တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း လမ္းေဘး ဘယ္ညာမွ က်ဴးေက်ာ္ေစ်းဆိုင္မ်ားအား ရွင္းလင္းဖယ္ရွား

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း လမ္းေဘး ဘယ္ညာမွ က်ဴးေက်ာ္ေစ်းဆိုင္မ်ားအား ရွင္းလင္းဖယ္ရွား
ဇန်နဝါရီ 13, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚ ၀မ္ေကာင္းရပ္ကြက္အတြင္းရွိ လမ္းေဘး ဘယ္/ညာမ်ားတြင္ က်ဴးေက်ာ္၍ အခိုင္အမာျပဳလုပ္ကာ ေစ်းေရာင္းခ်ေနေသာ ေစ်းသည္မ်ားအား ေနာက္ဆံုး သတိေပးၿပီးေနာက္ စည္းကမ္းလိုက္နာ ေဆာင္ရြက္ျခင္း မရွိသည့္ လမ္းေဘးေစ်းသည္မ်ားႏွင့္ ဆိုင္ေနရာမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ဦးေဆာင္ကာ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး အဖြဲ႔၀င္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာမ်ားမွ ပူးေပါင္းပါ၀င္၍ ယေန႔ ဇန္န၀ါရီလ(၁၃)ရက္ေန႔ ေန႔လယ္(၂)နာရီအခ်ိန္က ရွင္းလင္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဆက္လက္၍ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ရပ္ကြက္တစ္ခုစီအလိုက္ ယခုလို ရွင္းလင္းေဆာင္ရြက္မႈမ်ား ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ လမ်းဘေး ဘယ်/ညာများတွင် ကျူးကျော်၍ အခိုင်အမာပြုလုပ်ကာ ဈေးရောင်းချနေသော ဈေးသည်များအား နောက်ဆုံး သတိပေးပြီးနောက် စည်းကမ်းလိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် လမ်းဘေးဈေးသည်များနှင့် ဆိုင်နေရာများကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးဆောင်ကာ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများမှ ပူးပေါင်းပါဝင်၍ ယနေ့ ဇန်နဝါရီလ(၁၃)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆက်လက်၍ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ရပ်ကွက်တစ်ခုစီအလိုက် ယခုလို ရှင်းလင်းဆောင်ရွက်မှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စည်ပင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~