ေညာင္ေမာင္းရြာတုိက္ပြဲေၾကာင့္ ဒဏ္ရာရသူ ၆ ဦးအနက္ ၂ ဦး ေဆးရံုတြင္ ကုသမႈခံယူေနရ

ေညာင္ေမာင္းရြာတုိက္ပြဲေၾကာင့္ ဒဏ္ရာရသူ ၆ ဦးအနက္ ၂ ဦး ေဆးရံုတြင္ ကုသမႈခံယူေနရ
ဇန်နဝါရီ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေညာင္ေမာင္းေက်းရြာတြင္း တိုက္ပြဲေၾကာင့္ ေျခေထာက္ တစ္ဖက္ ျဖတ္လိုက္ရသည့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးႏွင့္ ကေလးငယ္မွာ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ဇန္နဝါရီလ ၁၂ ရက္အထိ ေဆးကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း သိရသည္။

“ေျခေထာက္ႏွစ္ဖက္လံုး ဒါဏ္ရာရတာ။ ညာဖက္ေျခေထာက္က ဒူးေအာက္ကေနျဖတ္လိုက္ရၿပီ။ ေဆးရံုကေန မဆင္းရေသးဘူး။ ကေလးကေတာ့ ေတာ္ေတာ္သက္သာပါတယ္” ဟု ဒဏ္ရာရသည့္ အမ်ိဳးသမီး၏ အစ္မျဖစ္သူက ေျပာသည္။

ေညာင္ေမာင္းေက်းရြာအတြင္း ျဖစ္ပြားခ့ဲသည့္ တိုက္ပြဲတြင္ ဒါဏ္ရာရရွိခ့ဲသူမ်ားထဲမွ ကိုယ္ဝန္ ေဆာင္အမိ်ဳးသမီးႏွင့္ ၎၏ သားျဖစ္သူ (၇)ႏွစ္ အရြယ္ကေလးမွာ ေဆးကုသမႈခံယူေနရဆဲ ျဖစ္ေၾကာင္း သိရသည္။

 “ဗိုက္ထဲက ကေလးေရာ ဆိုရင္ ကေလး (၇) ေယာက္ရွိတယ္။ ရြာမွာကြ်န္မတို႔အိမ္ကလည္း ပ်က္ဆီးသြားၿပီ။ ညီမရဲ႕ေယာက္်ားကလည္း အဲဒီတုန္းက ေသဆံုးခ့ဲရတာ။ ရြာမွာျပန္ၿပီး ေနဖို႔က အခက္အခဲျဖစ္တယ္။ လုပ္ကိုင္စားဖို႔မလြယ္ေတာ့ဘူး “ဟု ေဆးကုသမႈခံယူေနသူ၏ အစ္မျဖစ္သူက ေျပာသည္။

လူမႈကူညီေရး ပရဟိတအဖြဲ႕မ်ားမွ လာေရာက္ လွဴဒါန္းထားမႈမ်ားေၾကာင့္ လတ္တေလာ ေဆးကု သမႈ ခံယူေနစဥ္ အဆင္ေျပေနေသာ္လည္း ေဆးရံုမွ ဆင္းရသည့္အခ်ိန္တြင္ မိမိတို႔ေနရပ္သို႔ ျပန္လည္ေနထိုင္ လုပ္ကိုင္စားေသာက္ရန ္အတြက္ အခက္အခဲရွိေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေတာ့ဆန္ေက်းရြာအုပ္စု ေညာင္ေမာင္းေက်းရြာ၌ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔က TNLA ႏွင့္ တပ္မေတာ္တို႔တိုက္ပြဲေၾကာင့္ ေက်းရြာေန အမိ်ဳးသား (၃)ဦးေသဆံုးခ့ဲၿပီး ဒါဏ္ရာ ရရွိခ့ဲသူ (၆) ဦးသည္ ေက်ာက္မဲ ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈ ခံယူေနရာ (၄) ဦးမွာ ဒါဏ္ရာမ်ားသက္သာ၍ ေနရပ္သို႔ျပန္ၿပီျဖစ္ေၾကာင္း သိရသည္။

“အခုကေတာ့ ဒီလိုပဲျပန္ေန ေနၾကၿပီ။ ပ်က္စီးသြားတ့ဲအိမ္ေတြတစ္ခ်ိဳ႕က ျပန္မျပင္ႏိုင္ေသးဘူး။ လက္ရွိအေျခအေနကေတာ့ ၿငိမ္းခ်မ္းေနပါတယ္။ အၿမဲတမ္း ၿငိမ္းခ်မ္းေနရင္ပိုေကာင္းတာေပါ့” ဟု ေညာင္ေမာင္းေက်းရြာတြင္ ျပန္လည္ေနထိုင္သူတစ္ဦးက ေျပာသည္။

ေညာင္ေမာင္းေက်းရြာတြင္းတိုက္ပြဲေၾကာင့္ ဘုန္းႀကီးေက်ာင္းေဆာင္အခ်ိဳ႕ႏွင့္ လူေနအိမ္အမ်ားအျပား ထိခိုက္ပ်က္စီးခ့ဲရၿပီး လူေနအိမ္ (၈) လံုးမွာ လံုးဝပ်က္စီးခ့ဲေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ညောင်မောင်းကျေးရွာတွင်း တိုက်ပွဲကြောင့် ခြေထောက် တစ်ဖက် ဖြတ်လိုက်ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်မှာ ကျောက်မဲပြည်သူ့ဆေးရုံတွင် ဇန်နဝါရီလ ၁၂ ရက်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

“ခြေထောက်နှစ်ဖက်လုံး ဒါဏ်ရာရတာ။ ညာဖက်ခြေထောက်က ဒူးအောက်ကနဖြေတ်လိုက်ရပြီ။ ဆေးရုံကနေ မဆင်းရသေးဘူး။ ကလေးကတော့ တော်တော်သက်သာပါတယ်” ဟု ဒဏ်ရာရသည့် အမျိုးသမီး၏ အစ်မဖြစ်သူက ပြောသည်။

ညောင်မောင်းကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ဒါဏ်ရာရရှိခဲ့သူများထဲမှ ကိုယ်ဝန် ဆောင်အမျိုးသမီးနှင့်၎င်း၏ သားဖြစ်သူ (၇)နှစ် အရွယ်ကလေးမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ကြောင်း သိရသည်။

 “ဗိုက်ထဲက ကလေးရော ဆိုရင် ကလေး (၇) ယောက်ရှိတယ်။ ရွာမှာကျွန်မတို့အိမ်ကလည်း ပျက်ဆီးသွားပြီ။ ညီမရဲ့ယောက်ျားကလည်း အဲဒီတုန်းက သေဆုံးခဲ့ရတာ။ ရွာမှာပြန်ပြီး နေဖို့က အခက်အခဲဖြစ်တယ်။ လုပ်ကိုင်စားဖို့မလွယ်တော့ဘူး “ဟု ဆေးကုသမှုခံယူနေသူ၏ အစ်မဖြစ်သူက ပြောသည်။

လူမှုကူညီရေး ပရဟိတအဖွဲ့များမှ လာရောက် လှူဒါန်းထားမှုများကြောင့် လတ်တလော ဆေးကု သမှု ခံယူနေစဉ် အဆင်ပြေနေသော်လည်း ဆေးရုံမှ ဆင်းရသည့်အချိန်တွင် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာ၌ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က TNLA နှင့် တပ်မတော်တို့တိုက်ပွဲကြောင့် ကျေးရွာနေ အမျိုးသား (၃)ဦးသေဆုံးခဲ့ပြီး ဒါဏ်ရာ ရရှိခဲ့သူ (၆) ဦးသည် ကျောက်မဲ မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာ (၄) ဦးမှာ ဒါဏ်ရာများသက်သာ၍ နေရပ်သို့ပြန်ပြီဖြစ်ကြောင်း သိရသည်။

“အခုကတော့ ဒီလိုပဲပြန်နေ နကြပြေီ။ ပျက်စီးသွားတဲ့အိမ်တွေတစ်ချို့က ပြန်မပြင်နိုင်သေးဘူး။ လက်ရှိအခြေအနေကတော့ ငြိမ်းချမ်းနေပါတယ်။ အမြဲတမ်း ငြိမ်းချမ်းနေရင်ပိုကောင်းတာပေါ့” ဟု ညောင်မောင်းကျေးရွာတွင် ပြန်လည်နေထိုင်သူတစ်ဦးက ပြောသည်။

ညောင်မောင်းကျေးရွာတွင်းတိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းဆောင်အချို့နှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး လူနေအိမ် (၈) လုံးမှာ လုံးဝပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~