေ့မှာ လမ်းနဲ့မလွတ်ကင်းတဲ့ ပိုင်ရှင်မရှိတဲ့ဟာတွေကို သိမ်းလာတယ်၊ ပိုင်ရှင်ရှိတဲ့ဟာကျတော့ သူတို့ကို သောကြာနေ့အပြီး ရွေ့ခိုင်းထားပါတယ်၊ ဒီသောကြာနေ့မှာ နောက်ဆုံးထားလုပ်သွားမှာပါ၊"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးနှစ်ဖက်လုံးရှိ ကျုးကျော်ဆိုင်များနှင့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ရောင်းချနေသော ဈေးဆိုင်နှင့် ပစ္စည်းများအား ဖယ်ရှားပေးရန် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့် တာဝန်ရှိသူများက လိုက်လံအသိပေးခြင်းနှင့် ဖယ်ရှားခြင်းကို ရပ်ကွက်အလိုက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရသည်။
ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ကျူးကျော်ဈေးဆိုင်များနှင့် ပစ္စည်းများ ဖယ်ရှားခြင်းအား ဇန်နဝါရီလ(၅)ရက်နေ့ က စတင်ကာ သတိပေးခဲ့ပြီးနောက် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက တစ်ကြိမ် သွားရောက်ကာ ရှင်းလင်းခဲ့ကြပြီး ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်အတွင်း လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် ဆိုင်များ နှင့် ပစ္စည်းများကို အပြီး ဖယ်ရှားသွားမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာချီလိတ်မြို့တွင် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့် ဆိုင်များ နှင့် ကျူးကျော်ဆို်င်များကို ဖယ်ရှားမှုအဖြစ် ဝမ်ကောင်းရပ်ကွက်တွင် ပထမဆုံး ဆောင်ရွက်ပြီးနောက်တွင် ဆက်လက်၍ မြို့ပေါ်ရပ်ကွက် (၁၁)ခုလုံးတွင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်စည်ပင်