ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕တြင္ အသစ္ေဆာက္လုပ္ၿပီးစီးသည့္ ေမတၱာရွင္ကုသိုလ္ျဖစ္ ေဆးရံုအား ဇန္န၀ါရီလ(၁၂)ရက္ေန႔ နံနက္ပိုင္းက ဖြင့္ပြဲအျဖစ္ က်င္းပျပဳလုပ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႔၀င္မ်ား တက္ေရာက္ခဲ့ၾကသည္။
အဆိုပါ ေဆးရံုဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္တက္ေရာက္ၿပီး ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးရံုဆိုင္းဘုတ္အား စက္ခလုတ္ႏွိပ္၍ ဖြင့္လွစ္ေပးၿပီး အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္၀င္းမင္းထြန္း၊ ရွမ္းျပည္နယ္တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္၊ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ေမတၱာရွင္ေဆးရံု နာယက ဦးခြန္ေအာင္သိန္း ႏွင့္ ေမတၱာရွင္အသင္း ဥကၠဌ ဦးညႊန္႔ေမာင္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၾကသည္။
အဆိုပါ ေဆးရံုဖြင့္ပြဲသို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား၊ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
ေတာင္ႀကီးၿမိဳ႕ ေမတၱာရွင္ပရဟိတအသင္းအား ၂၀၀၁ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔က စတင္ဖြဲ႔စည္း တည္ေထာင္ခဲ့ျခင္း ျဖစ္ၿပီး အသင္း၏ ေမတၱာရွင္ကုသိုလ္ျဖစ္ေဆးခန္းမွ ေစတနာရွင္ အထူးကု ဆရာ၀န္ႀကီးမ်ား၊ ဆရာ၀န္မ်ားက ေန႔စဥ္ လူနာ(၉၀)ခန္႔ကို လူမ်ဳိးမေရြး၊ ဘာသာမေရြး ကုသိုလ္ျဖစ္ ေဆးကုသေပးေနလွ်က္ရွိေၾကာင္းႏွင့္ ယခုအခါမွာ ထပ္မံတိုးခ်ဲ႕၍ (၃)ထပ္ေဆးရံုဖြင့္လွစ္လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ေမတၱာရွင္ကုသိုလ္ျဖစ္ ေဆးရံုအား ေတာင္ႀကီးၿမိဳ႕၊ ကံသာရပ္ကြက္၊ ေမတၱာရွင္လမ္း၊ အကြက္အမွတ္(၃၀)၊ ဦးပိုင္အမွတ္(၄)တြင္ ဖြင့္လွစ္ထားျခင္း ျဖစ္သည္။
သတင္း/ဓာတ္ပံု - ႏိုႏို
အဆိုပါ ဆေးရုံဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တက်ရောက်ပြီး မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မေတ္တာရှင်ဆေးရုံ နာယက ဦးခွန်အောင်သိန်း နှင့် မေတ္တာရှင်အသင်း ဥက္ကဌ ဦးညွှန့်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ဆေးရုံဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တောင်ကြီးမြို့ မေတ္တာရှင်ပရဟိတအသင်းအား ၂၀၀၁ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးခန်းမှ စေတနာရှင် အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များက နေ့စဉ် လူနာ(၉၀)ခန့်ကို လူမျိုးမရွေး၊ ဘာသာမရွေး ကုသိုလ်ဖြစ် ဆေးကုသပေးနေလျှက်ရှိကြောင်းနှင့် ယခုအခါမှာ ထပ်မံတိုးချဲ့၍ (၃)ထပ်ဆေးရုံဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မေတ္တာရှင်ကုသိုလ်ဖြစ် ဆေးရုံအား တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ မေတ္တာရှင်လမ်း၊ အကွက်အမှတ်(၃၀)၊ ဦးပိုင်အမှတ်(၄)တွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - နိုနို