တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆး၀ါးသံုးစြဲၿပီး ေလလႊင့္ေနသူမ်ားအား ေဆးျဖတ္ေပးႏိုင္ရန္အတြက္ ကူညီေဆာင္ရြက္ ေပးႏိုင္ရန္ ယေန႔ ဇန္န၀ါရီလ(၁၄)ရက္ေန႔ နံနက္ပိုင္းက လြယ္ေတာ္ခမ္းေက်းရြာ အုပ္စုတြင္ စာရင္းေကာက္ယူရာ လူဦးေရ(၃၅)ဦး၏ အမည္စာရင္းအား ေကာက္ခံရရွိခဲ့ေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းမွ သိရသည္။
ထိုသို႔ အမည္စာရင္းမ်ား သြားေရာက္ေကာက္ယူရာတြင္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြ ႏွင့္ အသင္းသား၊ အသင္းသူမ်ား အပါအ၀င္၊ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔မ်ားျဖင့္ သြားေရာက္ စာရင္းေကာက္ျခင္း ျဖစ္ေၾကာင္း သိရသည္။
"စာရင္းသြားေကာက္ေတာ့ ဖမ္းမယ္ထင္လို႔ထင္တယ္ ထြက္ေျပးၾကတဲ့လူေတြလည္းရွိတယ္။ ျပန္ခါနီးမွာ သူတို႔ အသိစိတ္ဓာတ္နဲ႔ စာရင္းလာေပးၾကတာေတြလည္းရွိတယ္၊ ေနာက္ပိုင္းမွာ ရြာသူႀကီးကိုလည္း စာရင္းေပးထားဖို႔ ေျပာခဲ့ပါတယ္။"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။
စာရင္းမ်ားေကာက္ရာတြင္ အမ်ဳိးသား(၂၂)ဦး ႏွင့္ အမ်ဳိးသမီး (၁၃)ဦး စုစုေပါင္း (၃၅)ဦး စာရင္းရရွိေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားအားလံုးတြင္ အမည္စာရင္းမ်ား စုေပါင္းေကာက္ယူၿပီပါက ျပည္နယ္အစိုးရ၏ လမ္းညႊန္ခ်က္ႏွင့္အညီ ေဆးျဖတ္ေပးႏိုင္ရန္အျပင္ အလုပ္အကိုင္ေပးႏုိင္ေရး၊ ေနရပ္ျပန္ႏိုင္ေရးကိစၥမ်ားကိုလည္း ေဆာင္ရြက္ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။
ထိုသို့ အမည်စာရင်းများ သွားရောက်ကောက်ယူရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသား၊ အသင်းသူများ အပါအဝင်၊ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် သွားရောက် စာရင်းကောက်ခြင်း ဖြစ်ကြောင်း သိရသည်။
"စာရင်းသွားကောက်တော့ ဖမ်းမယ်ထင်လို့ထင်တယ် ထွက်ပြေးကြတဲ့လူတွေလည်းရှိတယ်။ ပြန်ခါနီးမှာ သူတို့ အသိစိတ်ဓာတ်နဲ့ စာရင်းလာပေးကြတာတွေလည်းရှိတယ်၊ နောက်ပိုင်းမှာ ရွာသူကြီးကိုလည်း စာရင်းပေးထားဖို့ ပြောခဲ့ပါတယ်။"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။
စာရင်းများကောက်ရာတွင် အမျိုးသား(၂၂)ဦး နှင့် အမျိုးသမီး (၁၃)ဦး စုစုပေါင်း (၃၅)ဦး စာရင်းရရှိကြောင်းနှင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များအားလုံးတွင် အမည်စာရင်းများ စုပေါင်းကောက်ယူပြီပါက ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆေးဖြတ်ပေးနိုင်ရန်အပြင် အလုပ်အကိုင်ပေးနိုင်ရေး၊ နေရပ်ပြန်နိုင်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။