ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်း နယ်စပ် ၊ တာချီလိတ်မြို့တွင် ရောက်ရှိနေထိုင်ကြသည့် မလှိုင်မြို့သူ၊ မြို့သားများမှ စုပေါင်း၍ တာချီလိတ်မြို့နယ်အတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို စုပေါင်း ပါဝင်ဆောင်ရွက်နိုင်အတွက် မလှိုင်မြို့နယ်အသင်း(တာချီလိတ်)အား ဖွဲ့စည်းရန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအား ဇန်န၀ါရီလ(၁၂)ရက်နေ့ ညပိုင်းက တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးရှိ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ မလှိုင်မြို့သူ မြို့သားများ စုစုပေါင်း (၂၅)ဦးဝန်းကျင် တက်ရောက်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရောက်ရှိနေကြသော မလှိုင်မြို့သူ မြို့သားများအနေဖြင့် မလှိုင်မြို့နယ်အသင်း(တာချီလိတ်)သို့ ၀င်ရောက်လိုပါက ဦးဝင်းမြင့်( ၀၉၃၃၇၀၉၇၇၉ )၊ ဦးစိုးမိုး(ခ)ဦးမျိုးအောင်( ၀၉၄၀၂၆၈၇၂၉၀ )၊ ဦးသိန်းဝင်း ( ၀၉၄၂၈၂၂၁၇၁၄ )၊ ဦးထွန်းလှိုင် ( ၀၉၂၅၀၇၈၀၀၄၄)နှင့် ဦးခိုင်ဇော် ( ၀၉၂၅၀၈၃၉၉၄၀ )တို့၏ ဆက်သွယ်ရန် ဖုန်းများမှတဆင့် ဆက်သွယ်၍ စုံစမ်းနိုင်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုတွင် တာချီလိတ်မြို့နယ်အတွင်း လူမှုအကျိုးပြုများကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် မလှိုင်မြို့နယ်အသင်း(တာချီလိတ်)အား အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမှာဖြစ်ပြီး အသင်းဝင်များကို လက်ခံသွားနိုင်ရန်အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရောက်ရှိနကြေသော မလှိုင်မြို့သူ မြို့သားများအနဖြေင့် မလှိုင်မြို့နယ်အသင်း(တာချီလိတ်)သို့ ဝင်ရောက်လိုပါက ဦးဝင်းမြင့်( ဝ၉၃၃၇၀၉၇၇၉ )၊ ဦးစိုးမိုး(ခ)ဦးမျိုးအောင်( ၀၉၄၀၂၆၈၇၂၉၀ )၊ ဦးသိန်းဝင်း ( ဝ၉၄၂၈၂၂၁၇၁၄ )၊ ဦးထွန်းလှိုင် ( ဝ၉၂၅၀၇၈၀၀၄၄)နှင့် ဦးခိုင်ဇော် ( ဝ၉၂၅၀၈၃၉၉၄၀ )တို့၏ ဆက်သွယ်ရန် ဖုန်းများမှတဆင့် ဆက်သွယ်၍ စုံစမ်းနိုင်ကြောင်း သိရသည်။