မိုင္းျဖတ္တြင္ အသံမစဲ မဟာပဌာန္းရြတ္ဖတ္ပူေဇာ္ပြဲ ႏွင့္ ေအာင္ပြဲက်င္းပ

မိုင္းျဖတ္တြင္ အသံမစဲ မဟာပဌာန္းရြတ္ဖတ္ပူေဇာ္ပြဲ ႏွင့္ ေအာင္ပြဲက်င္းပ
ဇန်နဝါရီ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ တတိယအႀကိမ္ေျမာက္ အသံမစဲ မဟာပဌာန္းရြတ္ဖတ္ပူေဇာ္ပြဲအား ဇန္န၀ါရီလ(၇)ရက္ေန႔က စတင္ကာ ဇန္န၀ါရီလ(၁၂)ရက္ေန႔အထိ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္ရွိ စိတၱသုခေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

အသံမစဲမဟာပဌာန္းရြတ္ဖတ္ပူေဇာ္ပြဲ ေအာင္ျမင္ျခင္း အထိမ္းအမွတ္အျဖစ္ ဇန္န၀ါရီလ(၁၂)ရက္ေန႔ ေန႔လယ္(၂)နာရီေက်ာ္က ရဟန္း/သာမေဏ စုစုေပါင္း (၆၁)ပါးအား ဆြမ္းဆန္သိမ္းေလာင္းလွဴခ့ဲၾကသည္။

"ဘုန္းဘုန္းတို႔ ဒီပဌာန္းရြက္ဆို ပူေဇာ္ပြဲျပဳလုပ္တယ္ ဆိုတာကေတာ့ ၿမိဳ႕နယ္အတြင္းမွာ ေနထိုင္ၾကတဲ့ (၇)ရက္သားသမီးမ်ား က်န္းမာျခင္း၊ ခ်မ္းသာျခင္း၊ ေဘးရန္ကင္းရွင္းျခင္း၊ စီးပြါးလာဘ္လာဘတိုးပြါးျခင္းတို႔ကို ျဖစ္ေစဖို႔အတြက္ရည္ရြယ္ၿပီးေတာ့ ေစတနာရွင္ အလွဴရွင္မ်ားရဲ႕ လွဴဒါန္းမႈနဲ႔က်င္းပတာျဖစ္ပါတယ္"ဟု စိတၱသုခေက်ာင္း ဆရာေတာ္ ဦးဓမၼ၀ံသ က မိန္႔ၾကားသည္။

အသံမစဲမဟာပဌာန္းရြတ္ဖတ္ပူေဇာ္ပြဲ ေအာင္ျမင္ျခင္း အထိမ္းအမွတ္ စုေပါင္း ဆြမ္းဆန္စိမ္း ေလာင္းလွဴပြဲက်င္းပရာတြင္ အမွတ္(၁၈)၊ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္မွ စစ္ဆင္ေရး ကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ ဇနီး၊ တပ္ရင္း/ တပ္ဖြဲ႔မ်ားမွ တပ္ရင္းမွဴးမ်ားႏွင့္ အရာရွိ၊ အရာခံ၊ အၾကပ္၊ စစ္သည္မ်ားႏွင့္  မိသားစု၀င္မ်ား၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္းရွိ ေစတနာရွင္ အလွဴရွင္မ်ားမွ စုေပါင္းပါ၀င္ၿပီး  ဆြမ္းဆန္စိမ္းေလာင္းလွဴခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် တတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဇန်နဝါရီလ(၇)ရက်နေ့က စတင်ကာ ဇန်နဝါရီလ(၁၂)ရက်နေ့အထိ ဈေးတန်း(ကွက်သစ်)ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လယ်(၂)နာရီကျော်က ရဟန်း/သာမဏေ စုစုပေါင်း (၆၁)ပါးအား ဆွမ်းဆန်သိမ်းလောင်းလှူခဲ့ကြသည်။

"ဘုန်းဘုန်းတို့ ဒီပဌာန်းရွက်ဆို ပူဇော်ပွဲပြုလုပ်တယ် ဆိုတာကတော့ မြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ (၇)ရက်သားသမီးများ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဘေးရန်ကင်းရှင်းခြင်း၊ စီးပွားလာဘ်လာဘတိုးပွားခြင်းတို့ကို ဖြစ်စေဖို့အတွက်ရည်ရွယ်ပြီးတော့ စေတနာရှင် အလှူရှင်များရဲ့ လှူဒါန်းမှုနဲ့ကျင်းပတာဖြစ်ပါတယ်"ဟု စိတ္တသုခကျောင်း ဆရာတော် ဦးဓမ္မဝံသ က မိန့်ကြားသည်။

အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပရာတွင် အမှတ်(၁၈)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် ဇနီး၊ တပ်ရင်း/ တပ်ဖွဲ့များမှ တပ်ရင်းမှူးများနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များနှင့် မိသားစုဝင်များ၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ စုပေါင်းပါဝင်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~